မြန်မာ ပြန်လာပြီ (Final Chapter)

in #myanmar5 years ago

FB_IMG_1527335451652.jpg

တခုခုဆိုလျှင် ဘတ်ဂျက်ဆိုသည့် စကားကြီးကို ကျနော်တို့ တွင်တွင်ကျယ်ကျယ် သုံးလေ့ရှိ၏။ အဲ့ ဘတ်ဂျက် ဆိုတာကြီးကို ထိုင်စောင့်နေလို့ကတော့ ဘာမှ ဖြစ်လာမည် မဟုတ်ပေ။ လုပ်သင့်တာကို သေသေချာချာလေး စီမံကိန်းချပြီး လုပ်စေချင်၏။ မြန်မာအသင်းကို မြန်မာလူမျိုးတိုင်း ချစ်၏။ တိကျ သေချာပြီး ခိုင်မာသော အစီအစဉ်များ ချမှတ်ပေးနိုင်လျှင် အစိုးရ ဘတ်ဂျက် ဆိုတာကြီးကို စောင့်နေစရာမလိုပဲ မြန်မာလူမျိုးများ၏ တယောက်စ၊ နှစ်ယောက်စ ပါဝင်လှူဒါန်း ထည့်ဝင်ငွေများနှင့် စလို့ ရ၏။ မိမိမြို့၏ ကိုယ်ပိုင် ဘောလုံး အကယ်ဒမီမှ ကစားသမားကောင်းများကို မွေးထုတ်ပေးနိုင်မည့် အခွင့်အလမ်းကို မလိုချင်ဘူး ဆိုသည့် ဘယ်မြို့သူ၊ မြို့သားမှ မရှိဘူးဟု ကျနော် ယုံကြည်၏။

တချို့တချို့ သော ဒေသလေးတွေမှာ ကိုယ်ထူကိုယ်ထ တပိုင်တနိုင်လေး စတင်နေကြပြီဟု ကြားရ၊ မြင်ရ၊ ဖတ်ရလေ့ ရှိ၏။ ထိုကဲ့သို့သော ဒေသမျိုး၊ နေရာမျိုးများကို တာဝန်ရှိသူများက သေချာသေချာလေး စီမံကိန်း ချပြီး ကူညီ လမ်းညွှန်ပေးစေလို၏။ လူငယ် ကစားသမားများကို သေချာ လေ့ကျင့် သင်ကြားပေးစေလို၏။ မြန်မာလူငယ် ကစားသမားများသည် ခြေစွမ်း ခြေစ မသေးကြပေ။ ခက်နေသည်က လူငယ်အဆင့် ပြိုင်ပွဲများမှာ သူတင်ကိုယ်တင်၊ သူနိုင်ကိုယ်နိုင် အပြိုင်ကျဲနိုင်ပေမယ့် လက်ရွေးစဉ် အဆင့်သို့ ရောက်သွားလျှင် မည်သို့ မည်ပုံ ဖြစ်သွားသည် မသိပေ။ ဤအချက်ကိုလည်း ကျနော်တို့ သတိထားပြီး သေချာပြင်ဆင်နိုင်ဖို့ လိုမည် ဖြစ်၏။

