Drug War (Final Chaptet)steemCreated with Sketch.

in #myanmar5 years ago

FB_IMG_1527335451652.jpg

Daily Reward ကတော့ ထိုသို့ တဖြည်းဖြည်း လျော့နေမှာပင် ဖြစ်၏။ ဤသည်မှာလည်း သူ့ Game ကို upgrade မလုပ် လုပ်အောင် လုပ်ထားခြင်း ဖြစ်၏။ မိမိ ထုတ်လုပ်လို့ ရသည့် Drug, Weapon, Alcohol များနှင့် upgrade လုပ်လျှင်လုပ်၊ သို့မဟုတ်လျှင် မိမိ steemit account ထဲမှ steem များနှင့် upgrade လုပ်ရုံသာ ဖြစ်၏။ Game ကို ဖန်တီးထားသူများ၏ idea လေးက ကောင်းလှ၏။ ရလိုက်၊ upgrade လုပ်လိုက်နှင့် မိမိ ရင်းထားသည့် အရင်း ပြန်ရဖို့က တော်တော်လေး ကြာသွားနိုင်၏။ အစကနဦးပိုင်း၊ အစောပိုင်းကတည်းက ဆော့ကစားထားသူများ ဆိုလျှင်တော့ အရင်းကျေဖို့က သိပ်မကြာနိုင်ပေ။ ယခုမှ စဆော့မည့် သူများ ဆိုလျှင်တော့ အရင်းကျေဖို့က အတော်လေး ကြာပေလိမ့်မည်။

ဆိုခဲ့သည့် အတိုင်း ဆော့ကစားသူ များလာသဖြင့် ပြန်လည် ခွဲဝေပေးသည့် reward ကလည်း တဖြည်းဖြည်း လျော့နည်းလာပြီကိုး။ မိမိ အရင်း ပြန်ရမှ နေ့စဉ် ရသည့် reward များနှင့် upgrade လုပ်မည် တွေးထားသော ကျနော့် အဖို့ Drug War ခရီးစဉ်က အတော်လေး ရှည်ကြာပေလိမ့်ဦးမည်။ အခြားသူများလိုလည်း ကျနော်က War တိုက်ရမှာကို စိတ်ဝင်စားမှုက သိပ်မရှိလှပေ။ War တိုက်ခြင်းအားဖြင့် Drug, Weapon, Alcohol များ တဖက် ရှုံးနိမ့်သူ ထံကနေ ရနိုင်၏။ ထိုသူ လက်ထဲ ထုတ်ထားသလောက်၊ ရှိသလောက် ကိုပေါ့။

တဖက်လူမှာ စစ်သား အများကြီး ရှိလျှင်သော် လည်းကောင်း၊ ခုခံအား ကောင်းလျှင်သော် လည်းကောင်း အနိုင်ရဖို့က မလွယ်လှပေ။ ထို့ပြင် တဖက်လူက သူ၏ Stores များ (Drug, Weapon, Alcohol များ သိမ်းထားရန် နေရာ) ၏ ထိန်းသိမ်း ထားနိုင်စွမ်းကို မြှင့်ထားပါက သွားသာ တိုက်လိုက်ပေမယ့် ဘာမှ မယ်မယ်ရရ များများစားစား ရမည် မဟုတ်ပေ။ Battle တွေ ဖွင့်ပေးလိုက်သည်နှင့် war တွေက အပြိုင်အဆိုင်ကို စတော့၏။ စစ်သား အင်အား နည်းသူ၊ စစ်သား မထုတ်ထားသူများ အတိုက်ခံရတော့၏။ တချို့ဆိုလျှင် မိမိရဲ့ account ကို ပြန်တောင် ၀င်မကြည့်ကြဘူး ထင်၏။ ဘာ စစ်သားမှကို ရှိမနေပဲ။

S90312-175823(1).jpg

ထိုကဲ့သို့သော် account လေးများကို target ထားပြီး တိုက်ကြ၏။ ကျနော်ကတော့ အစကတည်းက တိုက်ဖို့ အတွေးကို မရှိပေ။ mission တခု အနေနှင့် ပါနေသောကြောင့် မဖြစ်မနေ တပွဲလောက် တိုက်လိုက်ခြင်းသာ။ အစကနဦး ကတည်းက Drug ထုတ်လုပ်ခြင်းကနေသာ reward ပြန်ယူဖို့ တွေးထားခဲ့သည်ကိုး။ ဆော့ကစားသူ များလာသဖြင့် နေ့စဉ် Drug ထုတ်ပေးသည့် ပမာဏကလည်း များလာ၏။ Drug ထုတ်လုပ်မှု များလာခြင်းက မိမိ ပြန်ရမည့် reward ကို လျော့နည်း သွားစေသည် မဟုတ်လား။

အစပိုင်း လူနည်းတုန်းက စဆော့ဖြစ်ခဲ့လျှင် ထိုမျှလောက် အခြေအနေ ဆိုးမည် မထင်ပေ။ ခုတော့ ယခင် မိမိ တွက်ထားသည့် (၁၅) ရက်လောက်နေလျှင် အရင်းကျေမည် ထင်ထားခဲ့မှုသည် တက်တက်စင်အောင် လွဲတော့၏။ မည်သို့ပင် ဆိုစေ စမိမှတော့ ဆုံးခန်းတိုင်အောင် လုပ်ရပေတော့မည်။ မိမိ အရင်း ပြန်ရ ရမည်၊ ထိုမှတဆင့် မြတ်ရမည်ပေါ့။ လောလောဆယ်တော့ မြတ်ဖို့ထက် မိမိ အရင်း ပြန်ရဖို့ကို အရင်ဆုံး ဦးတည် မျှော်လင့်ရပေလိမ့်ဦးမည်။

Don Jaun

MSC 31

Sort:  

10ကျော်လောက်တော့ မြတ်နေပြီ
စစ်သားမရှိရင်တော့ လာတိုက်ယူရ ကောင်းမလား😁😁

Posted using Partiko Android

လုပ်နဲ့နော်

အစ်ကို ရင်းထားတာများလို့လား အရင်းကျေသင့်ပြီလေ။

Posted using Partiko Android

မများဘူး ရယ်
15 steem ပဲ။ ဆော့သူ များများလာတော့ ရတာ နည်းနည်း လာတာ 😁

ခုနောက်ပိုင်းတော့ မရင်းသင့်တော့တာအမှန်ပဲ ကိုဒွန်ရာ။
Reward အရမ်းနည်းသွားတယ်။

ဟုတ်ပ

အင်းသူများ​တွေက​တော့ဂိမ်းအ​ကြောင်း​ရေးကြပါရဲ့ ကိုယ်​ကကိုဝါသနာမထုံတာကခက်​တယ်

ယောင်ကြည့်တာပါ ဗျာ

ယခုအခါ ရန်သူ့အင်အားကို မမြင်နိုင်တော့သောကြောင့် တိုက်ပွဲနားထားပါသည်

အစကတည်းကကို မတိုက်တာ 😁

အတော်လေးတော့ မြတ်နေပြီဗျ

Posted using Partiko Android

စစ်​သားမရှိဘူးဟုလား ကိုယ်​​တွေက ​ချောင်း​နေတာ​နော်​ အဟွန်း

Posted using Partiko Android

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 62796.11
ETH 3045.55
USDT 1.00
SBD 3.85