Steemit Thought (Chapter 5)steemCreated with Sketch.

in #myanmar5 years ago

FB_IMG_1527335451652.jpg

Positive လည်း လိုအပ်သလို Negative လည်း လိုအပ်သည် မဟုတ်လား။ သို့မှသာ ပြီးပြည့်စုံ၊ ကောင်းမွန်သော စနစ်တခု ဖြစ်လာ၊ ရလာ မည် မဟုတ်လား။ ဆရာ၏ ထိုစကားကို ကြားသိ မှတ်သားရပြီးချိန်မှ စပြီး Negative sense လွန်ကဲသူများကို ယခင်လောက် အဆိုးမမြင်တော့ပေ။ ထို့ပြင် တခါတလေ Positive အတွေးမှ Negative အတွေးများသို့လည်း ပြောင်းလဲ တွေးတော မိဖြစ်၏။ ဒီကိစ္စ ကိုယ်မျှော်လင့်ထားသလို မဖြစ်လာရင်ကော ဆိုသည့် Negative အတွေးကြောင့် နောက်ထပ် လိုအပ်သည့် အစီအစဉ်များကိုလည်း ပြင်ဆင်ထားလိုက်လို့ ရသွား၏။

Plan A အဆင်မပြေလျှင် Plan B ပေါ့။ အရာအားလုံး အမြဲတမ်း အဆင်ပြေနေဖို့က မည်သည့် နည်းနှင့်မျှ မဖြစ်နိုင်ပေ။ ကောင်းတလှည့် ဆိုးတလှည့်ကတော့ ရှိနေမည်မှာ အသေအချာပင်။ ဤသည်ပင် လောက သဘာဝ မဟုတ်လား။ ဆရာ၏ ထိုစကားကို မှတ်သားခွင့် ရခဲ့ပြီးနောက် ကျနော်၏ နောက်ပိုင်း တွေးခေါ်ပုံများ၊ လုပ်ဆောင်ပုံများကို များစွာ ပြောင်းလဲမှု ရှိစေခဲ့၏။ ကောင်းသော ပြောင်းလဲခြင်းမျိုး ဖြစ်၏။ တခုခု လုပ်တော့မည် ဆိုလျှင် တဖက်တည်းက မဟုတ်ပဲ အဖက်ဖက်ကနေ စဉ်းစားပြီးမှ သေချာ ဆုံးဖြတ် ဖြစ်တော့၏။ သေသေချာချာ ထောင့်စေ့အောင် စဉ်းစားပြီးမှ လုပ်သဖြင့် အမှားကင်းသွား၏။ မတော်တဆ မှားခဲ့လျှင်တောင် အမှားနည်း၏၊ ခံသာ၏။

ထိုအတွေးကို စာပေ ရေးသား ရာမှာလည်း သုံးဖြစ်၏။ Steemit ပေါ်တွင် လျှောက်လှမ်းချိန်မှာလည်း သုံးဖြစ်၏။ အလွယ်အားဖြင့် Steem ဈေးတက်လျှင် ဘာလုပ်မည်၊ ဈေးကျလျှင် ဘာပြန်လုပ်မည်ပေါ့။ အဆုံးစွန် အဖြစ် မတော်တဆများ Steemit ကြီး scam သွားလျှင် ဆိုသည့် အတွေးမျိုးအထိ တွေးထားပြီး ပြီ ဖြစ်၏။ Positive အတွေးတွေကိုတော့ ချပြနေစရာ လိုမည် မထင်ပေ။ ကောင်းမွန်သည့် အတွေးမျိုးကိုတော့ သူသူငါငါ တွေးကြတောကြမည်မှာ မလွဲပေ။ Steemit ပေါ်မှာ လျှောက်လှမ်းလာခဲ့သည့် အချိန်ကာလအတွင်း တိုးတက် ပြောင်းလဲမှုများ၊ အသိမိတ်ဆွေများ တိုးလာခဲ့၏။

