ကျနော်နှင့် အားကစား (Chapter 17)

in #myanmar5 years ago

FB_IMG_1527335451652.jpg

အားကစား (တိုက်ကွမ်ဒို) မှာ တိုးတက်ခဲ့ပေမယ့် ကျောင်း စာမေးပွဲမှာတော့ အခြေအနေ မကောင်းပေ။ ပြိုင်ပွဲ လိုက်သည့် (၂) နှစ်လုံး ကျနော် မအောင်ပေ။ တိုက်ကွမ်ဒိုနှင့် မဆိုင်သော်လည်း ဆရာက ကျနော့်အား နောက်နှစ် ပြိုင်ပွဲ မလိုက်ရန် တတိယနှစ် အောင်စာရင်းထွက်ပြီးချိန်မှာ တပါတည်း မှာ၏။ မင်း တတိယနှစ်တော့ အရင် အောင် အောင်လုပ်ဦးကွ။ အားကစား တခုတည်းနှင့် ဘ၀ ရပ်တည်ဖို့က မလွယ်ဘူးလေ။ ပညာရေးကို အရင်ဦးစားပေးလိုက်ပါကွာ။ ဆရာ့ အနေနှင့် မင်းကို တိုက်ကွမ်ဒိုမှာ ဇောက်ချပြီး ကစားစေချင်ပေမယ့် မင်းဘ၀ ရှေ့ရေး၊ မင်းမိဘတွေ အတွက်လည်း စဉ်းစားပေးရဦးမှာကိုးဟု စိတ်မကောင်းစွာ ပြော၏။

သို့နှင့် နောက်နှစ်ပြိုင်ပွဲကို ကျနော် မလိုက်ရတော့ပေ။ ပုံမှန် Training သွားဆင်းပေမယ့် ဆရာက ကျနော့်ကို ဒီတနှစ်တော့ လုံးဝ နားလိုက်စေချင်သည့် ပုံစံ မျိုး ဖြစ်နေ၏။ သို့နှင့် ကျနော်လည်း နောက်ပိုင်း လများ၌ သင်တန်းသို့ မသွားတော့ပေ။ မသွားသည်မှာ နောက်ဆုံးနှစ် ကျောင်းပြီး သွားချိန်ထိပင် ဖြစ်၏။ ထိုစဉ်က အခြေအနေကို ပြန်တွေးကြည့်လျှင် ရင်နာဖို့ကောင်းလှ၏။ တိုက်ကွမ်ဒိုနှင့် ကျောင်းစာကို မျှအောင် မနည်းကြိုးစားပြီး လုပ်ဆောင်ရ၏။ အားကစားဖက်က ထောက်ပံ့မှုကို ကြည့်လျှင် လုံးဝ အားရစရာ မရှိပေ။ ဆရာတို့ ကိုယ်တိုင် အိတ်စိုက်ခြင်းနှင့် အခြား အလှူရှင်များမှ လှူဒါန်းပေးခြင်းတို့ကြောင့်သာ ပြိုင်ပွဲများ သွားရောက် ယှဉ်ပြိုင်လို့ ရနေခြင်း ဖြစ်၏။

မြန်မာနိုင်ငံ၏ အားကစား အပေါ် အားပေး ထောက်ပံ့မှုသည် ဒေသတွင်း နိုင်ငံများထက် စာလျှင် အလွန်မှပင် အားနည်းလှ၏။ ဤသို့ နည်းပါးလှသည့် ထောက်ပံ့မှုများကြားမှ အောင်မြင်အောင်စွမ်းဆောင်နိုင်ခဲ့သည့် ကစားသမားများကိုတော့ အလွန်ပဲ ချီးကျူး ရပေလိမ့်မည်။ ကျနော်တို့ လက်ထက်မှ လွဲပြီး ရှေ့ (၂) နှစ်မှ စီနီယာ အကို၊ အမများ လက်ထက်တွင် ရှမ်းတောင် တိုက်ကွမ်ဒို အသင်းသည် ဒေသတွင်း၊ နိုင်ငံတွင်း ပြိုင်ပွဲ မျိုးစုံ၌ ဆုတံဆိပ်များ ပုံမှန်ရ၏။ ပြိုင်ပွဲ မျိုးစုံဟု ဆိုရအောင်လည်း ထိုစဉ်ကနေ ယခုအချိန်ထိ လောက်လောက်လား ကျင်းပသည့် ပြိုင်ပွဲ ဆိုလို့ တိုင်းနှင့် ပြည်နယ် ပြိုင်ပွဲနှင့် ကိုရီးယား သံအမတ်က ကျင်းပပေးသည့် သံအမတ်ကြီး ဖလား ပြိုင်ပွဲသာ ရှိ၏။

