May be or not

in #myanmar5 years ago

t5n9axz4v5.jpg

တနေ့ တနေ့ အချိန် ကုန်လွန်တာကလည်း မြန်သလိုလိုပင်။ ဘာမှ မလုပ်လိုက်ရဘဲ အချိန် ကုန်သွားသလို ခံစားနေရ၏။ ခုလိုကြတော့ တနေ့ (၂၄) နာရီက နည်းနေသလိုလိုပင်။ လုပ်ဆောင်စရာ ကိစ္စ၊ လုပ်ငန်း ဆောင်တာများကြား လုံးပန်း နေရင်း အနားယူဖို့တောင် မေ့နေခဲ့ရ၏။ ဘယ်လောက်ပဲ အလုပ်များများ steemit မှာ စာရေးတင်ဖို့ကိုတော့ မမေ့ပေ။ ထိုအရာသည်လည်း နေ့စဉ်လုပ်ဆောင်ရမည့် လုပ်ငန်း တာဝန် တခုပင် မဟုတ်လား။

တလောက HF 21 ကြောင့် စာရေးမတင်လိုက်ရသည့် ရက် ရှိခဲ့ဖူး၏။ ထို့နေ့က တော်တော်လေးကို နေရခက်၏။ စိတ်ထဲမှာ မရိုးမရွနှင့် တခုခု လိုနေသကဲ့သို့ ခံစားရ၏။ နောက်ရက် စာပုံမှန် ပိုစ့်ပုံမှန် ပြန်တင်လို့ ရမှ လူလည်း နေသာထိုင်သာ ပြန်ဖြစ်သွားတော့၏။ steemit ၏ ဆွဲအားက အတော်လေး ကောင်းလှ၏။ ခုလို ဖြစ်နေသည်မှာ အတော်လေး ကြာသွားပြီ ဖြစ်၏။ ပြောရလျှင် ဈေးတွေ စမကျမီကတည်းကဟုပင် ပြောလို့ ရ၏။ တနေ့ တနေ့ ဘယ်လောက် အလုပ်များများ၊ အလုပ်ရှုပ်ရှုပ် ပိုစ့် တခုတော့ မရရအောင် ရေးပြီး တင်ဖြစ်၏။

ယခင်က Facebook စွဲသည့် ကျနော် ယခုတော့ steemit ကို စွဲနေပြီဟု ပြောလို့ရ၏။ စွဲလန်းတာ မကောင်းဘူး ဆိုပေမယ့် ခုလို steemit ကို စွဲလန်းနေမိတာလေးကြပြန်တော့ ကောင်းသလိုလိုပင်။ အကျိုး ပိုများ ပိုထူးသည် မဟုတ်လား။ ပိုစ့်တင်ခြင်းဖြင့် reward များ ပြန်ရသလို စာရေးချင်သူများအတွက်လည်း လက်သွေးပြီးသား ဖြစ်သည် မဟုတ်လား။ HF 21 လွှင့်တင်ပြီးနောက်ပိုင်းမှာတော့ steemit မှာ ယခင်လောက် လူ မများတော့ပေ။ ကျနော်တို့ MSC မှာဆိုရင် HF 20 လောက်ကတည်းက လူတွေ မရှိတော့ခြင်း ဖြစ်၏။ တိတိကျကျ ပြောရလျှင် ဈေးများ စကျ သွားပြီး ချိန်က စသည်ဟု ပြောလို့ ရမည် ထင်၏။

ယခုများ ကျနော်တို့ MSC မှာ active ဖြစ်သူက လက်ချိုး ပြီး ရေလို့ ရမည် ထင်၏။ တကယ့်ကို နည်းနည်းလေးသာ ကျန်တော့၏။ ဈေးကျသွားလို့လား၊ မအားဘဲ မအားကြလို့လားရယ်တော့ မသိပေ။ အချို့ကိုတော့ Steemit ပေါ်မှာသာ ရင်းနှီးသဖြင့် ဘာတွေ လုပ်ပြီး ဘာတွေကြောင့် steemit ကနေ ပျောက်သွားရသည်ကို မသိပေ။ အချို့ကိုတော့ steemit အပြင် facebook မှာပါ ခင်မင်သဖြင့် ဘာကြောင့် မရေးဖြစ်သည် ဘာကြောင့် မတင် ဖြစ်သည်ကို သိရ၏။

ဘာပဲ ဖြစ်ဖြစ် မည်သို့ပင် ဆိုစေ တချိန်ချိန်မှာတော့ ထိုပျောက်နေသူများ၊ နားနေသူများ ပြန်လာကြလိမ့်မည်ဟု မျှော်လင့်မိ၏။ ထိုအကြောင်းကိုလည်း ပြောပြ၊ ရေးသား လာခဲ့သည်မှာ တော်တော်လေး များနေခဲ့ပြီ ဖြစ်၏။ ရေးစရာ အစရှာမရတိုင်း ခုလိုမျိုး မကြာမကြာ ရေးဖြစ်ခဲ့သည်မဟုတ်လား။ ကျနော့် ပိုစ့်အတော်တော်များများ လိုက်ဖတ်ဖူးသူများကတော့ သိကြပေလိမ့်မည်။ ဈေးများတုန်းကလိုမျိုး လူအများ စည်စည်ကားကားနှင့် ဖြစ်ချင်၊ ရှိချင်လှ၏။ ယခင်လို တရုန်းရုန်း တပြုံးပြုံးနဲ့ပေါ့။

Don Jaun

MSC 31

Coin Marketplace

STEEM 0.32
TRX 0.12
JST 0.034
BTC 64837.84
ETH 3174.86
USDT 1.00
SBD 4.17