Now FeelingsteemCreated with Sketch.

in #myanmar5 years ago

FB_IMG_1527335451652.jpg

ယခု ရက်ပိုင်းက ယခင်ကထက် အလုပ်များ၊ အလုပ်ရှုပ်နေသလို ခံစားနေရ၏။ ကလေးတွေက စာမေးပွဲနား နီးလာတာလည်း ပါ၏။ သူတို့အတွက် ဘာတွေ ထပ်လုပ်ပေးနိုင်မလဲ တွေးရ၏။ လုပ်ပေးရ၏။ ကိုယ်ကသာ လုပ်ပေး၊ ပူပေးနေတာ သူတို့က တကယ့်ကို အေးဆေးပင်။ ဒါလည်း တမျိုးတော့ ကောင်းပါ၏။ တခုပဲ စာတွေ ရေနေ၊ ပိုင်နေလို့ အေးဆေး နေတာဆိုလျှင်တော့ ကောင်းပါ၏။ တနှစ် တနှစ်က လွယ်လှသည် မဟုတ်ပေ။ အချိန်အား၊ ငွေအားဖြင့် တွက်လျှင် နှမြောဖို့ကောင်းသည် မဟုတ်လား။

စာသင်တဖက် တူတော်မောင် ကျောင်းကြို ပို့ တဖက်နှင့် အားလပ်ချိန်က မရှိသလောက်ကိုပင် နည်းလှ၏။ အချို့အဆောင်များက စာမေးပွဲနား နီးသဖြင့် အချိန် အပြောင်းအလဲများ လုပ်သောကြောင့် ကမောက် ကမကလည်း ဖြစ်ရသေး၏။ ပင်ပန်းရသည့် အချိန်ကာလများဟု ဆိုလို့ ရ၏။ ဒီထက်ပိုဆိုးတာက steem ဈေးကလည်း ကျောက်ချထားသည့် အလား တုတ်တုတ်မှကို မလှုပ်ပေ။ သွေးအေးလွန်းသော၊ ရက်စက်လွန်းသော steem ပါပေ။ steem တခုတည်း ဈေးကျတာမှ မဟုတ်ပဲ ဆိုပေမယ့် အနှီ steem ဈေးက ကျနေပြီးကတည်းက ခုထိ ပြန်မတက်လာတာ ဘယ်လောက်ထိများ ကြာသွားပြီလဲ။ တခါသားမျှ ယခုလို အချိန်အကြာကြီး ဈေးမကျနေဖူးဘူးကိုး။

Steem ဈေးကျနေသောကြောင့် ရှိသည့် steem ထုတ်ရောင်းမရလို့ ထပ်ဝယ်ပြီး စုထားရင်ကောင်းမလား ဆိုပြန်တော့လည်း မိမိ ထံတွင် ငွေပိုငွေလျှံက မရှိနေပြန်။ ယခု စာသင်နှစ်သည် အတော်လေး ကသီ၏။ ဒုက္ခများ၏။ ရင်မောရ၏။ အနည်းငယ်အကြပ်အတည်း ဖြစ်ချိန်မှာ ထောက်ကန်ပေးသည့် အနှီ steem ကိုယ်တိုင်က အခြေအနေ မကောင်းသောကြောင့် ကိုယ်တွေခဗျာမှာ ငုတ်တုတ်မေ့နေရတော့၏။ online currency ကတော့ ဒီလိုပဲ ဖြစ်နေကြ၊ ဖြစ်နေမှာပါပဲလေ ဟု ဖြေတွေးလည်း တွေးနေရ၏။ အကြာကြီး ဈေးကျနေသောကြောင့် တချိန်ချိန်မှာ ပြန်တက်လာပါလိမ့်မည်ဆိုပြီးတော့ မျှော်လင့် စောင့်စား နေရ၏။

