တက္ကသိုလ်ကျောင်းသား (Chapter 5)

in #myanmar6 years ago

FB_IMG_1527335451652.jpg

ဒုတိယနှစ်ကနေ တတိယနှစ်ကို ရောက်သွားပြီး သကာလ ဆိုးတူကောင်းဖက် ဘော်ဒါက ပေါင်းကူး မပါလာတော့ တတိယနှစ်ကို တကိုယ်တော် ဖြတ်သန်းရတော့မည် ဖြစ်၏။ ကိုယ့်ထက် တနှစ်ငယ်သည့် သူငယ်ချင်းများနှင့် ခင်မင်စွာ နေထိုင်ရန် ကြိုးစားရတော့၏။ ကျနော့် အတွက် ပေါင်းသင်းဆက်ဆံရေးသည် သိပ်မခက်လှပေ။ ထို့ပြင် ကံကောင်းသည့် အချက်က ကျောင်းတက်လာသည့် နှစ်ကာလများအတွင်း စိတ်တူ ကိုယ်တူ သူငယ်ချင်းများနှင့်သာ ဆုံခွင့် ရခဲ့ခြင်း ဖြစ်၏။

တတိယနှစ်မှာတော့ ကျနော်တို့ မေဂျာတွင် ယောက်ျားလေး (၃) ယောက်သာ ရှိ၏။ တယောက်က ကျောင်းနားက အဆောင်မှာ နေ၏။ တယောက်က ကျနော့်လိုပဲ တောင်ကြီးကနေ လိုင်းကားစီးပြီး တက်ခြင်း ဖြစ်၏။ ရှေ့ (၂) နှစ်တုန်းက သူသည် ရွှေညောင်မှ တက်ခြင်း ဖြစ်၏။ သူ့ဖခင်က ၀န်ထမ်း ဖြစ်၏။ ရွှေညောင်မှာ တာဝန်ကျ၏။ သူ တတိယနှစ်အရောက်မှာတော့ သူ့အဖေ သန်လျင်မြို့သို့ ရာထူးတိုးဖြင့် ပြောင်းရ၏။

ထိုအခါ သူကကျောင်းလိုက်မပြောင်းပဲ တောင်ကြီးရှိ အသိအိမ်မှာနေပြီး ကျောင်းဆက်တက်ခြင်း ဖြစ်၏။ ထို့ကြောင့် သူနှင့် ကျနော် ကျောင်းသို့ အတူသွား အတူပြန်လို့ ရ၏။ သူက ခရစ်ယာန် ဘာသာဝင် ဖြစ်၏။ သာမန် မဟုတ် ဘာသာရေးကို ထဲထဲဝင်ဝင် သက်ဝင်ယုံကြည်သူ ဖြစ်၏။ သူနေသည့် အိမ်က အမှန်တာ့ ကျမ်းစာသင်ဆရာ တဦး၏ အိမ်ဖြစ်၏။ ထိုအိမ်မှာ ကျနော့်သူငယ်ချင်းလို အခြား လူငယ်များလည်း ရှိကြ၏။ ဘာသာရေး ဆိုင်ရာများ လုပ်သူ၊ ကျောင်းတက်သူ စသည်ဖြင့် ကိုယ်စီကိုယ်စီ အလုပ်တာဝန်များနှင့် ဖြစ်၏။ သူငယ်ချင်းထံသို့ သွားလည်ရင်းနှင့် ကျမ်းစာသင် ဆရာအပြင် အခြားလူများ အားလုံးနှင့်လည်း ရင်းနှီးခင်မင်ခွင့် ရလေတော့၏။ မည်မျှထိ ခင်မင်သွားသနည်းဆိုလျှင် စားအိမ် သောက်အိမ် ကဲ့သို့ပင် ဖြစ်သွား၏။ တကယ့်ကို ပီဘိ အမျိုးတွေလိုပင်။

