ဥတုရာသီ ဖောက်ပြန်သည်steemCreated with Sketch.

in #myanmar5 years ago

FB_IMG_1527335451652.jpg

နွေရာသီ ရောက်ပြီ ဆို၏။ မည်ကဲ့သို့ ယုံရမည်နည်း။ ရာသီဥတုက ဘုရားစူး နွေရာသီ။ မိုးလေး တအုံအုံနှင့် ဖြစ်နေသည်မှာ (၂) ရက်လောက် ရှိပြီ ဖြစ်၏။ တချက်တချက်တော့ ခပ်ဖွဲဖွဲလေး ရွာ၏။ တကယ့်ကို ခပ်ဖွဲဖွဲလေး ဖြစ်၏။ မြင်ရသည့် မြင်ကွင်းက တပေါင်းလ ခါရာသီနှင့် မလိုက်ဖက်လှပေ။ သို့သော် တပေါင်းလလိုပင် စွဲဆောင် ဖမ်းစား ဆွေးမြေ့ လွမ်းဆွတ်စေ၏။

ဆယ်တန်း ကလေးများ စာမေးပွဲ ဖြေနေကြပြီ ဖြစ်သဖြင့် ယခင်လောက် အတန်းချိန် မများတော့ပေ။ မနက်ခင်း တပိုင်းလုံး အချိန် မရှိပေ။ မနက်ဖက် အစောကြီး ထစရာမလို သဖြင့် ကောင်းကောင်း အိပ်လို့ ရ၏။ မနက် မနက်ကို (၁၀) နာရီမှ အိပ်ရာ ထသည်မှာ (၂) ရက်လောက် ရှိပြီ ဖြစ်၏။ မိုးလေးကလည်း အုံ၊ တချက်ချက် ခပ်ဖွဲဖွဲနှင့် ခပ်စိပ်စိပ် လေး ရွာပြန်တော့ နေရ ထိုင်ရသည်မှာ တမျိုးလေး ဖြစ်နေ၏။ ပူလောင်ရမည့် ရာသီချိန်မှာ ခပ်အေးအေး အရသာလေးကို ခံစားရတော့ တမျိုး တဘာသာ ဆန်းလို့ နေ၏။ ခုလိုလေးကျပြန်တော့လည်း နေပျော်နေသည့် ဘ၀လေး လိုလိုပင်။

ညဖက်ဆို အတန်းလေး ၀င်လိုက်၊ လက်ဖက်ရည် ဆိုင်လေး ထိုင်လိုက်၊ အိမ်ပြန်ရောက်တော့ ဇာတ်ကားလေး ကြည့်လိုက်နှင့် တော်တော်လေး ဟုတ်နေ၏။ ကြည့်လိုသည့် ဇာတ်ကားများကို သေချာ ရှာဖွေပြီး စုဆောင်းထား၏။ ကြည့်ပြီးသည့် ဇာတ်ကားများကိုလည်း သေချာ မှတ်သားထား၏။ Steemit မှာ review အနေနှင့် ပြန်ရေးရမည် မဟုတ်လား။ Steemit ပေါ်လာတာ တော်တော်လေး အကျိုး ဖြစ်၊ အကျိုး များ၏။ ကြည့်ပြီးသည့် ဇာတ်ကားများကို တဆင့် ပြန်လည် ဖောက်သည် ချစရာ နေရာ ရှိလာ၏။ Facebook မှာလည်း ပြောလို့ ရပေမယ့် Steemit မှာ တင်လျှင် ပိုက်ပိုက် ရသည် မဟုတ်လား။ စိတ်ပါလျှင် Steemit မှာ တင်ပြီးမှ Facebook မှာလည်း ပြန်တင်လို့ ရသေးသည်ကိုး။

P80817-140142.jpg

နေ့စဉ် စာရေးသည့် အကျင့်လုပ်ထားသဖြင့် တနေ့တနေ့ စာပုံမှန်လည်း ရေး ဖြစ်နေ၏။ အရေအတွက်ပိုင်းက ပုံမှန်လေး ဖြစ်လာပြီ ဆိုတော့ အရည်အသွေးပိုင်းကိုတော့ အလေးထားရပေဦးမည်။ နောက်ပိုင်း ကျနော့် ပိုစ့်များကို မိမိ ကိုယ်ကို သိပ်အားမရ ဖြစ်နေသလို ခံစားရ၏။ သက်ဝင်ခံစားမှုပိုင်းမှာ နည်းနည်းလျော့လာသည်ဟု ထင်မိ၏။ ထိုအပိုင်းကိုတော့ သေချာ ပြင်ဆင် သတိထားရပေဦးမည်။

ဖောက်ပြန်တတ်သည့် ရာသီဥတု၏ ယခု တကြိမ် ဖောက်ပြန်မှုလေးက တမျိုးတော့ နေလို့ ကောင်းနေ၏။ ကျနော်က ပူသည့် ဒဏ်ကို မခံနိုင်ဘူးကိုး။ ခုလို အေးစိမ့်စိမ့်လေး ဖြစ်နေတာကို သဘောကျ၏။ ထိုသို့ ပြောနေ၍ နွေရာသီကို မုန်းလို့လား ဆိုတော့လည်း မဟုတ်ပေ။ ကျနော် ဥတု သုံးရာသီလုံးကို နှစ်သက်ပါ၏။ မိုးတွင်း ကိုတော့ သိပ်သဘော မကျလှပေ။ မိုးရွာ ဗွက်ထသဖြင့် သွားရေးလာရေး အဆင်မပြေလှပေ။ ထို့ထက် ဆိုးသည် ဆိုင်ကယ် ဗွက်ပေပြီး ပေတူးနေခြင်း ဖြစ်၏။

မည်သို့ပင် ဆိုစေ နွေရာသီကြီးမှာ အလည်လာသည့် ခုလို ရာသီဥတု ကမောက်ကမ ဖြစ်မှုက မည်မျှ ကြာမည်တော့ မသိပေ။ ဖောက်ပြန်မှုဟု ဆိုပေမယ့်လည်း ယခုလို ဖောက်ပြန်မှုလေးကိုတော့ သဘောကျမိ ပြန်၏။ ဒီစာလေး ရေးပြီးနောက် coffee လေး သောက်ပြီး ဇာတ်ကားကြည့်လိုက် ပါဦးမည်။

Don Jaun

MSC 31

Sort:  

သာယာလိုက်ပါဘိ 😊

ငှယ့်
အေးတယ်ဟ

ဥတုရာသီ​တောကိုမှီဟုဖူးလား ☺ ☺ အဟီးး...

မမှီတော့ဘူး ရယ်
ဖောက်ပဲ ဖောက်နေလို့

စာမွဲပီးတာနဲ့ ဘယ်​​လောက်​နားရဦးမလဲ ကိုဒွန်

Posted using Partiko Android

တလ လောက်ပေါ့

Congratulations! This post has been upvoted from the communal account, @minnowsupport, by Don Jaun from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Congratulations @donjaun! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You published a post every day of the week

Click here to view your Board
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Vote for @Steemitboard as a witness and get one more award and increased upvotes!

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.034
BTC 66499.54
ETH 3203.31
USDT 1.00
SBD 4.14