ကျနော်နှင့် အားကစား (Chapter 16)

in #myanmar5 years ago

FB_IMG_1527335451652.jpg

Weight ချိန်မည့် နေ့မှာ မနက်ခင်းစာ အဖြစ် ကျန်သူများက ထမင်းကြော်နှင့် ကော်ဖီ (လက်ဖက်ရည်) ကို အ၀ တီးရသော်လည်း သူက ကော်ဖီ တခွက်သာ သောက်ရ၏။ Weight ချိန်ပြီးမှ စားရမည် ဆို၏။ ကျနော့်မှာတော့ ပြောင်းပြန် ဖြစ်၏။ နောက်ဆုံးတန်းမှာ (၂) ယောက်သား အတူ စီးလိုက်လို့လား မသိ။ ကျနော့် Weight ကပါ အနည်းငယ် လျော့သွားပြီး သူနှင့် ကျနော် Weight တန်းခြင်း တူမလို တွေထိ ဖြစ်ကုန်၏။ ထို့ကြောင့် ကျနော့်မှာ မစားနိုင်တော့သည့် အခြေအနေထိ ရောက်အောင် စားရ၏။ မနက်စာကို တ၀တပြဲ စားပြီးသည့် အပြင်၊ Weight မချိန်မ်ီမှာလည်း ဖီးကြမ်း ငှက်ပျောသီး (၃) လုံးလောက် စားရသေး၏။ ထို့ပြင် ရေကိုလည်း ၀င်သလောက် သောက်ရသေး၏။ မသေးလှသော ဒုက္ခ ဖြစ်၏။

ကံကောင်းထောက်မစွာ သူကော ကျနော်ကော လိုချင်သည့် Weight တန်းများမှာ ယှဉ်ပြိုင်ခွင့် ရသွား၏။ ပြည့်မှီရုံလောက်လေး ရသွားခြင်း ဖြစ်၏။ Weight ချိန်ပေးသည့် ဆရာက ကျနော်တို့ နည်းပြ၏ အသိလည်း ဖြစ်နေသည့် အပြင်၊ လိုအပ်သည့် Weight များလည်း ပြည့်မှီ သလောက် နီးနီး ရှိသဖြင့် ခွင့်ပြုပေးလိုက်ခြင်း ဖြစ်၏။ တကယ်တမ်း ရစ်ချင်လျှင် ရစ်လို့ ရ၏။ Weight ချိန်ပြီးနောက် ဗိုက်အစ်ပြီး အီလည်လည် ဖြစ်နေသည့် ကျနော်က ဖြေဆေးသောက်ရပြီး မနက်ကတည်းက ဘာမျှ ကောင်းကောင်း မစားထားရသေးသော သူငယ်ချင်းက ထမင်းစားရန် အလို့ငှာ စားသောက်ဆိုင်တန်းများ ဖက်သို့ ထွက်သွားလေ၏။

ယခုတခေါက်ပြိုင်ပွဲကတော့ အဆင်ပြေလှ၏။ သုဝဏ လေ့ကျင့်ရေးကွင်းမှာ မတည်းပဲ ရွှေတိဂုံ ဘုရား အနီးရှိ ရှမ်း ဓမ္မာရုံမှာ တည်း၏။ ခေါင်းဦး၊ စောင်နှင့် ခြင်ထောင်တွေလည်း ရ၏။ ညနေဖက်ဆိုလျှင် ဓမ္မာရုံရှေ့ မြေကွက်လပ်မှာလည်း လေ့ကျင့်ခွင့် ပေးထားသေး၏။ တကယ်ပဲ အဆင်ပြေလှ၏။ စားရေး သောက်ရေးကိုလည်း camp မှာ မစားတော့ပဲ အပြင်မှာသာ စားတော့၏။ နေ့လည် နေ့ခင်းဆိုလျှင်တော့ ပြိုင်ပွဲ ကျင်းပရာ နေရာနှင့် နီးသည့် ထမင်းဆိုင် တဆိုင်ဆိုင်မှာ စား၏။ ညစာကိုတော့ အာသီသ ရှိသည့် နေရာမှာ သွားစားကြ၏။ သွားရေး လာရေးအတွက် ကားသက်တမ်း လာတိုးသော စီနီယာ အကိုတယောက်၏ ကားကို သုံးလို့ ရသည် မဟုတ်လား။ ထို့ကြောင့် ယခုနှစ် ပြိုင်ပွဲက အဆင်ပြေလှ၏။

