တက္ကသိုလ် ကျောင်းသား (Chapter 6)

in #myanmar6 years ago

FB_IMG_1527335451652.jpg

Roll no 2 ဖြစ်သည့် သူငယ်ချင်း ဘာလို့ စာမေးပွဲ မအောင်သနည်းကို ကျနော်သာမက ဆရာ၊ ဆရာများကပါ အံသြကြ၏။ ကျနော်တို့ မေဂျာ၏ King များသည် ကျိန်စာ တခုခု မိနေသည်ဟု ကျနော်ထင်၏။ အဘယ်ကြောင့် ကျနော် ထိုသို့ ပြောရသနည်း အကြောင်း ရှိပါ၏။ ကျနော်တို့နှစ်က King သည် ဒုတိယနှစ်မှာ ပေါင်းကူး မပါပဲ ရိုးရိုးအောင်နှင့်သာ တခန်းရပ်သွားရ၏။ ကျနော်တို့ နှစ်မှလားဆို မဟုတ်၊ ကျနော်တို့ ရှေ့တနှစ်က King အကိုကြီးသည်လည်း ဒုတိယနှစ်နှင့်သာ ကျောင်းပြီးသွား၏။ ယခု ကျနော်တို့ အောက်တနှစ်မှ ခရစ်ယာန်ဘာသာဝင် သူငယ်ချင်းသည်လည်း တတိယနှစ် မအောင်သဖြင့် ကျောင်း ဆက်မတက်တော့ပေ။

ကျနော် သတိထား မိသလောက် နောက်ထပ် အောက်တနှစ်မှ King သည်လည်း ဒုတိယနှစ်နှင့် ပေါင်းကူ မပါပဲ ရိုးရိုးအောင် ဖြစ်သွားခဲ့၏။ ၀င်ခွင့် စာမေးပွဲများ ပြန်လည် ကျင်းပချိန်မှသာ ၀င်ခွင့်ဖြေပြီး ပေါင်းကူးသို့ တက်လှမ်းနိုင်ခဲ့၏။ သူ့အောက် တနှစ် King သည်လည်း BE ဘွဲ့မရသွားပဲ၊ B Tech ဘွဲ့နှင့်သာ ကျေနပ်လိုက်ရ၏။ မည်မျှ တိုက်ဆိုင်သော ဆန်းကြယ်မှုကြီးပါလားဟု ပင် အံသြနေမိ၏။ သို့ဆိုလျှင် ကျနော် တွေးထင်မိသည့် ကိစ္စက မလွန်ဘူးလို့ ထင်၏။ ကျနော် BE နှစ်ရောက်ချိန်မှာ တခါတလေ ပထမနှစ်မှ ညီငယ်များ၊ အထူးသဖြင့် King နှင့် တွေ့လျှင် ညီလေးရေ သတိထားပြီး နေပါကွာဟု ပြောမိသည် အထိပင်။

received_367207637048102.jpeg

ကျနော်တို့ မေဂျာက ယောက်ျားလေး နည်း၏။ တနှစ်တလေ မဟုတ်။ နှစ်စဉ်လိုလိုကို နည်း၏။ အချိုးအားဖြင့် လေးပုံ တပုံလောက်သာ ရှိ၏။ ဤမျှ မိန်းကလေး များပေမယ့် ကျနော်နှင့် ပတ်သက်ခဲ့သည့် မိန်းကလေး တယောက်မှ မရှိပေ။ အားလုံးနှင့် ရိုးရိုးသားသား သူငယ်ချင်း အဖြစ် ဖြင့်သာ ခင်မင်ခဲ့၏။ ဒါဖြင့် တခြား မေဂျာက မိန်းကလေးတွေ နှင့်ကော ဟု ဆိုလျှင်။ ပတ်သက်မှု မရှိဟုသာ ဖြေရပေလိမ့်မည်။ ကျနော်၏ တက္ကသိုလ် ကျောင်းသားဘ၀တွင် ရည်စားသညာ ထားဖူးခဲ့ခြင်း မရှိပေ။ မထားခြင်၍ မဟုတ်၊ ဒီအတိုင်း ကြိုက်ရမည့်သူ၊ ချစ်ရမည့်သူ မတွေ့သဖြင့် မထားခဲ့ခြင်း ဖြစ်၏။ ကျောင်းတက်ခဲ့သည့် (၈) နှစ်တာ ကာလအတွင်း စိတ်ကူးထဲမှာ သဘောကျသည့် မိန်းကလေးတော့ (၃) ယောက်လောက် ရှိခဲ့၏။ ဒီအတိုင်း သဘောကျခြင်းသာ ဖြစ်၏။ ထိုထက် မပိုပေ။