1_G2WAemZCqwmJ8O1sIaknKA (1).png
photo from Google

ထူးခြားတာကတော့ ဈေးကနည်းမှပဲ ရေးလို့က ကောင်းနေသလို ခံစားနေရ၏။ တနေ့ တနေ့ ရေးရေးနေတာ ပုံမှန်ကို ဖြစ်လို့။ ကိုယ့်ကိုလည်း အတော်လည်း ဟုတ်နေသလို ပင်။ နေ့စဉ် ရေးနိုင်ပေမယ့် ရေးသည့် ပိုစ့်တိုင်းက မကောင်းပေ။ နေ့စဉ် ပိုစ့် ရေးနိုင်ဖို့ ဦးတည်ထားသဖြင့် ပိုစ့်ကောင်းများ နည်းလာနိုင်၏။ အရေအတွက်ကို ဦးစားပေးလိုက်သဖြင့် အရည်အသွေးပိုင်းမှာတော့ အနည်းငယ် (သို့မဟုတ်) အတော်များများ လျော့သွားနိုင်၏။ ထိုအချက်ကတော့ ကျနော် ပြန်လည် ပြင်ဆင် သုံးသပ်ရမည့် အချက် ဖြစ်၏။ နေ့စဉ် ရေးနေသည့် ပိုစ့်များက သိပ်အကောင်းကြီး မဟုတ်တောင် အညံ့ကြီးလည်း ဖြစ်နေလို့ မဖြစ်ပေ။ ဤအချက်ကိုတော့ သေသေချာချာလေး ပြင်ဆင်ရပေလိမ့်မည်။

ရှိသည့် ရသည့် အားလပ်ချိန်များထဲမှ အချို့ကို စာဖတ်ဖို့ လုပ်ရပေဦးမည်။ ယခုတလော ကျနော် စာ မဖတ်ဖြစ်တာ အတော်လေး ကြာပြီ ဖြစ်၏။ စာပြန်ဖတ်မှ ရမည်။ စာပြန်ဖတ်ရမည်၊ ပိုစ့်ရဲ့ အရည်သွေးကို ထိန်းထားနိုင်ရမည်။ ထို (၂) ချက်ကတော့ steem နှင့် ပတ်သက်ပြီး မဖြစ်မနေ ပြန်လည် ပြင်ဆင် လုပ်ဆောင်ရမည့် အချက်များ ဖြစ်၏။ ရက်ပိုင်းအတွင်း ကိုဟင် မင်္ဂလာ ဆောင် သွားရဦးမည် ဖြစ်သဖြင့် ထိုရက်များအတွက်လည်း ပိုစ့်များ (စာများ) ကြိုတင်ရေးထားရပေဦးမည်။ ကြို မရေးထားလျှင် ထိုရက်များတွင် ကျနော် ပိုစ့်တင်နိုင်မည် မဟုတ်ပေ။

ခရီးသွားမည့် ကာလများ ရှိလျှင် စာကြို ရေးထားသည့် အလေ့အကျင့်ကိုလည်း steemit သုံးပြီးနောက်ပိုင်းမှာ မွေးမြူလေ့ကျင့်ခဲ့ခြင်း ဖြစ်၏။ တချို့အကျင့်များက မွေးမြူ လေ့ကျင့်ထားမှ ရ၏။ ထိုသို့မှ မလုပ်လျှင် ပျောက်သွား မေ့သွားတတ်၏။ မည်သို့ပင် ဆိုစေ နေ့စဉ်စာရေးပြီး နေ့တိုင်းတော့ ပိုစ့်တင်နေဦးမည် ဖြစ်၏။ အရည်အသွေးကောင်းသည့် ပိုစ့်များ ပြန်လည် ရေးနိုင်ရမည်ဟု မိမိ ကိုယ်ကို အားတင်း၊ အားပေးရင်း …..

Don Jaun

MSC 31

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by Don Jaun from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.033
BTC 64104.40
ETH 3148.52
USDT 1.00
SBD 4.25