ကျနော်နှင့် အားကစား (Chapter 13)

in #myanmar5 years ago

FB_IMG_1527335451652.jpg

ထို့ကြောင့်ပင် နောက်ရက်များ၌ ကျနော်တို့သည် အပြင်မှာပဲ စားကြတော့၏။ လေ့ကျင့်ရေး တည်းခိုဆောင်မှာ ညအိပ်ရသည်ကလည်း အဆင်မပြေလှပေ။ ကြမ်းပိုး ကိုက်၏။ ခြင် ကိုက်၏။ ကျနော်၏ ပထမဆုံး ပြိုင်ပွဲမှာ ကျနော် နိုင်ပွဲ မရခဲ့ပေ။ အမှတ်နှင့် ဆုံးဖြတ်သည့် ပြိုင်ပွဲ ဖြစ်ရကား တဖက်လူမှ ကျနော့်ထက် အမှတ်အသာ ဖြင့် အနိုင်ရသွား၏။ အမှတ်အသာ ဆိုပေမယ့် အများကြီး ကွာဟခြင်း မဟုတ်ပဲ၊ (၁) မှတ်၊ (၂) မှတ် လောက်သာ ကွာခြင်း ဖြစ်၏။ Weight တန်း တခုကို တရက်ထဲ အပြီးကျင်းပဲခြင်း ဖြစ်၏။ ဥပမာ မိမိက 45 Kg တန်း ဖြစ်လျှင် ထို weight တန်းအတွက် စီစဉ်ထားသည့် ပြိုင်ပွဲ အရေအတွက်တိုင်း ဗိုလ်လုပွဲ ရောက်သည်အထိ တခါတည်း ယှဉ်ပြိုင်ရ၏။ ဘောလုံးပွဲများလို အုပ်စုပွဲ၊ ဆီမီး ဖိုင်နယ်၊ ဖိုင်နယ် ဆိုပြီး ရက်များ မခွဲထားပေ။

တပွဲကို (၃) ချီ ယှဉ်ပြိုင်ရ၏။ (၁) ချီကို (၃) မိနစ် ဖြစ်၏။ (၃) ချီထိ အမှတ်တူနေလျှင် နောက် (၁) ချီ ထပ်ပြိုင်ရ၏။ (၃) မိနစ်လုံး မဟုတ်ပေ။ ပထမဆုံး အမှတ်ရအောင် ယူနိုင်သူက အနိုင်ရ၏။ (၃) မိနစ်ပြည့်အောင် ကစားစရာ မလိုပေ။ ထို့ပြင် ပထမ (၁) ချီထဲနှင့် ပြိုင်ဖက်ကို (၇) မှတ်နှင့် အထက် ဖြတ်ထားနိုင်လျှင်လည်း နောက်အချီများကို ဆက်လက် ယှဉ်ပြိုင်စရာမလိုပဲ အနိုင်ရ၏။ တခါတလေ အမှတ်နှင့်မဟုတ်ပဲ KO နှင့် လည်း အနိုင်ယူလို့ ရ၏။ မိမိ ကန်ချက် (တိုက်ခိုက်မှုကြောင့်) တဖက် ကစားသမား ဆက် မကစားနိုင်တော့ ခြင်းကို ဆိုလို၏။ ရင်ဘတ်ပွိုင့်ကို ထိလျှင် (၁) မှတ်ရ၏။ ခေါင်း ပွိုင့်ထိလျှင် (၂) မှတ်မှ (၃) မှတ်ထိ ရ၏။ အခြေခံ ကစ်ချက် (ကန်ချက်) မဟုတ်ပဲ အဆင့်မြင့် ကန်ချက်များနှင့် ပွိုင့်ကို ထိလျှင် အမှတ် ပိုရ၏။

ထိုစဉ်က ပြိုင်ပွဲများတွင် ပြိုင်ပွဲ ၀တ်စုံ cover အောက်ထဲ၌ chipset ပြားများ မထည့်နိုင်သေးရကား အမှတ်ပေးရန် ဒိုင်လေး ယောက်က ထောင့်လေးထောင့်မှာ စောင့်ကြည့်ပြီး အမှတ်ပေးရ၏။ TV Game ခလုတ်နှင့် တူသော ခလုတ်လေး တခုစီ ကိုင်ထားရ၏။ ထို ခလုတ် (၄) ခုကို ရမှတ် ဖော်ပြပေးသည့် Digital board နှင့် ဆက်ထား၏။ ခလုတ်တခုစီတိုင်းမှာ အပြာခလုတ်နှင့် အနီခလုတ် တခုစီပါ၏။ ယှဉ်ပြိုင်သူများသည် အပြာနှင့် အနီ ဖြစ်ကြ၏။ တယောက်က အပြာဆို၊ တယောက်က အနီပေါ့။ လက်ဝှေ့ပွဲမှာ ကဲ့သို့ပင် ဖြစ်၏။ အပြာ၏ တိုက်ခိုက်မှုက ပွိုင့်မိခဲ့ ထိခဲ့လျှင် အပြာ ခလုတ်ကို နှိပ်ပြီး အနီ၏ တိုက်ခိုက်မှုက ပွိုင့်မိလျှင် အနီ ခလုတ်ကို နှိပ်ရ၏။

