Ill (Final Chapter)steemCreated with Sketch.

in #myanmar5 years ago

FB_IMG_1527335451652.jpg

ဆရာမ အိမ်ရောက်ပြီး ဆရာမကို မပင့်ခင် ကျနော်ကို့ ဆေးအရင်ထိုးလိုက်ဖို့ အမေက ပြော၏။ သို့နှင့် ကျနောက် ဆေးအရင် ထိုးလိုက်ပြီး အမေ့ကို ပြန်ပို့ပြီးမှ ဆရာမကို နောက်တခေါက် သွားပြန်ခေါ်ရ၏။ ဆရာမက ဆေးတခါထိုးတိုင်း (၂) ချောင်းထိုး၏။ အသားဆေးနှင့် အကြောဆေး။ ဖင်လည်း နာ၊ လက်လည်း နာပေါ့။ အမကို ဆေးထိုးပေးပြီးနောက် ဆရာမကို အိမ်ပြန်ပို့ပေး၏။ ထို့နောက် ကျနော်လည်း အစာစား၊ ဆေးသောက်ပြီး နားနေလိုက်၏။ အိပ်ပေမယ့် အိပ်လို့ မပျော်နေပေ။ နေ့လည် (၁) နာရီထိုးတော့ တူလေး ၊ တူမလေးတို့ကို သင်တန်းပို့ပေးရ၏။

နေမကောင်းပေမယ့် ပို့ပေးမည့်သူ မရှိသဖြင့် ကျနော်ပဲ ပို့ပေးရ၏။ ညနေလည်း ကျနော်ပဲ ကြိုပေါ့။ ဆေးထိုး၊ ဆေးသောက်ထားပြီး ကောင်းကောင်း မနားရပဲ နေပူထဲ ပို့လိုက် ကြိုလိုက်ဆိုတော့ အဖျားက မကြသွားပေ။ ညကလည်း ကောင်းကောင်း အိပ်မပျော်ပေ။ နောက်နေ့ မနက် အစာစားပြီး ဆေးသောက်၏။ သို့သော် ကိုယ်ပူက မကျပေ။ ကိုယ်လက် ကိုက်ခဲနေတာတော့ ပျောက်သွားပြီ ဖြစ်၏။ စာလည်း မရေးနိုင်ပေ။ ရှေ့ရက်များက ကြိုတင်ပြီး ရေးထားလို့သာ တော်သေး၏။ သို့နှင့် အမေက ဆေးထပ်သွားထိုးရန် ပြော၏။

ယခု နောက်ပိုင်း ဖျားခဲ၏။ သို့ပေမယ့် ဖျားလျှင်လည်း တော်တော်နှင့် မပျောက်ပေ။ ရှေ့တခေါက်တုန်းကလည်း ဆေး (၂) ရက် (၂) ခါ ထိုးလိုက်မှ ပျောက်၏။ ယခု အခေါက်မှာလည်း ထပ်သွားထိုးရမည် ဆိုတော့ ဆေး (၂) ချောင်းပေါ့။ ဒါပေမယ့် ယခု ဆရာမက တခါထိုးလျှင် (၂) ချောင်းဆိုတော့ (၄) ချောင်းတောင် ဖြစ်သွားပြီ ဖြစ်၏။ ညနေ ဆေးသွားထပ်ထိုးမည်။ သောကြာနေ့ ဖြစ်သဖြင့် တူမလေးက သင်တန်း မရှိ။ တူလေးပဲ ပန်းချီသင်တန်း ရှိ၏။ ထို ပန်းချီသင်တန်းကို မပို့တော့ဟု တွေးထား၏။ နားမှ ရမည်။

P90411-201414.jpg

တူလေးကို သင်တန်းမပို့တော့ပဲ ညနေ ဆေးသွားထိုးလိုက်၏။ ဆေးထပ်ထိုး လိုက်တော့ လူလည်း နည်းနည်းတော့ သက်သာသွား၏။ ညရောက်တော့ အဖျားက လုံးဝ မရှိတော့ပေ။ သို့ပေမယ့် လူကတော့ အားမပြည့်သေးပေ။ ကျနော်က သက်သာလာပေမယ့် ကျနော့် အမကတော့ ခုထိ လိမ်ဖယ်ဖယ်ပင်။ သူလည်း အဖျားတော့ ပျောက်ပြီ ဆိုပေမယ့် ချောင်းဆိုးက ကျန်သေး၏။ ထို့ကြောင့် ဆရာမနား ဆေးသွား ထပ်ထိုးမည် ဆို၏။ အကြိုနေ့ ဖြစ်နေပြီ ဆိုတော့ ရေက ပက်နေကြပြီကိုး။ ညနေဖက် (၆) နာရီ ကျော်လောက်မှ ဆေးထိုးပို့ပေးရပေလိမ့်မည်။

အမကို ဆေးထိုး ပို့ရင်း ကျနော့် အတွက် သောက်ဆေးပါ ထပ်တောင်းလာခဲ့၏။ အဖျားကြောင့်ပဲလား၊ ဆေးတွေကြောင့်ပဲလားတော့ မသိ ပါးစပ်က တော်တော်လေး ပျက်နေ၏။ ဘာစားစား အဆင်မပြေနေပေ။ ဆေးကလည်း သောက်ရမည် ဖြစ်သဖြင့် မစားလို့ကလည်း မရပေ။ အာသီသ ရှိနေတာလေးကိုများ စားလို့ ရမလားဆိုပြန်တော့ သင်္ကြန်တွင်းဆိုတော့ ဆိုင်တွေက မဖွင့်ဘူးကိုး။ ဒီနှစ် သင်္ကြန်ကတော့ အတော်လေး ဆိုးလှ၏။ ရှာကြံ တွေးကြည့်လိုက်လျှင်တော့ အခါကြီး ရက်ကြီး ဖျားဖူးသွားပြီပေါ့။

သင်္ကြန်မှ မဟုတ် သီတင်းကျွတ်မှာလည်း ဖျားဖူး၏။ ဖျားတာကတော့ မကောင်းပေ။ မဖြစ်မနေကို ဖျားရမည် ဆိုလျှင်တော့ နွေရာသီမှာ မဖျားချင်ပေ။ လူကပူ၊ နေကပူနှင့် အတော်လေး ဆိုးလှ၏။ ခုတော့ သက်သာနေပြီ ဖြစ်၏။ သင်္ကြန်တွင်းကြီး ဖျားရတယ်လို့၊ မလည်ရဘူးပေါ့ဟု ပြောစရာ ရှိ၏။ ဆိုခဲ့သည့်အတိုင်း ကျနော်က သင်္ကြန်မှာ လည်ပတ်တတ်သူမှ မဟုတ်ပေ။ ရေချိုး မပျင်းပေမယ့်၊ ရေကစားရတာကြီးကိုတော့ သိပ်မကြိုက်လှပေ။ မည်သို့ပင် ဆိုစေ ယခုတော့ သက်သာလာပြီ ဖြစ်သဖြင့် စာများလည်း ပုံမှန် ပြန်ရေးနိုင်တာ့မည် မဟုတ်ပါလား။ အားလုံးပဲ ကျန်းမာရေး ဂရုစိုက်ကြပါလို့။

Don Jaun

MSC 31

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by Don Jaun from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Congratulations @donjaun! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You published a post every day of the week

You can view your badges on your Steem Board and compare to others on the Steem Ranking
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Vote for @Steemitboard as a witness to get one more award and increased upvotes!

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.033
BTC 64223.84
ETH 3158.34
USDT 1.00
SBD 4.29