Steemit Thought (Chapter 6)steemCreated with Sketch.

in #myanmar5 years ago

FB_IMG_1527335451652.jpg

ထောင့်စေ့အောင် တွေးနိုင်ဖို့ ဆိုသည်မှာ တကယ့်တကယ်မှာတော့ မလွယ်တဲ့ ကိစ္စ ဖြစ်၏။ Steemit မှာ စာရေးသား နိုင်ဖို့က ထိုမျှလောက်ထိ ထောင့်စေ့နေဖို့ မလိုပေ။ ထိုမှတဆင့်တက်ပြီး professional စာရေးဆရာ တဦး အဖြစ် လျှောက်လှမ်းလိုသည် ဆိုလျှင်တော့ တမျိုးပေါ့။ မည်သို့ဆိုစေ ထောင့်စေ့အောင်တွေး၊ ထောင့်စေ့အောင် လုပ်တတ်သည့် အကျင့်ကိုတော့ သေချာ မွေးမြူ ပျိုးထောင်ထားဖို့ လို၏။ အကောင်းဆုံးတွေကို လုပ်ဆောင်ပြီး အဆိုးဆုံး အခြေအနေအတွက်လည်း ပြင်ဆင်ထားဖို့ လို၏။

စာပေ ရေးသားခြင်းနှင့် ပတ်သက်ပြီးတော့ ဘယ်လို ဘယ်ညာဆိုပြီး မပြောလိုလှပေ။ အဘယ်ကြောင့်ဆိုသော် ကျနော် ကိုယ်တိုင်လည်း လေ့လာနေဆဲ အဆင့် သာ ဖြစ်၏။ မတောက်တခေါက်လေး ရေးတတ်သည် ဆိုရုံလောက်သေးသာ ရှိသေး၏။ ယခင် ကလည်း စာပေရေးသားခြင်းနှင့် ပတ်သက်ပြီး တတ်ယောင်ကား လုပ်ပြီး တင်ထားသည့် ပိုစ့်အနည်းငယ်တော့ ရှိခဲ့ဖူး၏။ အမှန်တော့ ဒီအတိုင်း ကျနော့် နည်းလမ်းလေးတွေကို ဖောက်သည်ချခြင်းသာ ဖြစ်၏။ စာကောင်းတပုဒ် ဖြစ်ဖို့ အတွေး၊ တင်ပြပုံသာမက ရိုးသားမှုရှိဖို့လည်း လိုသေး၏။

ဘယ်သူကများ လိမ်ပြီး ရေးနေလို့လည်း ဆိုပြီး မေးစရာ ရှိ၏။ ထိုသို့ ဆိုလိုခြင်း မဟုတ်ပေ။ မိမိရေးသည့် အကြောင်းအရာ၊ မိမိကိုယ်ကို နှင့် ပတ်သက်ပြီး ရိုးသားဖို့ ဖြစ်၏။ သိလျှင် သိသည်၊ မသိလျှင် မသိဘူး အစရှိသဖြင့် အရှိကို အရှိအတိုင်း ရိုးရိုးသားသား တင်ပြတတ်ဖို့ လို၏။ ကျနော်၏ တချို့တချို့သော ပိုစ့်များသည် စာ ဖြစ်ရုံ၊ ပိုစ့် ဖြစ်ရုံလောက်လေးသာ ရေးတင်ခဲ့ခြင်းဖြစ်သည်ကို ကျနော် ၀န်ခံ ရပေလိမ့်မည်။ တခါတလေ အချိန် အခန့်မသင့်၊ အချိန် မလုံလောက်သည့် အခါမျိုး၌ စာ မြန်မြန် ပြီးအောင်၊ စာ မြန်မြန် ပြည့်အောင် ရေးသားခဲ့၏။ အခြားသူများ မသိပေမယ့် မိမိကတော့ သိ၏။ အဘယ်ကြောင့်ဆိုသော် ပြန်ဖတ်ကြည့်ချိန်၌ အရသာ အားဖြင့် ကွာနေသောကြောင့် ဖြစ်၏။

1_G2WAemZCqwmJ8O1sIaknKA (1).png
photo from Google

အကြောင်းအရာမှ မတူတာ၊ ဘယ် အရသာတူမှာလဲ လို့တော့ ပြောစရာ ရှိ၏။ မှန်သင့်သလောက်တော့ မှန်၏။ သို့သော် အကြောင်းအရာ မတူပေမယ့်လည်း sense (ခံစားသက်ဝင်စေမှု) တနည်းအားဖြင့် စာရေးသူ၏ အာဘော်ကတော့ တူနေရမည်။ တူသည် ဆိုရာ၌ အရည်အသွေး တူနေရမည်ကို ဆိုလိုခြင်း ဖြစ်၏။ တန်း တူနေဖို့ လို၏။ ယခင်ရေးတုန်းက တမျိုး၊ ခုတမျိုး ဖြစ်နေလို့ အဆင်မပြေပေ။ တည်ငြိမ်သော ပုံစံ တခုကို ပြသ၊ ထိန်းထားနိုင်ဖို့ လို၏။ မိမိရဲ့ ပုံစံ (image) က ဒီလို၊ ဒီလို ရေးထားတာလေးကို ဖတ်လိုက်ရုံနှင့် ဒါမိမိဆိုတာကို စာဖတ်သူက သိသွားဖို့ လို၏။

ဤသို့ တည်ဆောက်နိုင်ခဲ့လျှင် pro ကျသော် စာရေး ဆရာ တယောက် ဖြစ်လာမည့် လမ်းကြောင်းပေါ်သို့ ရောက်လာပြီ ဟု ပြောလို့ရ၏။ မိမိစာကို ဖတ်ကြည့်လိုက်ရုံလေးနှင့် မိမိမှန်း သိသွားနိုင်ဖို့ ဆိုသည်မှာ တကယ့် တကယ်ကျ လွယ်သည့် ကိစ္စ မဟုတ်ပေ။ ထိုသို့ လုပ်ပြနိုင်ခဲ့ ဖြစ်သွားခဲ့ပြီ ဆိုလျှင်လည်း စာပေရေးသားခြင်းသည် မိမိအတွက် အခက်အခဲ မရှိသော အရာတခု ဖြစ်သွားမည် ဖြစ်၏။ စာဆိုကျော် ဦးပုည စကား ယူသုံးရသော် ကဗျာဥာဏ် အာဘော်ကလည်း ကလော်တိုင်း ထွက်သောကြောင့် ဆိုသလိုပေါ့။

ဆက်ပါဦးမည်

Don Jaun

MSC 31

Sort:  

Steemit မှာ ပို့စ်တင်ဖို့ကတော့ အတွေးတစ်ခု လက်သွားရင် ရပါပြီ😁

Posted using Partiko Android

ကဗျာ့ဥာဏ်အာဘော်က ကလော်တိုင်း မထွက်တာခက်သဗျ

ဟုတ်ပ

ကျွန်​​တော်​ဆို ပိုဆိုး သတ်​ပုံ​တောင်​မမှန်​ ☺ ☺ ☺ ☺

ကျနော်လည်း မှားပါ့

Congratulations! This post has been upvoted from the communal account, @minnowsupport, by Don Jaun from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.035
BTC 65090.19
ETH 3379.11
USDT 1.00
SBD 4.55