May be or not (Final Chapter)

in #myanmar5 years ago

t5n9axz4v5.jpg

ထို ၀ပ်ရှော့က ဆရာနား ph တောင်းဆက်ဖို့ ဖြစ်၏။ ဒီနေ့မှ ကျနော်က phone ကော၊ ပိုက်ဆံ အိတ်ကော မထည့်လာမိဘူးလေ။ (အစောက ဆိုင်မှာ ဖာဖြစ်၊ ပြင်ဖြစ်ရင်တောင် ပြင်နေတုန်း အမကို ခေါ်ဖို့ phone တောင်းဆက်ရမည် ဖြစ်၏) အသိ ၀ပ်ရှော့ကနေ phone ဆက်ပြီး အမကို လှမ်းခေါ်လိုက်၏။ ၀ပ်ရှော့ ဆရာက ပိုက်ဆံ မပါရင် ယူလေ လို့တော့ ပြော၏။ ကျနော်က အမကို ခေါ်ထားလိုက်ပြီ ဖြစ်ကြောင်း၊ ထို့ပြင် တူလေးကိုလည်း အမ ခေါ်သွားလို့ ရအောင် ဆိုပြီး ပြောဆို ရှင်းပြလိုက်၏။

တအောင့်နေတော့ အမ ရောက်လာ၏။ သူ့ထံက ပိုက်ဆံ (၅၀၀၀) ထောင် ယူပြီး ဘီးဖာဆိုင်သို့ ဆက်တွန်းသွားရ၏။ အစောက ဆိုင်မရလို့ နောက် တဆိုင်ပေါ့။ တွန်းပြန်ဦးပေါ့လေ။ ဘီးဖာဆိုင် ရောက်၏။ သေချာတာ ကျွတ်တော့ လဲရမည် ထင်၏။ ကျနော့်အထင် မှန်၏။ မှန်တာထက်ကို ပို၏။ ကျွတ်တင် မဟုတ် တာယာပါ ပွင့်သွားခြင်း ဖြစ်၏။ ကံကောင်းပုံ ပြောပါတယ်။ သို့နှင့် ဘီးဖာဆို်င်က အကို တယောက်နားက phone ငှားပြီး အမကို phone ခေါ်ရပြန်၏။ တာယာကော လဲရမှာဆိုတော့ ပိုက်ဆံက မလောက်ဘူးလေ။

ဒီနေ့မှာပဲ ဆိုင်ကယ်က တော်တော်လေး ကျီစယ်လှ၏။ နေ့လည်က ဆိုင်ကယ် အင်ဂျင်ဝိုင်နှင့် အင်ဂျင်ဘေး သံအကာလေး ၀ယ်တပ်ထားသေးသည်ကိုး။ ဒီနေ့တော့ သူ့အတွက် တော်တော် အကုန်အကျ များရပြီ။ မတောင်းတာ ကြာပြီဆိုပြီး ချီးကျူးနေမိခါမှ တောင်းမည့် တောင်းတော့ အချီကြီးကို တောင်းတော့၏။ နေ့လည်က တသောင်းလောက် ကုန်ပြီးပြီ။ ခု တာယာနှင့် ကျွတ် (၂) ခုပေါင်း နှစ်သောင်းလောက် ထပ်ကုန်လေပြီ။ အားလုံး ပြီးစီးတော့ အိမ်သို့ ပြန်ပေါ့။

u584pa62p1.jpg

လမ်းမှာ ဆိုင်ကယ် မောင်းရင်း တွေးလာနေမိ၏။ အင်း … ထီ မပေါက်လို့ ဘီးပေါက်တာနေမယ်။ ထီက မပေါက်ဆို ထိုးမှ မထိုးထားဘဲ။ အင်း ဒီနေ့ (၃၀) နက်ဖြန် (၁) ရက်နေ့ဆိုတော့ ထီလေး ဘာလေး ထိုးရင် ကောင်းမလားပဲ။ မတော်တဆ ထီများ ပေါက်နေမလား။ ခု ဘီးပေါက်တာက အကြို ဖြစ်နိုင်၏။ ၀က်ခြံလည်း ပေါက်ဖူးပြီးပြီ၊ အီးလည်း ပေါက်ဖူးပြီးပြီ၊ ဘီးလည်း ပေါက်ဖူးပြီးပြီ သို့ပေမယ့် ထီတော့ မပေါက်ဖူးသေးပေ။ ထို့ကြောင့် ထီတော့ ပေါက်ချင်လှ၏။

အောင်ဘာလေ မပေါက်လျှင်တောင် အခြား အရာ တခုခုတော့ မဖြစ်မနေကို ပေါက်လိုလှ၏။ ဥပမာ အချစ်ထီလေး ဖြစ်ဖြစ်ပေါ့။ ဟုတ်လောက်သည်။ ခုလို တာယာပါ ပွင့်သည်အထိ ဖြစ်ရခြင်းသည် နမိတ်ပြ ဖြစ်နိုင်၏။ အချစ်တွေ ပေါက်ကွဲ ထွက်လာဖို့ တာဆူနေခြင်း ဖြစ်မည်။ ကိုယ့်အချစ်တွေကို ဖွင့်လှစ်ပြဖို့ တစုံတယောက်ကိုတော့ ရှာဖွေဖို့ လိုလာပြီ ဖြစ်၏။ ထို့ကြောင့် ဆိုင်ကယ် ဘီးပေါက်ခြင်းကို အကြောင်းပြုပြီး ထီထိုးခြင်းနှင့် ချစ်သူ ရည်စားထားခြင်း အမှုကို တပြိုင်နက်ထဲ လုပ်ဆောင်ဖို့ ကျနော် ဆုံးဖြတ်ထား၏။

တခု ရှိသေးသည် ကျွတ်ကိုတော့ ပေါက်သည်ဟု သုံးနှုန်းကြပေမယ့် တာယာကိုတော့ ပေါက်အစား ကွဲသည်ဟု သုံးကြသေးသည်ကိုး။ တော်နေကြာ အသည်းများ ထပ်ကွဲနေဦးမည်လား မသိပေ။ အင်း … ရည်းစား မရခင် ကတည်းက အသည်းက ကွဲနေရဦးမည် ဆိုလျှင်တော့ မကိုက်လှပေ။ ထီပဲ ပေါက်မလား၊ ရည်းစားပဲ ရမလား သို့မဟုတ် ရည်းစားလေး ခဏ ရပြီး အသည်းပဲ ထပ်ကွဲရလေဦးမလား …..

Don Jaun

MSC 31

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Congratulations @donjaun! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You published a post every day of the week

You can view your badges on your Steem Board and compare to others on the Steem Ranking
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Vote for @Steemitboard as a witness to get one more award and increased upvotes!

Coin Marketplace

STEEM 0.33
TRX 0.11
JST 0.035
BTC 67020.94
ETH 3270.13
USDT 1.00
SBD 4.62