Weekend Movie:: Bhaag Milkha Bhaag

in #myanmar5 years ago

FB_IMG_1527335451652.jpg

Weekend Movie:: Bhaag Milkha Bhaag

မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလား။ ထက်သန်သော် စိတ်ကို ဘယ်အရာက တားဆီးနိုင်မှာလဲ။ မိမိရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ မဆုတ်မနစ် ကြိုးစားနေသူထံသို့ အောင်မြင်မှုက ရောက်လာမှ မလွဲပါဘူး။ အခက်အခဲ ဆိုတာကတော့ အမြဲ ရှိနေမှာပဲ။ ထိုအခက်အခဲတွေကို ဘယ်လို ကျော်ဖြတ်မလဲ ဆိုတာကို အဓိကထား ပစ်မှတ်ထားပြီး သင်ယူ လေ့ကျင့်သွားဖို့ လိုပါတယ်။ ဒါဆို အခက်အခဲတွေက သင့်အတွက် လှေကားထှစ်တွေ ဖြစ်ကုန်ပါလေ့မယ်။

Mika Singh (Farhan Akhtar) ဟာ India လက်ရွေးစင် အပြေးသမား ဖြစ်ပါတယ်။ သူ့ရဲ့ လက်ရွေးစင် ဘ၀ခရီးလမ်းက လွယ်ကူမှု သိပ်မရှိခဲ့ပါဘူး။ လက်ရွေးစင် ဘ၀မှ မဟုတ်ဘူး၊ သူ့ ငယ်ဘ၀ဟာလည်း ၀မ်းနည်းဖွယ်၊ နာကြည်းဖွယ်ရာများနှင့် ပြည့်နှက်နေခဲ့ပါတယ်။ ကြမ္မာဆိုး မ၀င်လာခင်ထိတော့ Mika ရဲ့ ငယ်ဘ၀ဟာ ပျော်ရွှင်မှု အပြည့်ပါ။ Mika အတွက် ၀မ်းနည်းဖွယ် အခိုက်အတန့်က India နိုင်ငံ လွတ်လပ်ရေး ရရှိခြင်း နှင့်အတူ ပေါ်ပေါက်လာခဲ့ပါတော့တယ်။

နိုင်ငံ လွတ်လပ်ရေး ရသွားတဲ့ အတွက် ပျော်ရွှင် ရပေမယ့် နိုင်ငံပြိုကွဲသွားတဲ့ အတွက်လည်း ပြည်သူတွေမှာ မျက်ရည် ဖြိုင်ဖြိုင်ကျခဲ့ရပါတယ်။ ဒီထဲမှာ Mika တို့ရဲ့ ၀မ်းနည်းမှုနှင့် ဒုက္ခတွေက အခြား သူတွေထက် ပိုခဲ့ပါတယ်။ ပန်ချာပီ မျိုးနွယ်စုတွေ ဖြစ်တဲ့ သူတို့ နေထိုင်တဲ့ ရွာလေးဟာ အစ္စလမ်တိုင်းပြည် အဖြစ် ခွဲထွက်လိုက်တဲ့ Pakistan တိုင်းပြည် နယ်နမိတ်ထဲမှာ ပါဝင်နေခဲ့ပါတယ်။ Mika တို့ရဲ့ ရွာမှ လူကြီးတွေက ရွှေ့ကြမလား။ ဒီမှာပဲ ဆက်နေကြမလား ဆိုပြီး ရွေးချယ်ကြပါတယ်။ အားလုံးနီးပါးက ဆက်နေကြမယ်လို့ ဆုံးဖြတ်ကြပါတယ်။

MV5BMTY1Nzg4MjcwN15BMl5BanBnXkFtZTcwOTc1NTk1OQ@@._V1_.jpg
photo from Google

ဆက်နေရင် သူတို့အတွက် အခက်အခဲတွေ ရှိလာနိုင်မယ်ဆိုတာ သူတို့ အားလုံး သိကြပါတယ်။ အစွန်းရောက်တွေရဲ့ တိုက်ခိုက်မှု ဒဏ်ကိုလည်း ခံရနိုင်တယ် ဆိုတာ သူတို့ သိပါတယ်။ ဒါပေမယ့် ဘာတွေပဲ ကြုံကြုံ ဘာတွေပဲ ဖြစ်ဖြစ် ရင်ဆိုင်ကြမယ် ဆိုတဲ့ စိတ်ဓါတ်တွေ သူတို့ရင်ထဲမှာ အပြည့်ရှိပါတယ်။ မကြာပါဘူး သူတို့ ထင်ထားတဲ့ အတိုင်း အစွန်းရောက်တွေရဲ့ အကြမ်းဖက် သတ်ဖြတ်မှု ဒဏ်ကို ခံခဲ့ရပါတယ်။ Mika တို့ တရွာလုံး နီးပါး အသတ်ခံခဲ့ရပါတယ်။ လူအနည်းစုသာ လွတ်မြောက်ခဲ့ပါတယ်။ Mika တို့ မိသားစုထဲမှာလည်း Mika နှင့် သူ့အမပဲ လွတ်မြောက်ခဲ့ပါတယ်။

