မြန်မာ ပြန်လာပြီ (Chapter 1)

in #myanmar5 years ago

FB_IMG_1527335451652.jpg

မနေ့က မြန်မာအသင်း မလေးရှားအသင်းနှင့် AFF Suzuki Cup အုပ်စု နောက်ဆုံးပွဲ ကစား၏။ ယခုပွဲမှာ သရေ ကျရုံနှင့် မြန်မာအသင်း နောက်တဆင့် (Semi Final) သို့ တက်လှမ်းရမည် ဖြစ်၏။ သို့သော် တကယ့် တကယ်မှာတော့ မြန်မာအသင်းသည် မလေးရှား အသင်းကို (၃-၀) ဖြင့် ဂိုးပြတ် ရှုံးနိမ့်ခဲ့၏။ ဂိုးပြတ်ခဲ့ပေမယ့် ခြေစွမ်းအားဖြင့် သိပ်မကွာခဲ့ပေ။ မလေးရှားက ပိုကောင်းနေ၍လည်း မဟုတ်ပေ။ မြန်မာအသင်းကကို ယခင်ပွဲများမှာ စွမ်းဆောင်ပြခဲ့သော ခြေစွမ်းမျိုးကို မရှိနေခြင်း ဖြစ်၏။ မလေးရှားနှင့်ပွဲမှာ နည်းပြ၏ လူထုတ်ပုံကလည်း မေးခွန်းထုတ်စရာများ ရှိနေခဲ့၏။ အဆိုးဆုံးက မြန်မာကစားသမားတွေ အနိုင်ယူလိုစိတ် ပျောက်ဆုံးနေခြင်းပင် ဖြစ်၏။

နိုင်ငံလက်ရွေးစဉ် အဆင့် အသင်းကြီးကို ဝေဖန်ဖို့ ကျနော့် အသိဥာဏ် ဗဟုသုတလေးနှင့် မရဲပေ။ သို့သော် မြန်မာအသင်းနှင့် ပတ်သက်ပြီး မြင်တွေ့ခံစားနေရသည်ကိုတော့ ရင်ဖွင့်လို၏။ ပွဲလည်း ရှုံးခဲ့ပြီးပြီ ဖြစ်သဖြင့် ဘယ်သူ့ ဘယ်သူကိုမှ မှန်တယ်၊ မှားတယ် မပြောလိုလှပေ။ ကျနော့် တကိုယ်ထဲ အမြင်နှင့် ပြောရလျှင် မြန်မာအသင်းသည် ဘောလုံး မကစားတတ်သေးဟု ဆိုရပေလိမ့်မည်။ ဟ ဘယ်လိုကြီးတုန်း မင်းဟာက လက်ရွေးစဉ် အသင်းကြီးကို ဘောလုံး မကစားတတ်သေးဘူး ဆိုတော့။ မြန်မာအသင်း ဘောလုံး မကစားတတ်သေးဘူးဆိုတာ အမှန်ပင် ဖြစ်၏။ မြန်မာအသင်းသည် ဘောလုံး ကန်တတ်ခြင်းသာ ဖြစ်၏။ မကစားတတ်သေးပေ။ ဒါဖြင့် ဘောလုံး ကစားတာ ဘယ်လိုမျိုးလည်း မေးက ဒေသတွင်း ပြိုင်ဖက်ဖြစ်သည့် ထိုင်းအသင်းကို ပြရပေလိမ့်မည်။

ထိုင်းအသင်းသည် ဘောလုံးကောင်းကောင်း ကစားတတ်၏။ ဒေသတွင်းက အခြားပြိုင်ဖက်တွေထက် အမြဲတမ်း နှာတဖျား သာနေလေ့ ရှိ၏။ ထိုင်းပြီးလျှင် ဗီယက်နမ် အသင်းကို မြင်မိ၏။ ပြောရလျှင် မလေး၊ အင်ဒို၊ စင်္ကာပူ တို့တောင် မြန်မာအသင်းထက် ဘောလုံးကို ကစားတတ်၏။ လက်ရှိ ကျနော်တို့ မြန်မာအသင်းသည် ရွှေခေတ်အလွန်၊ ငွေခေတ်အလွန်ကတည်းက ပြန်လည် ဦးမော့လာနိုင်ခြင်း မရှိခဲ့ပေ။ အားမနာတမ်း ပြောရလျှင် ကြေးခေတ် အဆင့်တောင် မဟုတ်လိုက်ပေ။ တချိန်က အင်အားကြီး အသင်း ဖြစ်ခဲ့ပေမယ့် ခုချိန်ခါမှာတော့ ဖျက်မြင်း အဆင့်ထက် မပိုခဲ့ပေဟုသာ ရင်နာနာနှင့် သုံးသပ်ရပေလိမ့်မည်။