အချစ်ရေးကို ဘေးချိတ်ပြီး ပညာရေးကိုပဲ ဖိလုပ်နေခြင်းလည်း မဟုတ်ပေ။ ထိုစဉ်က မိမိအိမ်၏ စီးပွားရေး အခြေအနေကြောင့်လည်း အချစ်သည် ရှေ့တန်းတက်ခွင့် မရခြင်း ဖြစ်၏။ မိမိ တယောက်စာ၊ တနေ့စာ မုန်ဖို့တောင် လောက်ငှအောင် မနည်း ခြစ်ကုပ်နေရချိန် ဖြစ်၏။ အိမ်ထဲမှ ပေါင်မုန့်တွေ မရှိမှတော့ အချစ်တွေက ပြတင်းပေါက်ကနေ လွင့်ပြန်သွားနိုင်သည် ဆိုသည့် စကားလေးကို နားထဲကြားယောင်ရင်း ပေါင်မုန့် မရှိသည့် ဘ၀ထဲကို အစကတည်းက အချစ်တွေ ၀င်မလာအောင် တားဆီးခဲ့၏။ ထို့ကြောင့်ပင် သဘောကျသည့် အဆင့်မှာပဲ ရပ်နေ နိုင်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ အချို့ကတော့ သူရဲဘော ကြောင်သည်ဟု ဆိုချင်ကြပေလိမ့်မည်။ သို့သော် ကိုယ့်ဝမ်းနာ ကိုယ်သာ သိ၏။

အချစ်ရေးကလွဲလျှင် ကျနော်၏ ကျောင်းသားဘ၀လေးသည် သာသာယာယာ အေးအေးလူလူ ရှိလှ၏။ မည်မျှထိ အေးအေးလူလူ ဖြစ်သနည်း ဆိုလျှင် တတိယနှစ်ကို နောက်တနှစ်ထပ်ထိပြီး external ထိ ဖြစ်သွားသည် အထိပင်။

ဆက်ပါဦးမည်

Don Jaun

MSC 31

Sort:  

King​ဖြစ်​ရတာခပ်​လန့်​လန့်​ဘဲ​နေမယ်​...တိုက်​ဆိုင်​တယ်​...

Posted using Partiko Android

ဟုတ်ပါ့

ကွင်းမဖြစ်ဘူးလား ဟီးဟီး

Posted using Partiko Android

ကွင်းတော့ သွားကြပါတယ် လေ

Congratulations! This post has been upvoted from the communal account, @minnowsupport, by Don Jaun from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

အချစ်ရေးက လွဲရင် ဆိုတော့ကာ........

ဆိုတော့ကာ

ကင်းဆိုရင် ဆရာ နဲ့ ဝေးဝေးရှောင်ခိုင်း၊ ဆရာနဲ့တွေ့ရင်ရိုက်သတ်ခံရမှာ၊ ကင်းဆိုမုန်းလွန်းလို့ ကိုက်ရင်အလွန်နာတာ။

Queen ဆိုရင်ကော ဆရာ

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 63966.64
ETH 3055.32
USDT 1.00
SBD 3.87