rio-olympics-taekwondo.jpg
photo from Google

ဒေသတွင်း၌ ယှဉ်ပြိုင်ရသည့် ပြိုင်ပွဲများ နည်းပါးရကား မြန်မာ ကစားသမားများသည် နိုင်ငံတကာနှင့် ယှဉ်ပြိုင်ရသည့် ကစားပွဲများတွင် ရသင့်သလောက် အောင်မြင်မှုများ မရရှိခဲ့ပေ။ လေ့ကျင့်မှု အားကောင်းပေမယ့် စစ်ဆေးသည့် စာမေးပွဲ နည်းရကား ဘယ်အတိုင်းအတာထိ စွမ်းဆောင်နေနိုင်သည်ကို တွက်ဆလို့ မရနိုင်ခဲ့ပေ။ ဤသည်များ မြန်မာ ကစားသမား အချို့ အောင်ဖျာလိပ် ပြန်ခဲ့ရသည့် အကြောင်းအရင်းများထဲမှ တချက်လည်း ဖြစ်ပေ၏။

အားကစားမှာ ထွန်းတောက် စေလိုလျှင် အားကစားနှင့် ပတ်သက်ပြီး တွန်းအားပေး၊ မြေတောင် မြှောက်ပေးနိုင်ဖို့ လို၏။ ယနေ့ခေတ် မြန်မာ့ ကလေးငယ် အများစုကိုသာ ကြည့်ပါ။ ပြေးလွှား ဆော့ကစားနေသည့် ကလေးနှင့် Phone, TV, Game ဆော့နေသည့် ကလေး မည်သူက ပိုများသနည်း။ ကျောင်းမှာ ကစားခုန်စား နည်းပါးလာသည့် အပြင် ကာယ အချိန်မျိုးကဲ့သို့သော အချိန်မှာပင် အားကစား မလုပ်ရတော့ပဲ စာပဲ သင်နေသည်က ဆိုးရွားလှ၏။ (၉) တန်း၊ (၁၀) တန်းများ ရောက်သွားလျှင် သာပြီး ဆိုးတော့၏။ နဂိုနည်းက နည်းပါးလှသည့်၊ မရှိသည့် ကစားနည်း နည်းနည်းလေးများထဲမှာပင် ပါဝင်ခွင့် မရတော့ပေ။ စာအရေးကြီးတယ် စာပဲလုပ် ဆိုပြီး တဖက်ပိတ် အတွေးများနှင့် ပိတ်ပင်ထားလိုက်တော့၏။

ဆက်ပါဦးမည်

Don Jaun

MSC 31

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by Don Jaun from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

တိုက်ကွမ်ဒိုကို ကိုဒွန် ဆက်သာလုပ်ခွင့်ရခဲ့ရင်
အခုအချိန် ခါးပတ်တစ်ခုခုတော့ ရနိုင်ပြီထင်ပါ့

ခါးပတ်နက်ပါဆိုနေ

ခါးပတ်နက် ရထားတယ်လား ကိုဒွန်

Posted using Partiko Android

Yes Black Belt 1st Dan ပါဗျ

အတွေ့အကြုံကောင်းတစ်ခု ရခဲ့တာပေါ့။

Coin Marketplace

STEEM 0.35
TRX 0.12
JST 0.040
BTC 70541.68
ETH 3582.21
USDT 1.00
SBD 4.74