rio-olympics-taekwondo.jpg
photo from Google

သို့သော် အဆင်မပြေသည်က ကျနော် ဖြစ်၏။ အဖက်ဖက်က အဆင်ပြေသော်လည်း ယခု တခေါက်ပြိုင်ပွဲမှာလည်း ကျနော် အောင်မြင်မှု မရယူနိုင်ခဲ့ပေ။ ပထမ ပွဲစဉ်မှာပင် တမှတ်လျော့နှင့် ကပ်ပြီး ရှုံးနိမ့်ခဲ့ ရ၏။ အပြတ်အသတ်ကြီး ကွာနေသည် မဟုတ်ပဲ သူတင် ကိုယ်တင် ကစားနိုင်ခဲ့၏။ ဆရာတော့ မင်း point တွေ ထိပေမယ့် အမှတ် မတက်လို့ပါ၊ သိပ် စိတ်မညစ်ပါနဲ့ မနှစ်ကထက် စာရင် ကောင်းလာပြီ ဟု အားပေးရှာ၏။ ဆရာက ကောင်းလာပါပြီ ဆိုပြီး အားပေး ပေမယ့်လည်း မိမိကိုယ်ကို စိတ်တိုင်း မကျသည်ကတော့ အမှန်ပဲ ဖြစ်၏။ ဒီလောက်ထိ ပြင်းပြင်းထန်ထန် လေ့ကျင့်ထားခဲ့ပြီးမှ တခုခုတော့ ဖြစ်ထွန်းအောင် စွမ်းဆောင်ပြချင်သေး၏။ သို့သော် မျှော်လင့်ထားသလိုတော့ ဖြစ်မလာခဲ့ပေ။
သို့သော် အရှုံးထဲက အမြတ် အဖြစ် ခါးစည်း စာမေးပွဲ ဖြေခွင့် ရခဲ့၏။ ယခင် ခါးစည်းအနီမှာ နိုင်ငံတကာ အသိအမှတ်ပြု ခါးစည်းအနက် (1st Dan) ကို ဖြေဆိုခွင့် ရခြင်း ဖြစ်၏။ မြန်မာတိုက်ကွမ်ဒို လက်ရွေးစဉ် အသင်း၏ နည်းပြချုပ် ဖြစ်သည့် ကိုရီးယား လူမျိုးက စစ်ဆေး မေးမြန်းခြင်း ဖြစ်၏။ ကျနော်တို့ ရှမ်းတောင် အသင်းမှ စာမေးပွဲ ဖြေဆိုသူ အားလုံး အောင်ကြ၏။ ထို့ပြင် ကိုရီးယားကြီးက ကျနော်တို့ ရှမ်းတောင် အသင်းကို သဘောကျ၏။ စည်းလုံး ညီညွတ်ပြီး စည်းစနစ် ကျတယ်ဆိုပြီး ချီးကျူး၏။

ထုံးစံအတိုင်း ပြိုင်ပွဲပြီး နောက်ရက်တွင် လည်ပတ်ကြ၏။ ရှေ့တခေါက်က ရောက်ပြီးသည့် နေရာများကော၊ မရောက်သေးသည့် နေရာများသို့ပါ သွားရောက် လည်ပတ်ကြ၏။ လည်ပတ်ပြီး နောက်ရက် မနက်ခင်းမှာတော့ တောင်ကြီးသို့ ပြန်လာခဲ့တော့၏။ ရှေ့တခေါက်ပြိုင်ပွဲထက် စာလျှင် ယခုတကြိမ် ပြိုင်ပွဲသည် အဆင်ပြေခဲ့ပြီး တိုးတက်မှုများလည်း ရှိခဲ့သည်ကိုတော့ ၀န်ခံရပေလိမ့်မည်။

ဆက်ပါဦးမည်

Don Jaun

MSC 31

Sort:  

Congratulations @donjaun! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You published a post every day of the week

Click here to view your Board of Honor
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Support SteemitBoard's project! Vote for its witness and get one more award!

ရှုံးသည်ဖြစ်စေ နိုင်သည်ဖြစ်စေ ယှဉ်ပြိုင်ခြင်းက အဓိကပါ။အတွေ့အကြုံလေးတွေ ပြောပြထားတာ စိတ်ဝင်စားစရာကောင်းပြီး ဗဟုသုတဖြစ်စေပါတယ်။နောက်အပိုင်းတွေဆို နိုင်တဲ့အလှည့်ရောက်တော့မယ်နဲ့တူတယ်။ဆက်အားပေးပါ့မယ်အစ်ကို။

ကျေးဇူးဗျ။

နည်း ပြမလုပ်ဖူးလား ကိုဒွန်။

အဲ့လောက်ထိတော့ မမှန်းပါဘူးလေ

ကိုဒွန်က တိုက်ကွန်ဒိုတတ်တာပဲ။အားကျစရာ။

Posted using Partiko Android

နည်းနည်းပါးပါး ပါဗျ

ဆက်လက်ကြိုးစားမယ်ပေါ့ ကိုဒွန်

Posted using Partiko Android

အားကစားက​တော့ လိုက်​စားနိုင်​​လေ ​ကောင်း​လေ ပါဗျာ

အမှန်ပဲဗျ

ဆက်လက်ကြိုးစားပါ။fighting

Posted using Partiko Android

Coin Marketplace

STEEM 0.31
TRX 0.12
JST 0.034
BTC 64742.01
ETH 3172.49
USDT 1.00
SBD 4.10