ကျနော်နှင့် အားကစား (Chapter 18)

in #myanmar5 years ago

FB_IMG_1527335451652.jpg

အမှန်တာ့ ပညာရေးနှင့် ကျန်းမာရေးကို တွဲဖက်ထားပြီး ဖြစ်သည့်ဖြင့် ကျောင်းစာနှင့် အားကစားကိုလည်း တွဲဖက် ထားသည့်၏။ ယခုမူကား ထိုသို့ မဟုတ်ပေ။ ကျနော်၏ တထွာ တမိုက် ဥာဏ်ကလေးနှင့် လေကြီး၊ လေကျယ် ဖြင့် ဝေဖန်ရေး မလုပ်လိုပေ။ မြင်မိ ခံစားမိ တွေးမိသည့် အတိုင်းလေးသာ ပြန်လည် ပြောကြားလိုခြင်း ဖြစ်၏။ စိတ်ကူးယဉ်နေရုံဖြင့် အောင်မြင်မှုက မိမိထံ ရောက်လာမည် မဟုတ်ပေ။ ထိုစိတ်ကူးများကို လက်တွေ့ အကောင်အထည် ဖော်နိုင်မှသာ လိုချင်၊ ရောက်ချင်သော အောင်မြင်မှု ပန်းတိုင်ကို ရောက်မည် ဖြစ်၏။

ကျနော်တို့ ကလေး အရွယ်လောက်က ကျင်းပခဲ့သည့် ကျောင်းသား အားကစား ပွဲတော်ကို လွမ်း၏။ အခြေခံ အထက်အတန်း အဆင့်ထိ ယှဉ်ပြိုင်ခွင့် ရသည့် ကျောင်းသား အားကစားပွဲတော် ဖြစ်၏။ ပြည်နယ် တခုတည်းက လက်ခံ ကျင်းပခြင်းမျိုး မဟုတ်ပဲ။ အလှည့်ကျ အိမ်ရှင် အဖြစ် လက်ခံ ကျင်းပခြင်းမျိုး ဖြစ်၏။ ထိုစဉ်က မူလတန်း အရွယ်လောက်သာ ရှိသေးသော ကျနော်သည် ထိုပြိုင်ပွဲများတွင်ယှဉ်ပြိုင်ခွင့် မရလိုက်ပေ။ ကျနော် မူလတန်း အဆင့်လွန်မြောက်ပြီး အလယ်တန်း အဆင့်ရောက်မှာတော့ ထိုတိုင်းနှင့်ပြည်နယ် ကျောင်းသား အားကစားပွဲတော်လည်း မရှိတော့ပေ။ မည်သည့် အကြောင်းကြောင့် ဖျက်သိမ်း လိုက်သည်ကိုတော့ မသိပေ။

မည်သည့် အကြောင်းကြောင့်ပဲ ဖျက်သိမ်းသိမ်း တိုင်းပြည်နှင့် လူမျိုးအတွက် နစ်နာသည်ကတော့ အမှန်ပေ။ ထို ကျောင်းသား အားကစား ပွဲတော်သည် လူငယ်ကစားသမားကောင်းများ မွေးထုတ်ပေးသော၊ ရွက်ပုံးသီး လူငယ်များကို လူအများ သတိထားမိသွားသော ပြိုင်ပွဲများ ဖြစ်၏။ ဆိုရလျှင် တိုက်ကွမ်ဒို အားကစားမှ ကျနော်တို့၏ စီနီယာ အကို၊ အမများသည် ထို ကျောင်းသား အားကစားပွဲတော်မှာကတည်းက အစွမ်းပြနေကြပြီ ဖြစ်၏။ ပြည်နယ် အဆင့်မှသည် ပမာဏ နိုင်ငံ လက်ရွေးစဉ် အဆင့်ထိ အရောက် လှမ်းနိုင်ခဲ့၏။ သို့သော် လက်ရွေးစဉ် အဖြစ်ဖြင့် နိုင်ငံကိုယ်စားပြုပြီး ယှဉ်ပြိုင်ခွင့် မရလိုက်ပေ။