received_367159270386272.jpeg

ခရစ်စမတ်နီးလို့ ကယ်ရိုစင်းကင်း ထွက်လျှင်လည်း ကျနော်ပါ၏။ ထိုစဉ်က ဘုရားသီချင်း အတော်များများကို ကျနော် သီဆိုတတ်၏။ ခရစ်တော် အကြောင်း၊ ဓမ္မသစ်၊ ဓမ္မဟောင်း ကျမ်းများကို အတန်ငယ် တီးမိခေါက်မိ၏။ ဘာသာရေးနှင့် ဆက်နွယ်သည့် သမိုင်း ပုံပြင် ဖြစ်စဉ်များကို စိတ်ဝင်တစားနှင့် လေ့လာ မှတ်သားဖူး၏။ သူနှင့် ကျနော် တူသည့် အချက်က ဇာတ်ကားကြည့်ရသည်ကို အလွန်ကြိုက်နှစ်သက်ခြင်း ဖြစ်၏။ မတူသည်က သူက ကျနော့်ထက် စာတော်၏။ လိမ္မာ၏။ ထို့ပြင် သူက ကျနော်တို့ မေဂျာ၏ King ဖြစ်၏။ ကျောင်းမှာ ခရစ်ယာန် မောင်မယ် သစ်လွင် ကြိုဆိုပွဲလုပ်တော့ ပြင်ဆင်ရေးပိုင်းကို သူနှင့်အတူ ကျနော် လိုက်လုပ်ကူ ပေးဖူး၏။ ထိုစဉ်က ပွဲအတွက် ကြက်သားချက်မလို့ လုပ်ကြ၏။ မိန်းကလေးများ ၀ယ်လာသည့် ကြက်ကို မသတ်ရဲသည့် ကျနော့်ကို သူတို့က ရယ်ကြ၏။ ဗုဒ္ဓဘာသာဝင် ကျနော့်အဖို့ သူတပါး အသက်ကို သတ်ဖို့ရန်မှာ အလွန်မှပဲ ခက်ခဲသည့် ကိစ္စရပ် ဖြစ်၏။

ကျနော် မလုပ်နိုင်သည့် ကိစ္စကို ပွဲလုပ်ဖို့ ပြင်ဆင်နေသည့် အိမ်( ချက်ကျောင်း) မှ အကိုက လုပ်ပေး၏။ သူ့အတွက်တော့လည်း အနှီကြက်များကို ဇီဝိန်ချွေသည့်ကိစ္စက လွယ်လွယ်လေးပင်။ ကျနော် မကြည့်နေပါ။ မကြည့်ရက်ပါ။ ထိုနေရာက အသာလှည့်ထွက်ခဲ့၏။ နောက်ရက်မှာတော့ ထိုကလေးမများက သူငယ်ချင်းကနေ တဆင့် ကျနော့်ကို တောင်းပန်ကြောင်း ပြောကြားလာ၏။ ပွဲနေ့ကိုတော့ ကျနော် မသွားတော့ပေ။ သူငယ်ချင်းက ခေါ်ပေမယ့် မသွားသင့်ဟု ကျနော် ထင်၏။ သူများပွဲမှာ ကျနော်က ကန့်လန့်ဖြစ်နေလျှင် အားနာရပေလိမ့်မည်။

received_367207637048102.jpeg

တတိယနှစ် ကျောင်းတက်နှစ်သည် ပျော်ရွှင်စွာ သာသာယာယာပဲ ဖြတ်သန်း ဖြစ်၏။ ထိုအပျော်သည် ကြာကြာ မခံပေ။ တတိယနှစ်ကို ကျနော် မအောင်သောကြောင့် ဖြစ်၏။ ကျနော်တင် မဟုတ် ထို ခရစ်ယာန် သူငယ်ချင်းလည်း မအောင်ပေ။ ကျောင်းနားမှာ အဆောင်နေသည့် သူငယ်ချင်းသာ အောင်၏။ ကျနော် မအောင်သည်ကို ကျနော် သိပ်မ အံ့သြပေမယ့် သူငယ်ချင်း မအောင်သည်ကိုတော့ အံ့သြမိ၏။ သူက စာတော်သူ ဖြစ်၏။ ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ် (၃) နှစ်လုံး Roll no 2 ရသူ ဖြစ်၏။

