Weekend Movie:: Master ZsteemCreated with Sketch.

in #myanmar5 years ago

FB_IMG_1527335451652.jpg

ပဿနာ ဆိုတဲ့ အမျိုးက ကိုယ်က မရှာရင်တောင် သူ့သူ ရောက်ရောက် လာတတ်တယ်။ ရေစက် ဆိုတဲ့ အမျိုးကလည်း ပြောရခက်သား။ ကောင်းတာမှ မဟုတ်ဘူး၊ မကောင်းတာလည်း ဆုံရ ပြန်တာပဲ။ ရေစက် မဟုတ်လား။ ၀ဋ်ကြွေးလို့လည်း ပြောလို့ ရမယ် ထင်ပါ့။ တခါတလေ ရှောင်လွှဲလိုက်က ကောင်းပေမယ့်၊ တချို့ ပြဿနာတွေကြပြန်တော့ ရှောင်လွှဲ လိုက်ရုံနဲ့ မပြီး ပြန်ဘူးလေ။

IP Man နှင့် သိုင်းစွမ်းခြင်း (Wing Chun) ယှဉ်ပြိုင်ရာမှ ရှုံးနိမ့်ခဲ့ပြီးနောက် Cheung Tin Chi (Max Zhang) တယောက် စိတ်ဓါတ်ကျပြီး အခြား တနေရာကို ထွက်လာပြီး ဇာတ်မြှပ် နေနေခဲ့ပါတယ်။ သိုင်း သင်တန်းလည်း မဖွင့်တော့ပါဘူး။ သိုင်းသင်တန်းရယ်မှ မဟုတ်ဘူး သူ့ရဲ့ သည်းခြေကြိုက် Wing Chun သိုင်းကိုပါ မေ့ထား ပစ်လိုက်တာ ဖြစ်ပါတယ်။ Tin Chi တယောက် ကုန်စုံဆိုင်လေး ဖွင့်ပြီး သား အဖ နှစ်ယောက် အေးအေး လူလူ နေထိုင်ပါတယ်။

တရက် သူ့သားကို ကျောင်းပို့ပြီး အပြန် ပစ္စည်း ၀င်ပို့ပါတယ်။ လမ်းမှာ မိန်းကလေး (၂) ယောက်နှင့် လူတအုပ် တိုက်ခိုက်နေကြတာနှင့် သွားကြုံပါတယ်။ သူ့ စက်ဘီးကို ၀င်တိုက်ကြပြီး လူအုပ်ထဲက ခေါင်းဆောင်က သူ့အသား မွေးနေ့ အတွက် ၀ယ်လာတဲ့ လက်ဆောင်ပစ္စည်းကို တိုက်ချမိပါတယ်။ ဒါကို Tin Chi က ပြောတော့ မတောင်းပန် တဲ့ အပြင် လက်ဆောင်ကို ခပ်ဝေးဝေး ထပ်လွှင့်ပစ်ပါတော့တယ်။ ဒါနဲ့ပဲ ရန်ပွဲထဲကို Tin Chi ပါလာပါတော့တယ်။ သူတို့ အားလုံးက Tin Chi ရဲ့ ပြိုင်ဖက်တွေ မဟုတ်ကြပါဘူး။ အားလုံး Tin Chi လက်ချက်နှင့် အတုံးအရုန်း မှောက်ကုန်ကြပါတော့တယ်။ ဒဏ်ရာ ကိုယ်စီနဲ့ပေါ့။

