ကျနော်နှင့် Game (Chapter 4)

in #myanmar6 years ago

FB_IMG_1527335451652.jpg

အမေ့စကားနှင့် အမေ့ကို သနားသောကြောင့်၊ ထို့ပြင် အမေ့ကို ချစ်သောကြောင့် အမေ မကြိုက်သည့် ဂိမ်းဆော့ခြင်းကို နောက်ပိုင်းတွင် ကျနော် မပြုလုပ်တော့ပေ။ (၁၀) တန်း စာမေးပွဲပြီးမှ ပြန်ဆော့တော့မည်ဟု ဆုံးဖြတ်ထားလိုက်၏။ စိတ်သာရှင်စော ဟု ရှင်တော်ဘုရားက ဟောပြောခဲ့သည် မဟုတ်လား။ တကယ့်တကယ်မှာလည်း မိမိစိတ်ကို ထိန်းနိုင်သွားသောအခါ အနှီ ဂိမ်းဆော့ ချင်သည့်စိတ်ကို အနိုင်ယူသွားနိုင်ခဲ့၏။ သူငယ်ချင်းများက ယခင်လို ကျူရှင်ဆင်းချိန်များတွင် ဂိမ်းသွားဆော့ရန် ခေါ်တိုင်း ကျနော် မလိုက်ပဲ နေနိုင်ခဲ့၏။ ထို့ပြင် ကျနော့် ဆန္ဒကို သူတို့အား သေချာ ရှင်းပြထားလိုက်သဖြင့် နောက်ပိုင်းတွင် ဂိမ်းဆော့ရန် မခေါ်ကြတော့ပေ။ သူတို့ ကိုယ်တိုင်လည်း ဂိမ်းဆော့ခြင်းကို လျှော့ချလိုက်ကြ၏။ ဆိုးတူ ကောင်းဖက် သူငယ်ချင်းများ မဟုတ်လား။

(၁၀) တန်း စာမေးပွဲများ ဖြေပြီးသည့် နောက်ဆုံးရက်နှင့် အောင်စာရင်း ထွက်သည့် ရက်များသည် ကျနော့်ဘ၀၏ မေ့မရသော အပျော်ဆုံးချိန်များထဲတွင် ပါဝင်၏။ စာမေးပွဲ ဖြေပြီးသည့်နေ့က အိမ်သို့ ပြန်ရောက်တော့ စိတ်ပူနေသည့် အမေကို ဖြေနိုင်ကြောင်း ပြောပြီး ခဏတဖြုတ် နား၏။ ပြီးလျှင် နေ့လည်စာ စားပြီးနောက် သူငယ်ချင်းများနှင့် ချိန်းထားရာ ဂိမ်းဆိုင်သို့ ချီတတ်တော့၏။ အမေက ကြည်ကြည်ဖြူဖြူပင် ခွင့်ပြု၏။ ဘ၀မှာ ပထမဦးဆုံး အကြိမ်အဖြစ် ဂိမ်းဆိုင်သို့ ခွင့်ပြုချက်နှင့် သွားခွင့် ရခဲ့ခြင်း ဖြစ်၏။ ထိုအချိန်က ကျနော့် မျက်နှာသည် ငါကွဆိုပြီး ဘ၀လေဟပ်ကာ ကျေနပ်ပီတိ ဖြစ်နေမည်မှာ အသေအချာပင်။ ဂိမ်းဆိုင်သို့ သွားရာလမ်းတွင် ခြေထောက်နှင့် မြေကြီး ထိသလား၊ မထိသလားတောင် ကျနော် မသိတော့ပေ။ ထိုရက်က ဂိမ်းဆိုင်တွင် ယခင်အချိန်များထက် ကြာရှည်စွာ ဂိမ်းဆော့ ဖြစ်၏။ အိမ်သို့ ပြန်ရောက်တာ့ မှောင်ရိပ်တောင် သမ်းနေပြီ ဖြစ်၏။