ငယ်ဘ၀ အရိပ်ဆိုး၊ အတွေ့အကြုံဆိုးတွေက Mika ကို ခြောက်လှန့်နေခဲ့ပါတယ်။ Mika ရဲ့ ငယ်ဘ၀က မလှပခဲ့တဲ့အပြင် လူငယ်ဘ၀ဟာလည်း မလှခဲ့ပါဘူး။ လူပျိုပေါက် အရွယ်ရောက်လာချိန်မှာတော့ သူ အချစ်ကို စတင် တွေ့ရှိခဲ့ပါတယ်။ ကောင်မလေးကလည်း သူ့ကို ချစ်မြတ်နိုးပါတယ်။ ဒါပေမယ့် နာမည်ဆိုးထွက်နေတဲ့ သူ့ကို ကောင်မလေး အသိုင်းအ၀ိုင်းက လက်ခံဖို့ရာမှာတော့ ခက်ခဲနေခဲ့ပါတယ်။ ဒါကြောင့် သူ စပ်တပ်ထဲဝင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူ သူမ အတွက် တခုခု ဖြစ်အောင်၊ ဂုဏ်ယူ စရာ ဖြစ်အောင် လုပ်ပြမယ်ဆိုပြီး မှာခဲ့ပါတယ်။ သူ့ကို စောင့်နေဖို့ကိုလည်း တခုတ်တရနှင့် သေသေချာချာလေး မှာခဲ့ပါတယ်။

Mika စပ်တပ်ထဲ ရောက်ပြီး မကြာမီ စစ်တပ်ထဲမှာ အပြေးပြိုင်ပွဲ တခု ကျင်းပပါတယ်။ နိုင်ငံ လက်ရွေးစင် အသင်းအတွက် ရည်ရွယ်ပြီးတော့ပေါ့။ ယခု တပ်တွင်း အပြေးပြိုင်ပွဲမှာ ပထမဆုံး ပန်းဝင်သူ (၁၀) ယောက်ဟာ နွားနို့ အပို တခွက်၊ ကြက်ဥ (၂) လုံး ရမည့်အပြင် ဖက်ထိပ်လို့ ခေါ်တဲ့ တပ်တွင်း သန့်ရှင်းရေး လုပ်ငန်းများမှလည်း ကင်းလွတ်ခွင့်ရမှာပါ။ ထို ဆုကြေးတွေဟာ Mika အတွက်တော့ မက်လောက် စရာတွေ ပဲ ဖြစ်ပါတယ်။ ဘာလို့ဆို သူက နွားနို့ သိပ်ကြိုက်တာကိုး။ ပြိုင်ပွဲမှာ သူ ပထမ ရခဲ့ပါတယ်။ တပ်ထဲမှာ ပြိုင်ပွဲ အတွက် ကစားသမား ရွေးချယ်ပြီး လေ့ကျင့်ပေးမယ့် ( နောင်တချိန်မှာ သူ့ဆရာ ဖြစ်လာမယ့်သူ) သူကတော့ သူ့ကို သဘောကျခဲ့ပါတယ်။

S81104-16525025(1).jpg
photo from Google

Mika ရဲ့ စွမ်းရည်တွေကြောင့် သူဟာ ပမာဏ လက်ရွေးစင် ကစားသမား ဖြစ်လာခဲ့ပါတယ်။ လက်ရွေးစဉ် ကစားသမား အဖြစ် ရွေးချယ်ခံရဖို့ သူအများကြီး ကြိုးစားခဲ့ပါတယ်။ စီနီယာ ကစားသမားတွေရဲ့ အနိုင်ကျင့်မှုကိုလည်း သူခံခဲ့ရပါတယ်။ ဒါပေမယ့် ဒါတွေကို သူ ကျော်ဖြတ်နိုင်ခဲ့ပြီး လက်ရွေးစင် ကစားသမား တယောက် ဖြစ်လာခဲ့ပါတယ်။ အိုလံပစ် ပြိုင်ပွဲ သွားမပြိုင်ခင် သူ အိမ်ခဏ ပြန်ခဲ့ပါတယ်။ သူအမနှင့် သူ့ချစ်သူကို တွေ့ဖို့ ဖြစ်ပါတယ်။ Mika ကို မြင်တော့ သူ့အမ တယောက် မျက်ရည်အ၀ိုင်းသားနှင့် ကြည်နူး ပီတိ ဖြစ်နေခဲ့ပါတယ်။ လူဆိုးလေး Mika က ခုဆိုရင် နိုင်ငံ ကိုယ်စားပြု လက်ရွေးစဉ် တယောက် ဖြစ်နေခဲ့ပါပြီ။ ချစ်သူအိမ်ဆီသို့ Mika တယောက် ထွက်လာခဲ့ပါတယ်။ သူ့ရင်ထဲမှာ အပျော်တွေ အပြည့်နှင့်ပေါ့။