ယခင်ထက် စာလျှင်တော့ နည်းစနစ်ပိုင်း၊ စည်းကမ်းပိုင်း ကောင်းလာပြီ ဟု ပြောလို့ ရပေမယ့် လိုအပ်ချက်တွေကတော့ ရှိနေသေး၏။ Myanmar National League ဆိုသည့် အမှတ်ပေးပြိုင်ပွဲ၏ အချို့အချို့သော ပွဲစဉ်များသည် ရပ်ကွက်ပွဲ အဆင့်သာသာ သာ ရှိနေသေး၏။ ခြေစွမ်း ခြေစသာ ရပ်ကွက်ပွဲ အဆင့် မဟုတ်ပေ။ ကစားသမားများ၏ စိတ်ဓါတ်ပိုင်းကအစ ရပ်ကွက်ပွဲ အဆင့်သာသာ ဖြစ်နေသေး၏။ ဒိုင်လူကြီးကို စောဒက တက်မှု၊ နာခံမှု စသည့် အချက်များက ရုပ်ပျက် ဆင်းပျက် နိုင်လောက်အောင် ဆိုးရွားလှ၏။ ဒိုင်လူကြီး မှားယွင်း ဆုံးဖြတ်လျှင် နစ်နာရသည် မှန်၏။ သို့သော် သူ၏ မှားယွင်း ဆုံးဖြတ်မှုကို ထိုက်သင့်သလောက်၊ လိုအပ်သလောက်သာ စောဒက တက်သင့်၏။ ထိုထက်ပိုပြီး စောဒက တက်က မိမိအတွက် နစ်နာစရာသာ ရှိ၏။ ဒိုင်လူကြီးမှားက၊ ဘက်လိုက်က ပွဲပြီးသွားလျှင် သက်ဆိုင်ရာ စည်းကမ်း ထိန်းသိမ်းရေးက အရေးယူ ပေးလိမ့်မည်။

FB_IMG_1543235015138.jpg
photo from Facebook

ဒေသတွင်း ပြိုင်ဖက် ထိုင်း၊ ဗီယက်နမ်၊ မလေး၊ အင်ဒို တို့သည် ယခုအချိန်မှာ ကျနော်တို့ထက် သာလွန်သော အခြေအနေ တရပ်သို့ ရောက်နေပြီ ဖြစ်၏။ ကျနော်တို့မှာ သူတို့ထက် သာသည်ဆိုလို့ စိတ်ဓါတ်နှင့် ကစားအားသာ ရှိ၏။ ပိုဆိုးသည်က မြန်မာကစားသမားများသည် ပွဲကစားနေစဉ် အတွင်းမှာပင် စိတ်ဓါတ် အတက်အကျက မြန်ဆန်လွန်းလှ၏။ မြန်မာအသင်း တိုးတက်မှု ရှိလာသလား၊ မရှိလာဘူးလားဆိုလျှင် ကျနော် မည်သို့ ဖြေရမည် မသိပေ။ ဟ (U-20) ကမ္ဘာ့ဖလား ပြိုင်ဆိုင်ခွင့် ရထားတာပဲဟု ကတ်သီးကတ်သတ်တော့ မပြောလိုလှပေ။ ကျနော် ပြောလိုသည်က လက်ရွေးစဉ် အဆင့် ဖြစ်၏။ အထက်မှာ ဆိုခဲ့သည့်အတိုင်း သက်တမ်းအလိုက် ပြိုင်ပွဲများမှာ လူငယ်များ ခြေစွမ်းပြနိုင် ကစားနိုင်လာသည်ကို လက်ခံ အသိ အမှတ်ပြု၏။ လက်ရွေးစဉ် အဆင့်မှာတော့ ခုချိန်ထိ လိုအပ်ချက်များ ရှိနေသေး၏။

ငယ်နိုင်ပါကွာ ဆိုပြီး ကျနော်တို့ ပြောနေလေ့ ရှိသည့် ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင် တို့ကိုတောင် ခုချိန်မှာ သူတင် ကိုယ်တင် ကစားပြီးမှ အနိုင်ယူ နိုင်၏။ ယခင်လို သာသာ ယာယာ ဆော့ကစားပြီး အနိုင် မယူနိုင်တော့ပေ။ ရေကုန် ရေခမ်း ကစားနေရ၏။ ဖိလစ်ပိုင်အသင်း၏ မြန်ဆန်စွာ တိုးတက်လာမှုက ချီးကျူးဖို့ ကောင်းလှပေ၏။ ယခင်က သူ့ထက် အင်အားကြီးပါသည်ဆိုသည့် အသင်းကြီးတိုင်းကို ခြေရည်တူ ကစားလာနိုင် နေပြီ ဖြစ်၏။ ယုတ်စွ အဆုံး အားအနည်းဆုံး ဖြစ်သည့် အရှေ့တီမော အသင်းတောင် ယခင်လောက် ဂိုးပြတ်၊ ခြေပြတ်ကြီး မရှုံးတော့ပေ။ မြန်မာအသင်း တိုးတက်လာလား၊ တန်းနေတာလား၊ လျော့သွားသလား ဆိုသည်ကိုတော့ ကျနော် ဖြေစရာ မလိုတော့ဟု ထင်၏။

