ကျနော်နှင့် အားကစား (Chapter 15)
တပတ်တာ အနားယူပြီးနောက် နောက်နှစ် ပြိုင်ပွဲအတွက် ရည်ရွယ်ပြီး ထပ်မံ လေ့ကျင့်ကြရ ပြန်၏။ ပုံမှန် ညနေခင်း Training သာ ရှိ၏။ ပြိုင်ပွဲနား နီးသည့် (၃) လလောက်မှသာ မနက်ခင်း Training ပါ လုပ်ရ၏။ ကျနော်တို့လည်း ရှေ့တနှစ် ပြိုင်ပွဲမှ အမှားများကို သင်ခန်းစာ ယူပြီး သေချာ ပြင်ဆင် လေ့ကျင့်ကြ၏။ ကျောင်းသွားလိုက်၊ ပြန်လာလျှင် သင်တန်း သွားလိုက်နှင့် တနေ့တနေ့ကို ကုန်လွန် ဖြတ်သန်း စေခဲ့၏။
နောက်နှစ် တိုင်းနှင့် ပြည်နယ် ပြိုင်ပွဲ အတွက်လည်း ကျနော် ထပ်မံ အရွေးခံ ရ၏။ တခု အဆင်မပြေသည်က ကျနော့် Weight တန်းမှာ (၂) ယောက် ဖြစ်နေခြင်း ဖြစ်၏။ ဆရာကလည်း (၂) ယောက်လုံးကို ခေါ်သွားချင်၏။ သို့နှင့် ကျနော်နှင့် Weight တန်း တူနေသည့် တယောက်ကို Weight ချခိုင်းဖို့ ဆုံး ဖြတ်လိုက်၏။ ကျနော့်ထက် စာလျှင် သူ့ကို Weight ချခိုင်းလျှင် ပိုအဆင်ပြေမည် ဆိုပြီး ဆရာတို့က တွေး၏။ အမှန်တကယ်လည်း ကျနော့် Weight က ထပ်ချလို့ မရတော့ပေ။ ထို weigth တူ သူငယ်ချင်းက ကျနော့်ထက် စာလျှင် အသားပွ၏။ အဆီအနည်းငယ် ကျန်သေး၏။ ကျနော့်အသားက ကျစ်နေပြီ ထို့ပြင် ထိုစဉ်က ခုလို body မျိုး မဟုတ်ပဲ အဆီဆိုလို့ မနည်း ဖြဲရှာမှသာ ရ၏။
သို့နှင့် ကံမကောင်းစွာ ထိုသူငယ်ချင်း ခဗျာ Weight ချဖို့ ပြင်ဆင်ရတော့၏။ ပြိုင်ပွဲ မသွားခင် (၂) ပတ် အလိုမှာ Weight စချရ၏။ ဘာတွေ စားရမယ်၊ ဘယ်လို နေရမယ် စသည်ဖြင့် အစီအစဉ်များ ဆွဲထားပေး၏။ သူ့ခဗျာလည်း ထိုအစီအစဉ်အတိုင်း မလုပ်ချင်လည်း လိုက်လုပ်ရတော့၏။ ပြိုင်ပွဲ မသွားခင် တရက်အလိုလောက်မှာ Weight တခါ ပြန်ချိန်ကြည့်၏။ လိုအပ်သော လုံလောက်သည့် Weight တန်း တဆင့်ချပြီး ယှဉ်ပြိုင်နိုင်ဖို့ ရန် 3 pound လောက် လိုနေသေး၏။ ဆရာတို့လည်း နောက်မှ ဟိုရောက်မှ စဉ်းစားမည် ဆိုပြီး ပြိုင်ပွဲ ယှဉ်ပြိုင်ဖို့သာ ဦးတည် လိုက်တော့၏။
photo from Google
ဒီတခေါက်မှာတော့ လိုင်းကားနှင့် မသွားတော့ပဲ သင်တန်းမှ အကိုတယောက်ကားနှင့်သာ သွားကြ၏။ သူ့ကား ရန်ကုန်မှာ လိုင်စင် သက်တမ်းတိုးရမည် ဖြစ်သောကြောင့် ဖြစ်၏။ သူ့ကားက ပေါင်မုန့်ကားလို ကားအလတ်စားလေး ဖြစ်၏။ လူ (၂၀) လောက် စီးလို့ ရ၏။ သို့ပေမယ့် လေအိတ်ကားတော့ မဟုတ်ပေ။ ဖြစ်ချင်တော့ ကျနော်နှင့် Weight ချရမည့် သူငယ်ချင်းက နောက်ဆုံးခုံတန်းမှာ ထိုင်ရ၏။ တလမ်းလုံး တဒုန်းဒုန်း တဒိုင်းဒိုင်းနှင့်ပေါ့။ နောက်ဆုံးခုံမှာ ထိုင်ရသည့် ဒုက္ခက မသေးပေ။ ဆရာက မင်းတခါတည်း Weight ချလို့ ရတာပေါ့ကွာ ဟု သူငယ်ချင်းကို ပြော၏။ လမ်းမှာ ထမင်းစားနား ပြန်တော့လည်း ထို သူငယ်ချင်း ခဗျာ သိပ်အ၀ကြီး မစားရရှာပေ။ Weight တက် မစိုးလို့ ဖြစ်သည်တဲ့လေ။
သူ့ခဗျာ သူများတွေ အားရပါးရ စားနေချိန်မှာ ဒီအတိုင်းလေး ငေးနေရ၏။ Weight ချိန်ပြီးမှ မင်းကြိုက်တာကို ဆရာ ကျွေးမည်ဟု ဆရာက ပျားရည်နှင့် ၀မ်းချထား၏။ camp ထမင်း၊ ဟင်းပဲ စားရမှာကြီးကို ဘာမှ မထူးဘူးဟု၊ စိတ်ပျက် အားငယ်စွာ တီးတိုး ရေရွတ်နေတော့၏။
ဆက်ပါဦးမည်
Don Jaun
MSC 31
အားကစားသမားရဲ့ အစား ဒုက္ခပေါ့လေ
အချစ်ဒုက္ခမဟုတ်လို့ 😁
ဟီး
ဟုတ်တယ်
စားချင်တာမစားရ....ပြိုင်ပွဲအတွက်ဆိုတော့ဆင်ခြင်ပြင်ဆင်ရမှာပါလေ...
Posted using Partiko Android
ဟုတ်ပ