Weekend Movie :: Raid

in #myanmar6 years ago

image

Weekend Movie :: Raid

အခွန်ငွေဆိုတာ အုပ်ချုပ်ရေး ယန္တာယားအတွက် ပင်မထောက်တိုင်ပါပဲ။ ပြည်သူလူထု ကောင်းစားဖို့အတွက် အခွန်ငွေတွေကို အသုံးပြုရပါတယ်။ ဒါကြောင့် အခွန်ဝန်ထမ်းတွေရဲ့ အခန်းကဏ္ဍက အရေးပါသလို အခွန်ထမ်းဆောင်ရမည့် ပြည်သူတွေ အနေဖြင့်လည်း မိမိတာဝန်ကို မိမိကျေဖို့လိုပါတယ်။

Amay Patnaik (Ajay Devgn) ဟာ အခွန်ဝန်ထမ်း ဦးစီးမှူးတယောက် ဖြစ်ပါတယ်။ Amay ဟာ သူ့ရဲ့ ချစ်ဖို့ကောင်းတဲ့ ဇနီးချောလေး Malini (IIeana D’Cruz) နှင့် ပျော်ရွှင်စွာ အတူနေပါတယ်။ Amay ရဲ့ ထူးခြားချက်က ရိုးသားကြိုးစားပြီး မိမိအလုပ်အပေါ်ကို သစ္စာရှိခြင်း ဖြစ်ပါတယ်။ ဒီအတွက်ကြောင့်ပဲ သူဟာ မကြာခဏ နေရာပြောင်းရွှေ့ခံရပါတယ်။ ဘယ်နေရာပဲ ရောက်ရောက် သူဟာ သူလုပ်ရမယ့် အလုပ်ကို မှန်မှန်ကန်ကန်နဲ့ သေသေချာချာလုပ်ပါတယ်။

image
photo from Google

Amay ရွှေ့ပြောင်းခံရတဲ့ မြို့မှာ မြို့ရဲ့ မျက်နှာဖုံး မြေပိုင်ရှင် ဆောက်လုပ်ရေး လုပ်ငန်းရှင်ကြီး Rameshwar Singh တယောက် ရှိပါတယ်။ သူဟာ ပါလီမန် အဖွဲ့ဝင် တဦးလည်း ဖြစ်ပါတယ်။ နောက်တချက်က မြို့နေလူထု တော်တော်များများကို သူက ကူညီပေးခဲ့ဖူးပါတယ်။ မြို့သူ မြို့သားတွေဟာ သူ့ကို အတော်ချစ်ခင် ရိုသေကြပါတယ်။ ထိုကဲ့သို့သော သူမျိုးနှင့် Amay တယောက် ထိပ်တိုက်တွေ့ဖို့ ဖြစ်လာခဲ့ပါတယ်။ Rameshwar ဟာ အခွန်ရှောင်တိမ်းမှု ရှိထားခဲ့ခြင်းကြောင့် ဖြစ်ပါတယ်။ ဒီအချက်ကို သက်သေနှင့်တကွ တိတိကျကျ သတင်းပေးသူ ရှိပါတယ်။

Amay တယောက် အခက်အခဲနှင့် ရင်ဆိုင်ရပါပြီ။ မြို့မျက်နှာဖုံး လူကြီးတယောက်အိမ်ကို ၀င်ရောက် ရှာဖွေခွင့် ရဖို့က လွယ်တဲ့ကိစ္စ မဟုတ်ပါဘူး။ သို့ပေမယ့် Amay တယောက် စွန့်စားလိုက်ပါတယ်။ သူ့အထက်အရာရှိကို တင်ပြပြီး Rameshwar အိမ်ကို ၀င်ရှာဖို့ ခွင့်ပြုမိန့်တောင်းခံလိုက်ပါတယ်။ ခွင့်ပြုမိန့် ရပြီးတာနှင့် Amay တယောက် ပြင်ဆင်စရာ ရှိတာတွေကို ပြင်ဆင်ပါတော့တယ်။ သူ ဘယ်နေရာကို သွားစစ်ဆေးမည် ဆိုတာကို သူ့ဝန်ထမ်းတွေကိုတောင် အသိမပေးထားခဲ့ပါတယ်။ သွားစစ်ဆေးမည့် မနက် စောစောမှ ချိတ်ပိတ်ထားတဲ့ စာအုပ် တအိတ်စီပေးမည်ဟုသာ မစစ်ဆေးခင် ရှေ့တရက်မှာ အရိပ်အမြွတ်မှာကြားရုံလောက်ပဲ လုပ်ခဲ့ပါတယ်။ ခုစစ်ဆေးရေးက အလွန်ပဲ အရေးကြီးတာမို့ သတင်းပေါက်ကြားမှု မရှိအောင်လို့ Amay တယောက် သေချာလုပ်ဆောင် ရခြင်း ဖြစ်ပါတယ်။

image
photo from Google

Amay တယောက် Rameshwar အိမ်မှာ သူလိုချင်တဲ့ အရာတွေ ရှာတွေ့ပါ့မလား၊ အရှိန်အ၀ါရှိတဲ့ Ramewshwar တယောက်ကလည်း သူ့အိမ်၊ သူ့အပေါ်မှာ ခုလို ပြုမူမှုကို ကြည်ကြည်ဖြူဖြူနှင့် လက်ခံပါ့မလား၊ ဒါမှမဟုတ် ဘယ်လို တုန့်ပြန်မလဲ၊ နောက်တခုက Amay ကို သတင်းပေးသူကကော သူ့ကို တကယ့်သတင်းအမှန်ပေးခဲ့တာလား၊ ဒါမှမဟုတ် Amay ကို ချောက်ချဖို့အတွက် အကွက်ချ စီမံတာကိုလား ဆိုတာကိုတော့ ပိတ်ကားထက်မှာ ဆက်လက် ရှုစားကြပါလို့

image
screenshot from movie

ဒီဇာတ်ကားလေးဟာ ဖြစ်ရပ်မှန်ပေါ်ကို အခြေံပြီး ရိုက်ကူးထားတဲ့ ကားလေး ဖြစ်ပါတယ်။ အိန္ဒိယ ဇာတ်ကားတွေရဲ့ သသောသဘာဝအတိုင်း လှည့်ကွက်လေးတွေနှင့် စိတ်ဝင်စားအောင် ဆွဲခေါ်သွားနိုင်တဲ့ ဇာတ်ကားကောင်း တကား ဖြစ်ပါတယ်။ ခုလို မိုးအေးအေးလေးမှာ အပြင်သွားဖို့လည်း ပျင်းတယ်၊ ဇာတ်ကားလေးကြည့်ပြီး အနားယူမယ် တွေးထားရင် ခု ဇာတ်ကားလေးဟာ ကြည့်သင့်တဲ့ကားလေး၊ စိတ်အပန်းပြေစေမယ့် ကားလေးဖြစ်တယ်လို့ အကြုံပြုပါရစေ။

Director
Raj Kumar Gupta

Cast
Ajay Devgan, IIeana D’Cruz, Gayathri Lyer, Saurabh Shukla, Saanand Verma, Sheeba Chaddha

Don Jaun

MSC 31

Coin Marketplace

STEEM 0.25
TRX 0.11
JST 0.032
BTC 61645.58
ETH 3013.85
USDT 1.00
SBD 3.71