1_G2WAemZCqwmJ8O1sIaknKA (1).png

အသိဗဟုသုတများ၊ သတင်းအချက်အလက်များ ပိုမို သိရှိခွင့် ရခဲ့၏။ ထို့ပြင် မိမိကိုယ်ကိုလည်း သုံးသပ် ဖြစ်၏။ ငါဘာတွေ လိုနေတယ်၊ ငါဘာတွေ ပြင်ဆင်ရမယ် အစရှိသဖြင့်ပေါ့။ ဆက်လက် လုပ်ဆောင်မည့် ကိစ္စရပ်များတွင်လည်း တွန်းအားများ ရခဲ့၏။ အဓိကက မျှော်လင့်ချက်၊ အိပ်မက်များနှင့် ပတ်သက်ပြီး ယခင်ထက် ပိုမို ထက်သန် ပြင်းပြလာခဲ့ခြင်း ဖြစ်၏။ ထိုအိပ်မက်များကို အကောင်အထည် ဖော်ဖို့လည်း အစီအစဉ်များ ချမှတ်ပြီး လုပ်ဆောင် ဖြစ်လာ၏။ အောင်မြင်မှု ရဖို့ကတော့ အချိန်ကို စောင့်ရပေလိမ့်ဦးမည်။ အောင်မြင်ပြီးလျှင်လည်း ထိုအောင်မြင်မှုကို ထိန်းထားနိုင်ဖို့ လည်း လို၏။ အောင်မြင်အောင် လုပ်ဖို့က သိပ်မခက်လှပေ။ ထိုအောင်မြင်မှုကို ရေရှည်တည်တံအောင် ထိန်းထားနိုင်ဖို့ကတော့ ခက်လှ၏။

လူတိုင်း နီးပါး အောင်မြင်လိုကြ၏။ လူတိုင်းတော့ မအောင်မြင်သွားကြပေ။ အချို့ အောင်မြင်သွား၏။ သို့ပေမယ့် ခဏတာသာ။ အချို့ကတော့ ထိုအောင်မြင်မှုကို ကြာကြာ ဖန်တီး ဖော်ဆော်ထားနိုင်၏။ သူတို့တွင် အမြင့်မှာ ကြာကြာနေနိုင်သည့် နည်းလမ်းကောင်းများ ရှိကြ၏။ သေချာတာတခုကတော့ သူတို့မှာ အခြားသူများနှင့် မတူသည့် အတွေးအမြင်များ ရှိနေမှာကတော့ အသေအချာပင် ဖြစ်၏။

ဆက်ပါဦးမည်

Don Jaun

MSC 31

Sort:  

အပေါင်းအနုတ် ဖိုမသဘာဝ ဆန့်ကျင်ဘက်သဘောတရား ညီညွတ်မျှတရင် အကျိုးရှိလောက်မှာပါ

Posted using Partiko Android

အမှန်ပဲ ကိုဟိန်းရေ

အောင်မြင်မှုရဲ့လျှို့ဝှက်ချက်ပေါ့ ကိုဒွန်

ဟုတ်

ဘယ်​အရာ မတည်​မြဲ........... ​ဖောက်​လွှဲ​ဖောက်​ပြန်​......
သီချင်းဆိုတာ ☺ ☺ ☺

ကဲ ဆက်ဆို လိုက်ရအောင် 😁

positive နဲ့ negative အမြင်နှစ်မျိုးလုံးကို မြင်ထား/တွေးထားပြီး ဆောင်ရွက်ခြင်းဖြင့် ပိုမိုပြည့်စုံသော လုပ်ဆောင်မှုတွေ/အချက်အလက်တွေဖြစ်လာမည်ကို ရေးသားပြောပြထားတာ အရမ်းနှစ်သက်ပါတယ်အစ်ကို။ဒီလိုအတွေးအမြင်တွေရှိမှသာ မိမိတို့အောင်မြင်မှုပန်းတိုင်အတွက်များစွာ အထောက်အကူပြုမှာ ဖြစ်တဲ့အကြောင်း ထောက်ပြထားတာ စာဖတ်သူ အားလုံးအတွက် တန်ဖိုးရှိသော post ကောင်းလေးတစ်ခုပဲ ဖြစ်ပါတယ်ခင်ဗျာ။

ကျေးဇူးပါဗျ

အမြင်နှစ်မျိုးဖြင့်မှက်၏
ထွက်လေ ဝင်လေမှက်၏
Steemiteသုံးရင်း အကျနုပ်လည်း တရားရသွားလေ၏
ဟီး😁😁

Posted using Partiko Android

ဟုတ်ပ

Coin Marketplace

STEEM 0.34
TRX 0.11
JST 0.034
BTC 66344.62
ETH 3214.81
USDT 1.00
SBD 4.37