Tired (Credit Sense)steemCreated with Sketch.

in #myanmar5 years ago

FB_IMG_1527335451652.jpg

အသိအကို၏ laptop ကိစ္စပြီးတော့ အေးအေးဆေးဆေး နားရပြီပေါ့။ မဟုတ်ပေ။ နောက်ထပ် ကိစ္စတခု ထပ်ပေါ်လာ၏။ တခြား မဟုတ် ပင်လောင်းက ကျနော့် အမ၏ သူငယ်ချင်း ရောက်လာသောကြောင့် ဖြစ်၏။ ထိုအမက ဆရာမ ဖြစ်၏။ ပင်လောင်းမှာ တာဝန်ကျနေခြင်း ဖြစ်၏။ အမျိုသားနှင့် သား (၂) ယောက် (အမွှာ) ကတော့ မိုင်းဆတ်မှာဖြစ်၏။ သူ့အမျိုးသားကလည်း ၀န်ထမ်း ဖြစ်၏။ ထိုအမက တောင်ကြီးသို့ ဆယ်တန်း စာစစ်ရန် ရောက်လာခြင်း ဖြစ်၏။ (၁၀) ရက်လောက်တော့ နေရမည် ဆို၏။ ကျနော်တို့ အိမ်မှာတော့ မတည်းပေ။ တောင်ကြီးမှာလည်း သူ့အိမ် ရှိ၏။

သူ့သူ တောင်ကြီး စာစစ်လာတာ မင်းနဲ့ ဘယ်လို ပတ်သက်လို့လဲ ဟု မေးစရာ ရှိ၏။ ဟုတ်ပါ၏ ပတ်သက်စရာ မရှိပါ။ သူတို့ သုံးဖို့ laptop ၀ယ်မည် ဆိုသောကြောင့် ပတ်သက်သွားခြင်း ဖြစ်၏။ သူနှင့် သူ့အမျိုးသား ရုံးပိုင်းဆိုင်ရာ ကိစ္စများ အတွက် laptop second တလုံးလောက် ၀ယ်လိုခြင်း ဖြစ်၏။ ကျနော့် အသိတွေနားမှာ ရှိလားပေါ့။ သို့နှင့် ကျနော်လည်း အသိနားသို့ လိုက်ပို့ရတော့၏။ ထိုအသိက laptop အသစ်များ အပြင် second များလည်း ရောင်းပေး၏။ သူ့နားတွင် electronic ပစ္စည်း အစုံအလင် ရှိ၏။

ထိုအမက laptop အပြင် color printer တလုံးလည်း လိုသည် ဆို၏။ printer က အဆင်ပြေ၏။ laptop ပဲ အဆင်မပြေတာ။ လောလောဆယ် သူ့နားမှာ ရှိသည့် laptop second က အဆင်မပြေနေပေ။ keyboard လွတ်နေသည် ဆို၏။ စောင့်နိုင်ရင်တော့ စောင့်ပါ။ laptop တွေ ထပ်ရောက်ဖို့ ရှိသည် ဆို၏။ ခက်တာက ထိုအမကလည်း အရေးတကြီး ဖြစ်နေ၏။ ယခင် သူတို့ လင်မယား သုံးနေသည့် laptop က window မတက်တော့ပေ။ ပြန်တင်လို့လည်း မရပေ။ သူ့ laptop က တော်တော်လေးလည်း date out နေပြီ ဖြစ်၏။ window xp ကိုတောင် မနည်းကောင်း run နေရပြီ ဖြစ်၏။ keyboard တွေလည်း မကောင်းတော့ပေ။