တကယ့်တကယ်မှာတော့ Mika တယောက် မျက်ရည်တွေနှင့်ပဲ မိတ်ဆက်ခဲ့ပါတယ်။ သူ့ရဲ့ ချစ်သူဟာ သူ့ကို မစောင့်နေခဲ့ပါဘူး။ Mika ကို ချစ်ပေမယ့် မိဘတွေကို မလွန်ဆန်နိုင်သဖြင့် သူမ အိမ်ထောင်ပြုသွားခဲ့ပါတယ်။ ထို့ပြင် အိမ်ပါပြောင်း ရွှေ့သွားခဲ့ပါတယ်။ ၀မ်းနည်းဖွယ်ရာတွေကို ပိုက်ပြီး Mika တယောက် Melbourne 1956 Olympics ပြိုင်ပွဲမှာ ယှဉ်ပြိုင်ဖို့ သူထွက်သွားခဲ့ပါတယ်။ ထိုပြိုင်ပွဲမှာ သူ အောင်မြင်မှု မရခဲ့ပါဘူး။

ဘာလို့ Mika တယောက် အောင်မြင်မှု မရခဲ့တာလဲ၊ နောက်ပိုင်း ပြိုင်ပွဲတွေမှာကော Mika တယောက် အောင်မြင်မှုတွေ ရယူနိုင်ပါ့မလား၊ နောက်ထပ် နောက်ထပ် Mika ဘ၀မှာ ဘယ်လိုမျိုးတွေ တွေ့ကြုံရဦးမလဲ ဆိုတာကို ပိတ်ကားထက်မှာ ဆက်လက် ရှုစားကြပါလို့။

ဒီဇာတ်ကားလေးဟာ ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ Mika ရဲ့ ကြိုးစားအားထုတ်မှု၊ အနိမ့်အမြင့် အတက်အကျများနှင့် လောကဓံရဲ့ ရိုက်ခတ်မှုတွေကို သူ ဘယ်လောက် ကျော်ဖြတ်အနိုင်ယူသွားလဲ ဆိုတာကို စိတ်ဝင်စားဖွယ် တွေ့ရှိရမှာ ဖြစ်ပါတယ်။ ခု ကျနော် အမြည်းပြောပြခဲ့တာက သုံးပုံ တပုံ လောက်လေးပဲ ရှိပါသေးတယ်။ နောက်ပိုင်းမှာ သူ့ ငယ်ဘ၀ရဲ့ ဆိုးရွားတဲ့ အတိတ်သမိုင်းတွေကို သတိရမိစေမည့် ပြိုင်ပွဲကိုလည်း သူ ယှဉ်ပြိုင်ရပါဦးမည်။ ဇာတ်ကားက တော်တော်လည်း ရှည်ပါတယ်။ (၃) နာရီလောက် ကြာပါတယ်။ ဇာတ်လမ်း ရှည်ပေမယ့် ကြည့်လို့ ကောင်းတဲ့ ဇာတ်ကားလေး တကား ဖြစ်တယ် ဆိုတာကို ကြည့်ပြီးသွားရင် လက်ခံသွားပါလိမ့်မယ်။

Director
Rakeysh Omprakash, Mehra

Cast
Farhan Akhtar, Sonam Kapoor, Hikaru Ito, Divya Dutta, Meesha Shafi, Pawan Malhotra, Art Malik

Don Jaun

MSC 31

Sort:  

မကြည့်​ရ​သေးပါဘူး....movie reviewဖတ်​ပြီးဇာတ်​ကား​ကောင်းဖြစ်​မယ်​ထင်​ပါတယ်​....ကြည့်​ပါ့မယ်

Posted using Partiko Android

ဟုတ်

ရင်နင့်ဖွယ်ရာကောင်းတယ်ဗျာ

အဆုံးသတ်မှာ ပျော်ရမှာပါ

Congratulations! This post has been upvoted from the communal account, @minnowsupport, by Don Jaun from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ဇာတ်လမ်းတွေဆုံးအောင်မပြည့်ဖြစ်တာကြာပါပီ

အလုပ်တွေ ရှုပ်နေတယ် ထင်ပါ့

ကိုဒွန်ေ ပြာတာနဲ့ ကြည့်‌ချင်‌လာပြီ။

ကောင်းတယ်ကြည့်ကြည့်

မီကာ ဘာဆက်ဖြစ်မလည်း အားပေးဖို့ စောင့်နေပါတယ် ဘဒို

Congratulations @donjaun! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You published a post every day of the week

Click here to view your Board of Honor
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Do not miss the last post from @steemitboard:

The new Steemfest³ Award is ready!
Be ready for the next contest!

Support SteemitBoard's project! Vote for its witness and get one more award!

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 64498.18
ETH 3079.08
USDT 1.00
SBD 3.86