ကိုယ့်အတွက် ၀မ်းနည်း ရခြင်းထက် သူ့အတွက် ပို၍ စိတ်မကောင်း ဖြစ်ရ၏။ ကျနော်က နောက်တနှစ်ပြန်တက်မယ် တွေးထားပေမယ့် သူကတော့ မတက်တော့ သန်လျင်သို့သာ လိုက်သွားတော့မည်၊ အိမ်ပြန်တော့မည်ဟု ဆို၏။ နောက်တနှစ်ကိုတော့ ကျနော် ယောင်ယောင်လည်နှင့် ထပ်မံ ဖြတ်သန်း ရပေလိမ့်ဦးမည်။ ကြိုတွေးပြီး စိတ်ညစ်မိ၏။ သို့သော် ခဏသာ ဖြစ်၏။ ပျော်ပျော်နေတတ်သော ကျနော့်ကို မည်သည့် အရာမျှ ကြာကြာစိတ်ညစ်နေအောင် မစွမ်းဆောင်နိုင်ပေ။

ဆက်ပါဦးမည်

Don Jaun

MSC 31

Sort:  

ကိုဒွန်‌ မအားလို့လား။Roll2ကျတယ်‌ဆို‌တော့ ‌မေးခွန်း သတ်‌တာ‌နေမှာ။‌စောင့်‌‌မျှော်‌‌နေပါတယ်‌ကိုဒွန်‌။

ဟုတ် အကို ဆက်ပါဦးမယ်ဗျ

ကျွန်တော်တို့တုန်းက ဒုတိယနှစ်မှာ ၈၈ ဖြစ်လို့ကျောင်းတွေပိတ်ကုန်တာ ၉၁ မှာ မှကျောင်းပြီးတော့တယ်

Posted using Partiko Android

ဟုတ် ဦးမင်း
ကျနော်က ၈၇ ဖွား ကျတော်မွေးပြီး နောက်နှစ်က အရေးခင်းပဲ။
ကျနော့်တို့ 3rd Year မှာ ရွှေဝါရောင် သံဃ အရေးအခင်းကြောင့် စာမေးပွဲ နောက်ဆုတ်ခဲ့ရသေးတယ်

ကျွန်တော်တို့တုန်းက ဒုတိယနှစ်မှာ ၈၈ ဖြစ်လို့ကျောင်းတွေပိတ်ကုန်တာ ၉၁ မှာ မှကျောင်းပြီးတော့တယ်

Posted using Partiko Android

ကျွန်တော်တို့တုန်းက ဒုတိယနှစ်မှာ ၈၈ ဖြစ်လို့ကျောင်းတွေပိတ်ကုန်တာ ၉၁ မှာ မှကျောင်းပြီးတော့တယ်

Posted using Partiko Android

roll-2 တောင် စာမေးပွဲကျတယ်ဆိုတော့ ဘယ်နှစ်ယောက်အောင်လဲအစ်ကို ။နည်းနည်းစိတ်ဝင်စားသွားလို့ပါ။

တော်တော် အောင်ပါတယ်။ ကျနော်အပါ ၃ ယောက်ပဲ ကျတာ။ စုစုပေါင်း ရှိတဲ့ လူကလည်း နည်းတာကိုး

Congratulations @donjaun! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

Award for the number of comments

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

Do not miss the last post from @steemitboard:

Presentamos el Ranking de SteemitBoard

Support SteemitBoard's project! Vote for its witness and get one more award!

အမှတ်တရတွေ များတယ်နော်

Posted using Partiko Android

ဟုတ်

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.033
BTC 64275.05
ETH 3147.49
USDT 1.00
SBD 4.29