1200px-PSX-Console-wController.jpg
photo from Google

နောက်ရက်များတွင်လည်း တရက်ကို တနာရီ ဂိမ်းဆော့ခွင့်ပေး၏။ သိတဲ့အတိုင်း သတ်မှတ် တနာရီထက် ကျနော်က နာရီဝက် တနာရီ ပိုနေမြဲ။ (၁၀) တန်းပင် ဖြေပြီးနေပြီ ဖြစ်သဖြင့် အမေက သိပ်မဆူတော့ပေ။ ဂိမ်းဆော့ ချိန် (၂) နာရီထက် လွန်သွားလျှင်တော့ အမေ ဆူ၏။ ဤသို့ဖြင့် ကျနော်၏ (၁၀)တန်း ဖြေပြီးစ နွေရက်များသည် အလွန်မှပင် သာသာယာယာ ရှိခဲ့၏။ အိမ်တွင် TV လေး ကြည့်လိုက်၊ စာအုပ်လေး ဖတ်လိုက်၊ သူငယ်ချင်းတွေနှင့် သွားလည်လိုင်၊ ဂိမ်းဆော့လိုက်နှင့် ဟန်ကိုကျနေတော့၏။ သို့သော် ကျနော်၏ သာယာဖွယ် နွေဦးလေးသည် တလသာ ခံ၏။ လေရူးတို့နှင့် အတူ လွင့်ပြယ်သွားတော့၏။

တလလောက် လိုက်ယား လိုက်ယား လုပ်နေခွင့် ရပြီးနောက် ကျန်နေသည့် လများ (တက္ကသိုလ် မတက်ရသေးခင် လများ) ၌ အလုပ် လုပ်ရခြင်း ဖြစ်၏။ (၉) တန်း၊ (၁၀) တန်းတုန်းက ကျနော်တို့အား Chemistry ကျူရှင် သင်ပေးခဲ့သည့် ဆရာ၏ စာအုပ်ဆိုင်တွင် အလုပ်လုပ်ရခြင်း ဖြစ်၏။ ဆရာသည် ကျနော့် အမ (၂) ယောက်လုံးကိုလည်း စာသင်ပေးခဲ့ဖူး၏။ ထို့ပြင် ကျနော့် အမ (၂) ယောက်လုံးသည် ဆရာ့ညီမ ၏ အထည်ဆိုင်တွင် သူတို့ အစိုးရ၀န်ထမ်း မဖြစ်မီ နှစ်ကာလများတွင် အချိန်အတော်ကြာအောင် လုပ်ခဲ့ကြ၏။ ထို့ကြောင့် ဆရာသည် ကျနော့် အမတို့ကနေ တဆင့် ကျနော် ဘာလုပ်နေလဲ၊ ဒီကောင် ဒီအတိုင်း အားနေရင် ငါ့ဆိုင် လွှတ်လိုက်ဆိုပြီး မှာလိုက်ခြင်း ဖြစ်၏။ အမေသည် ငွေမလိုပေ။ သို့သော် သားသမီးအားလုံးကို စာသင်ပေးဖူးသော၊ ထို့ပြင် ကျနော့်ကို သင်ပေးချိန်တွင် ကျူရှင်လခ လုံးဝမယူပဲ သင်ပေးသော ဆရာ၏ စကားကို လွန်ဆန်ခြင်းငှာ မစွမ်းသာပေ။ ထို့ပြင် ကျနော့်အား ငွေ၏ တန်ဖိုးကို သိစေလိုသောကြောင့် ဆရာ၏ စာအုပ်ဆိုင်သို့ ပို့လေ၊ သွားခိုင်းလေတော့၏။