P90331-111814.jpg

သို့နှင့် စောင့်ဆိုလည်း စောင့်ကြည့်တာပေါ့ ဆို၏။ ထို့နောက် ကျနော့် အသိဆိုင်ကနေ မုန့်ဆိုင်သို့ သွားကြ၏။ သူ့သားတွေ အတွက် မုန့်ဝယ်ထည့်ပေးလိုက်ဖို့တဲ့။ ဟိုမှာက မုန့်တွေကို ထိုင်းဘတ်ငွေနှင့် ၀ယ်စားနေရတာ မတန်ဘူးတဲ့။ ပစ္စည်း ပို့စရာ ရှိတုန်းလေး တပါတည်း မုန့်တွေပါ ထည့်ပေးမလို့တဲ့။ သို့နှင့် မုန့်ဆိုင်သို့ ပို့ပေးရပြန်၏။ မုန့်ဝယ်ပြီးနောက် သူ့ယောက်ျား အတွက် နေကာမျက်မှန်နှင့် ဦးထုပ်၊ ကလေးတွေအတွက်လည်း ၀ယ်ချင်သေးတယ် ဆိုပြီး ဆိုလာပြန်၏။ သို့နှင့် Ocean သို့ ပို့ပေးရပြန်၏။ ထို့နောက် ထိုပစ္စည်းများကို သူငယ်ချင်းဆိုင်သို့ တခါပြန်ပို့ရပြန်၏။ ညနေ မိုင်းဆတ်ကားဂိတ်သို့ သွားပို့မည့် ပစ္စည်းများနှင့်အတူ တပါတည်း ထည့်ပေးလိုက်လို့ ရအောင်ပေါ့။

ထို့နောက် သူ့ အ၀တ်အိတ်ကို သွားယူဖို့ အသိအိမ်သို့ လိုက်ပို့ပေးရပြန်၏။ သူမ၏ အသိက ကျနော့် အမ၏ အသိလည်း ဖြစ်သလို၊ ကျနော်နှင့်လည်း သိ၏။ အိတ်သွား ယူရင်းနှင့် ကျနော့်ကို မြင်တော့ ထိုအကိုက ဟာ … ဆရာသက် အမတွေ ကိစ္စတင် မဟုတ်ဘူး၊ ခု အမ သူငယ်ချင်းရဲ့ ကိစ္စတွေပါ လိုက်လုပ်ပေးနေရပြီပေါ့ ဟုဆိုပြီး ရယ်သွမ်းသွေးလေ၏။ ထို့နောက် ထိုအမ၏ အိမ်သို့ လိုက်ပို့ပေး၏။ စာစစ်သွားဖို့ အချိန်ကလည်း နီးနေပြီဟု လမ်းမှာ ထိုအမက ပြော၏။ သို့နှင့် မထူးပါဘူးဆိုပြီး ထိုအမ ပစ္စည်းများ နေရာချတာကို စောင့်ပေးပြီးနောက် တပါတည်း ကျောင်းသို့ ပို့ပေးလိုက်၏။

ကျနော့် ဘ၀မှာ အခြား အရာများတော့ မသိ၊ ထိုကဲ့သို့သော ကိစ္စများတွင် အမြဲ အပိုစာသား များနှင့် ကြုံရ၏။ မသိလျှင် ကျနော့် ခံနိုင်ရည်တွေများ စမ်းသပ်နေသလားဟု ထင်ရ၏။ ခုထိတော့ ခံနိုင်ရည် ရှိနေတုန်းပင် ဖြစ်၏။ နောက်ရက်တွေမှာတာ့ ကိုယ့်ကိစ္စ ကိုယ်လုပ်ပြီး အေးအေး နေရမည်ဟု မျှော်လင့်နေမိ၏။

Don Jaun

MSC 31

Sort:  

အထူးသဖြင့် steemit နှင့် ပတ်သက်တာတွေ
Crypto အတွက် ဘယ် laptop ကောင်းပါမလဲ

Posted using Partiko Android

i3 လောက်ဆို ရပါပြီဗျ

Congratulations! This post has been upvoted from the communal account, @minnowsupport, by Don Jaun from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.35
TRX 0.12
JST 0.040
BTC 70455.47
ETH 3561.82
USDT 1.00
SBD 4.71