rio-olympics-taekwondo.jpg
photo from Google

ပမာဏ အဆင့်မှာတင် သူတို့ ပြန်လာခဲ့၏။ အဘယ်ကြောင့်နည်း။ အလွန်မှ အားနည်းသော ပံ့ပိုးမှုများကြောင့် ဖြစ်၏။ ဆေးဝါးစောင့်ရှောက်မှု အားနည်းခြင်းနှင့် အနေအစား ဆင်းရဲ ခြင်းတို့ကြောင့် ဖြစ်၏။ လက်ရွေးစဉ် အဆင့်အနေဖြင့် လုံလောက်သော ထောက်ပံ့မှု ကောင်းမွန်သော စောင့်ရှောက်မှုများ ရှိသင့်၏။ စီနီယာ အကိုကြီးများက စိတ်လို လက်ရ ရှိချိန်၊ အားချိန် ရှိလျှင် သူတို့၏ ပမာဏ ကစားသမား ဘ၀ အတွေ့အကြုံများကို ပြန်လည်ပြီး ပြောပြလေ့ ရှိ၏။

အစဉ်အဆက် မြန်မာလက်ရွေစဉ် တိုက်ကွမ်ဒို နည်းပြများသည် ကိုရီးယား လူမျိုးများကိုသာ ခန့်အပ်ခဲ့၏။ စီနီယာအကို၊ အမတွေ ပမာဏ လက်ရွေးစဉ် အရွေးခံရတော့ ရန်ကုန်မှာ သွားရောက်ပြီး နေထိုင်လေ့ကျင့်ရ၏။ အနေ အစား ဆင်းရဲသည် ဆို၏။ ပြောလို့ ပြောသည် မဟုတ် ရှမ်းပြည် တောင်ကြီးက လူအများစုသည် အစားကောင်း အသောက်ကောင်း ကြိုက်၏။ အမယ်လေး ဒါများ လူတိုင်းကြိုက်တာပေါ့ ဆိုသည်ထက်ကို တောင်ကြီးမှ လူများက ပိုပြီး ကြိုက်တတ်ကြ၏။ ထို့ပြင် အပျင်းလည်း ထူ၏။ အပျင်းထူ ဆိုသည်ထက် သက်တောင့်သက်သာ အေးအေး ဆေးဆေး နေနိုင်လွန်းတတ်ကြခြင်း ဖြစ်၏။

တောင်ကြီးမြို့တွင် မနက် (၈) နာရီဖွင့်သည့် ဆိုင်မရှိပေ။ (၈) နာရီခွဲ ဖွင့်သည့် ဆိုင်တောင် လက်ချိုးရေလို့ ရ၏။ ဆိုင်အများစုက (၉) နာရီ၊ (၁၀) နာရီ လောက်မှသာ ဖွင့်ကြ၏။ တခါတလေ မနက်ခင်းမှာ မိုးဖွဲကျ၊ မိုးအေး၊ မြူများဆိုင်းနေလျှင် နေ့လည်စာ စားပြီးချိန်လောက်မှသာ ဆိုင်များ ဖွင့်ကြတော့၏။ ထိုမျှအထိ အေးအေးလူလူ နေတတ်လွန်းသော သူများ ဖြစ်ကြ၏။

ဆက်ပါဦးမည်

Don Jaun

MSC 31

Sort:  

ဟုတ်​ပါတယ်​...​ကျောင်းစာနှင့်​အားကစားတွဲဖက်​ထားမှထူးချွန်​ပြီးကျန်းမာမှာပါ....

Posted using Partiko Android

အဲ့ တာ​​ကြောင့်​ တပတ်​မှာတချိန်​ အားကစားအချိန်​ထည့်​​ပေးရတာ

တကယ်မှ မကစားရပဲဗျာ

နိုင်ငံရဲ့ အားကစားဟာ စီးပွားရေး တိုးတက်မှုနဲ့ အများကြီး သက်ဆိုင်ပါတယ်။

အမှန်ပဲ

အေး​ဆေး ​နေနိင်​လွန်းသူ​တွေ 😄😄

Posted using Partiko Android

ဟုတ်တယ် အားကစားနဲ့ပတ်သက်ပြီး support ပိုင်းအားနည်းခဲ့တာ အတော်များများ တွေ့မြင်ခဲ့ဖူးပါတယ်။နိုင်ငံဆင်းရဲတာလဲ ပါမှာပေါ့အစ်ကို။

Coin Marketplace

STEEM 0.35
TRX 0.12
JST 0.040
BTC 71539.00
ETH 3603.23
USDT 1.00
SBD 4.75