44758722_800283956982805_5795029957507809280_o.jpg
photo from Google

တအောင့်နေတော့ ရဲတွေ ရောက်လာပြီး ရန်ပွဲမှာ ပါတဲ့ သူတွေအားလုံးကို ဖမ်းခေါ်သွားပါတော့တယ်။ မိန်းကလေး (၂) ယောက်က Nana (Chrissie Chau) နှင့် Julia (Liu Yan) တို့ ဖြစ်ပါတယ်။ Nana က ဆေးစွဲနေတာပါ။ သူမဟာ ဘိန်းခန်း မကြာခဏ သွားပါတယ်။ ဘိန်းခန်း ပိုင်ရှင်က Tso Sai Kit (Kevin Cheng) ဖြစ်ပါတယ်။ Tin Chi သားရဲ့ မွေးနေ့ လက်ဆောင်ထုပ်ကို ၀င်တိုက်ချမိပြီး လွှင့်ပစ်သူပေါ့။ Nana က ဘိန်း သွားသွား ရှုပြီး ပိုက်ဆံက မပေးခဲ့ပါဘူး။ အကြွေးတွေ များလာလို့ Kit က Nana ကို ပြန်မလွှတ်တော့ပဲ တယောက်က ပိုက်ဆံ လာပေးမယ့် သွားခွင့်ပြုမယ်ဟု ခြိမ်းခြောက် ပြောဆို၏။ သို့နှင့် Nana က Julia ကို phone ဆက်ခေါ်လိုက်ခြင်း ဖြစ်၏။ ကျသင့်သည့် ပိုက်ဆံ ပေးပြီးသည့် အပြင် Kit က အပိုတောင်းရာမှ ပြဿနာ ဖြစ်ကြခြင်း ဖြစ်၏။ မဆီမဆိုင် Tin Chi က ထိုရန်ပွဲထဲ ပါသွားခြင်း ဖြစ်၏။

ရဲစခန်း ရောက်တော့ Kit တို့ အဖွဲ့ကို စခန်းမှူးက လွှတ်ပေးလိုက်၏။ အမှန်တော့ စခန်းမှူးက အကျင့်ပျက် ခြစားနေသူ ဖြစ်၏။ သာမန် လူတယောက်လိုပဲ အေးအေးချမ်းချမ်း နေတော့မည်ဟု ဆုံးဖြတ်ထားသည့် Tin Chi အဖို့တော့ မုန်တိုင်းက အစပျိုးလာခဲ့ပြီ ဖြစ်၏။ ဘာတွေ ဘယ်လို ဆက်ဖြစ်ကြမလဲ ဆိုတာကိုတော့ ပိတ်ကားထက်မှာ ဆက်လက် စောင့်ကြည့်ကြပါလို့ …

S90303-12560317(1).jpg
photo from Google

ယခု ဇာတ်ကားသည် အက်ရှင်ကား (တိုက်ခိုက်ရေး အသားပေး) ကြိုက်သူများ အဖို့ လက်မလွှတ်သင့်သည့် ဇာတ်ကား ကောင်းတကား ဖြစ်၏။ IP Man ဇာတ်လမ်းထဲမှာ IP Man နှင့် အပြိုင် ဖြစ်ခဲ့သည့် Master Z အကြောင်း တစိတ်တဒေသကို သီးသန့် ရိုက်ပြထားခြင်း ဖြစ်၏။ ကြည့် ကြည့်ပါလို့သာ တိုက်တွန်းပါရစေ။

Director
Yuen Woo-ping

Cast
Max Zhang, Dave Bautista, Liu Yan, Xing Yu, Michelle Yeoh, Tony Jaa, Kevin Cheng, Chrissie Chau

Don Jaun

MSC 31

Sort:  

ဆာမန်​နဲ့ြ ပိုင်​တုန်းက ဝမ်​ချန်းကို ​ခြေ​ထောက်​ပိုသုံးတာ​တွေ နည်းစနစ်​​သွေဖီတာ​တွေကို သူမကြိုက်​ခဲ့တာ
နောက်​ဆုံး Dave နဲ့ ယှဉ်​ရ​တော့မှ ဆာမန်​ သုံးတဲ့ အကွက်​​​ပြ​န်​မြင်​တာကို ပြသွား​သေးတယ်​​နော်

ဟုတ်ပ

Congratulations! This post has been upvoted from the communal account, @minnowsupport, by Don Jaun from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Congratulations @donjaun! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You got more than 800 replies. Your next target is to reach 900 replies.
You published a post every day of the week

Click here to view your Board
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Do not miss the last post from @steemitboard:

Carnival Challenge - Collect badge and win 5 STEEM
Vote for @Steemitboard as a witness and get one more award and increased upvotes!

ကြည့်ကြည့်မယ်ဗျာ

!bookkeeping drugwars

Please use one of the following keywords after !bookkeeping:

drugwars steemmonsters magicdice steemslotgames steembet moonsteem

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 64507.66
ETH 3080.07
USDT 1.00
SBD 3.85