FB_IMG_1543069523979.jpg
photo from AFF Suzuki Facebook Page

အားကစားကို ပြောလျှင် အားကစားတခုတည်းကိုသာ ကွက်ပြီး ပြောနေလို့ မရပေ။ နိုင်ငံလက်ရွေးစဉ် ဖြစ်သဖြင့် နိုင်ငံ အဆင့်နှင့် ချီပြီးပြောမှ ရပေလိမ့်မည်။ ကျနော်တို့ မြန်မာ အများစုသည် ဖြစ်ချင်စိတ်က ကြီးကြီး၊ လုပ်ချင်စိတ်က နည်းနည်း ဖြစ်နေ၏။ အားကစားနည်း တခု သေချာ ထွန်းပေါက် အောင်မြင်လာနိုင်ဖို့ အခြေခံကနေ စပြီး သေချာ ပြင်ဆင်ဖို့ လို၏။ အားကစားနှင့် ပတ်သက်ပြီး ကျနော်တို့ နိုင်ငံ၏ ပံ့ပိုးနိုင်စွမ်းက အားရစရာ မရှိလှပေ။ လိုအပ်ချက်တွေ ရှိနေသေး၏။ လိုအပ်ချက်ဆိုတာကတော့ အမြဲ ရှိနေမှာပဲလေဟု စောဒက တက်စရာ ရှိ၏။ သို့သော် လုံလောက်အောင် ပံ့ပိုးထားနိုင်ခြင်း မရှိဆိုသည်ကိုတော့ လက်ခံ ရပေလိမ့်မည်။

တခြား အားကစားနည်းများ ခဏထား၊ မြန်မာလူမျိုးများ၏ သည်းခြေကြိုက် အားကစား ဖြစ်တဲ့ ဘောလုံး အကြောင်းပဲ ပြောကြည့်ရအောင်။ မြန်မာမှာ နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်လောက်သည့် လောက်လောက်လားလား ဘောလုံး အကယ်ဒမီ ဘယ်နှယ်ခုများ ရှိသနည်း။ အာဆီယံ ဒေသတွင်း ပြိုင်ဖက်များနှင့် ပဲ အရင် ယှဉ်ကြည့်စေလို၏။ နောက်တခုက အဆင့်မီ ဘောလုံးကွင်း ဘယ်နှယ်ခုများ ရှိသနည်း။ အဆင့်မီ ဘောလုံးကွင်း မပြောနှင့် ၀ါသနာရှင် ကလေးငယ်၊ လူငယ်များ လွတ်လပ်စွာ လေ့ကျင့် ကစားနိုင်ဖို့ ဘောလုံးကွင်း ဘယ်နှယ်ကွင်း ရှိသနည်း။ ဘယ်လ်ဂျီယံအသင်း ဘယ်လို ဥရောပ အင်အားကြီး အသင်းတသင်း ဖြစ်လာအောင် တည်ဆောက်ခဲ့လဲ ဆိုတာကို လေ့လာကြည့်စေချင်၏။

ဆက်ပါဦးမည်

Don Jaun

MSC 31

Sort:  

steem ဒေ ဈေးတွေ တက်မှ လိုက်ဆောက်ပေးရအောင် နော့ ခုတော့ ခုတော့ ဈေးလေးကြည့်ရင်း

ဈေးလေးကြည့်ရင်းကြည့်ရင်း ....

Congratulations @donjaun! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You published a post every day of the week

Click here to view your Board of Honor
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Support SteemitBoard's project! Vote for its witness and get one more award!

Motivate ချင်း မညီကြဘူးလေ

Posted using Partiko Android

ဝမ်းနည်း စရာတွေပေါ့ ဗျာ

Coin Marketplace

STEEM 0.33
TRX 0.11
JST 0.034
BTC 66438.74
ETH 3268.32
USDT 1.00
SBD 4.39