FB_IMG_1537104019664.jpg
photo from Facebook

အစပထမတွင် ယခုလို အေးအေးလူလူ မနေရတော့မည်ကို တွေးပူမိရာကား၊ အနှီ စာအုပ်ဆိုင်သို့ မသွားလိုလှပေ။ သို့သော် ငယ်ကတည်းက စာအုပ်ဖတ်ဖြစ်လာသည့် အကျင့်၊ စာပေချစ်သည့် စိတ်က ကျနော့်ကို စာအုပ်ဆိုင်သို့ သွားရန်စေ့ဆော်တော့၏။ စာအုပ်ဆိုင်တွင် လုပ်ရင်း အားလပ်ချိန်များတွင် စာဖတ်ရတော့မည်ဆိုသည့် စိတ်က ဂိမ်းဆော့ကစားနေချိန် ဖြစ်ပေါ်သည့် စိတ် ကဲ့သိုပင် ပျော်ရွှင်မှုကို ဖြစ်စေ၏။ သို့နှင့် စာအုပ်ဆိုင်တွင် အလုပ်သွားလုပ်ရန် ကျနော် ခေါင်းညိတ်လိုက်၏။ စာအုပ်ဆိုင်သည် မြို့မဈေးအနီး မြို့လည်ခေါင်မှာ ရှိ၏။ လိုင်းကားစီးသွားမှ ရ၏။ ကျနော့်အိမ်ကနေ လမ်းလျှောက်လျှင် မိနစ်(၃၀)၊ (၄၅) မိနစ်လောက် ကြာ၏။ အလုပ်ချိန်က မနက် (၇) နာရီမှ ည (၇) နာရီထိ ဖြစ်၏။ ပိတ်ရက် မရှိပေ။ ( နောက်များမှ ကျနော်၏ စာအုပ်ဆိုင် ၀န်ထမ်းဘ၀ အတွေ့အကြုံများကို ဖောက်သည်ချပါဦးမည်။ မနက်ကနေ ည (၇) နာရီထိ အလုပ် လုပ်ရသောကြောင့် ကျနော်နှင့် ဂိမ်းသည်လည်း တဖန် ပြန်လည်ပြီး စိမ်းကားသွားရ ပြန်၏။

Don Jaun

MSC 31

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by Don Jaun from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

လက်ဦးဆရာမိနှင့်ဖပါ

ဟုတ်ပါတယ်ဗျ

အခု ဂိမ်းစက်တွေ ရှာလို့မရတော့ဘူးနော် ကိုဒွန် ကျမသား လိုချင်လို့ လိုက်ရှာတာ ဘယ်မှာမှ မရတော့လို့

ရှားပါး စာရင်း ဝင်သွားပြီ။
မတွေ့လည်း မစု ဝယ်ပေးရ သက်သာတာပေါ့ဗျာ 😊

Congratulations @donjaun! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You published a post every day of the week

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Support SteemitBoard's project! Vote for its witness and get one more award!

စိမ်းကားတာက ဂိမ်းလား ဆာဒွန်လားလို့ စာအုပ်ဘက်လှည့်တော့မယ်ပေါ့လေ ဂိမ်းခမျာ မျှော်နေရှာတယ်လေ

ဒီလိုပါပဲလေ
စိမ်းလိုက် ကျက်လိုက်ပေါ့

စာအုပ်‌ဆိုင်‌ဆို‌တော့ ရှယ်‌‌ပေါ့။စာအုပ်‌‌ပေါင်းစုံ ‌တွေ့ရဖတ်‌ရတယ်‌။

ရှယ်ပဲလေ
အလုပ်အားတိုင်း ဖတ်တော့တာပဲ 😁

အာ့ ဆရာကဂိမ်း​ရောက်​ပြန်​ပလား

ဟီး ... ဟုတ်

ကျွန်​​တော်​နှင့်​gameကနီးလိုက်​​ဝေးလိုက်​ဖြစ်​​နေတာ​ပေါ့...Chapter1to 3မဖတ်​ရ​သေးဘူး....လာဖတ်​ပါ့မယ်​...

ဟုတ်ဟုတ်

Coin Marketplace

STEEM 0.35
TRX 0.12
JST 0.040
BTC 71539.00
ETH 3603.23
USDT 1.00
SBD 4.75