rio-olympics-taekwondo.jpg
photo from Google

ဤနေရာမှာ တခုရှိသည်က အနည်းဆုံး ဒိုင်လူကြီး (၂) ယောက်က နှိပ်မှ အမှတ်တက်၏။ ထို့ပြင် ထို (၂) ယောက်က တပြိုင်နက် နီးပါး နှိပ်မှ အမှတ်တက်၏။ တယောက်က နှိပ်လိုက်ပြီး နောက်တယောက်က စက္ကန့် (၃၀) ကျော်မှ လိုက်နှိပ်လျှင် အမှတ် မတက်တော့ပေ။ ထို့ကြောင့် ထိုစဉ်က ထိုစနစ်နှင့် ပတ်သက်ပြီး အငြင်းအခုန်တွေလည်း ဖြစ်ရသေး၏။ အနီ သို့ အပြာ သိသိသာသာ အသာရပြီး တိုက်ခိုက်နိုင်လျှင် သိပ်ကိစ္စ မရှိလှသော်လည်း (၂) ဦးစလုံးက အပြန်အလှန် တိုက်ခိုက် ကြသည့်အခါမျိုးမှာ ဆိုလျှင် အမှတ်တွေက ကမောက်ကမတွေ ဖြစ်ကုန်၏။ ဒိုင်လူကြီးများလည်း လူသားများပင် ဖြစ်သဖြင့် တခါတလေ အနီ ခလုတ်နှင့် အပြာခလုတ်ကို မှားယွင်းပြီး၊ ကြောင်ပြီး နှိပ်မိတတ်ကြ၏။

ထိုအခါမျိုး၌ ပြဿနာ တတ်တော့၏။ (၂) ဖက်ကစားသမားများ အမှတ် သိပ်မကွာလျှင် ပိုဆိုး၏။ ဒိုင်တို့၏ မှားယွင်းမှုက ရှုံးနေသူကို နိုင်သွားစေပြီး၊ နိုင်နေသူကိုလည်း ရှုံးသွားစေနိုင်၏။ ထိုအခါမျိုး၌ နည်းပြများက စောဒက တက်ရ၏။ ထိုအခါမှ ဒိုင်များက တိုင်ပင်ကြပြီး အမှတ် အမှန်ကို ပြလည် ပေးလေ့ ရှိ၏။ တခါတရံ နှစ်ဖက် နည်းပြများ စောဒက မတက်ပေမယ့် ဒိုင်များက အမှန် မမှန်ကန်ဟု ယူဆလျှင်လည်း အမှတ်များကို ပြန်လည် ပြင်ဆင်ပေးလေ့ ရှိ၏။

ဆက်ပါဦးမည်

Don Jaun

MSC 31

Sort:  

ကောင်းပါတယ်​...လိုအပ်​ရင်​မိမိကိုယ်​ကိုကာကွယ်​နိုင်​သလိုအားကစားလုပ်​ရင်းကျန်းမာ​ရေးလည်းညီညွတ်​ပါတယ်​....

Posted using Partiko Android

ဟုတ်

ကိုဒွန် ထိုအဆင့်ထိရောက်ခဲ့တာ လေးစားစရာပါ။ ကိုယ်ခံပညာက မိမိကိုယ်ကိုယုံကြည်မှုလည်း ဖြစ်စေပါတယ်။

ခုတော့ အဲ့ အဆင့်နဲ့ပဲ ရပ်နေပြီ 😁

ကောင်းပါတယ်​ဗျာ အားကစားနဲ့ပတ်​သက်​လို ဘာဗဟုသုတမှကိုမရှိတာ ခုလို​ရေး​တော့ဗဟုသုတရတာ​ပေါ့ဗျာ

ဟုတ် ဟုတ်

အားကစားက actifit မှာလုပ်ရင် $ ရတ်ာလေ

Posted using Partiko Android

ဟုတ်လားဗျ

ငယ်ငယ်က ဘောလုံးကန်ဖူးတယ် ဘော်လီဘောကစားတယ် ကြက်တောင်ရိုက်တယ် ကြီးလာတော့ ဘာမှ လုပ်တော့ဘူး

Posted using Partiko Android

ကျနော်လည်း ခု သိပ် မလုပ် ဖြစ်ဘူး ရယ်

Coin Marketplace

STEEM 0.36
TRX 0.12
JST 0.040
BTC 70744.80
ETH 3561.94
USDT 1.00
SBD 4.80