FB_IMG_1543235037658.jpg
photo from Facebook

မြန်မာကစာသမားများသည် ရေခံ မြေခံ ကောင်းပြီးသား ဖြစ်၏။ သေသေချာချာ နည်းစနစ်တကျလေး လေ့ကျင့်ပေးလျှင် မဖြစ်မြောက်လာစရာ အကြောင်းကို မရှိပေ။ ကစားသမားတွေ တာဝန်ကျေတယ်၊ မကျေဘူးဟု ကျနော် ဝေဖန်ပြီး မပြောဆိုလိုပေ။ သူတို့လည်း သူတို့ တက်နိုင်သလောက် နိုင်ငံအသင်းအတွက် ပေးဆပ်ထားသည်ဆိုသည်မှာ သံသယ ၀င်စရာ မရှိပေ။ ပရိတ်သက်ကတော့ အမြဲ တာဝန်ကျေခဲ့၏။ ပျော်စရာ ရှိလျှင် ထပ်တူ ပျော်ပြီး၊ ၀မ်းနည်းစရာ ရှိလျှင်လည်း ကိုယ်တိုင် ကစားရသည့် ကစားသမားများနှင့် ထပ်တူ ၀မ်းနည်း ငိုကျွေးကြ၏။ အဘက်ဘက်မှ တာဝန်ရှိသူများက လိုအပ်သည်များကို သေချာပြင်ဆင် အစီအစဉ်ချပြီး မြေတောင် မြှောက်ပေးနိုင်လျှင် ကျနော်တို့ မြန်မာအသင်း ပြန်လည်ဦးမော့လာမည်၊ မြန်မာ ပြန်လာနိုင်မည် ဖြစ်၏။

တချိန်ချိန်မှာ ယခုလို အိပ်စောစော ပြန်လာသည့် မြန်မာအသင်းအစား တခေတ် တခါက အောင်မြင်မှုမျိုးများကို ပြန်ယူပေးမယ့် မြန်မာအသင်းကို ပြန်လာစေချင်ပါသည်။ ပြန်လည်း ပြန်လာမည်ဟု ယုံကြည်ပါသည်။ ထို့ကြောင့် မြန်မာကစားသမားများကို ဘယ်တော့မှ စိတ်မပျက်ပါနှင့် အမြဲ ကြိုးစားပါလို့ မှာလိုပါ၏။ အားပေးဖို့လား မပူပါနှင့် ဘာတွေပဲ ဖြစ်ခဲ့ ဖြစ်ခဲ့၊ ဘာတွေပဲ ဖြစ်နေ ဖြစ်နေ အချိန်တန်လာလျှင်တော့ ကွင်းထဲ (သို့မဟုတ်) TV ရှေ့မှာ ကျနော်တို့တွေ အဆင်သင့် စောင့်နေမှာပါ။ နိုင်ငံတော် သီချင်းကို သံပြိုင်ဆိုပြီး မျက်ရည်တွေ ခမ်းခြောက်သွားမည့် နေ့ကို စောင့်မျှော်လျက် အသံကုန် အော်ဟစ်ပြီး အားပေးနေပါမည်။

Don Jaun

MSC 31

Sort:  

စောင့်နေဆဲ စောင့်နေမြဲပါပဲ့

ဟုတ်ပ

Congratulations! This post has been upvoted from the communal account, @minnowsupport, by Don Jaun from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

အားပေးရတာလည်း လည်ချောင်းကို နာကော

Posted using Partiko Android

အမှန်ပဲ

အာ့လိုနေ့ရောက်မ ဘောပွဲ ကြည့်တော့မယ်😁

Posted using Partiko Android

တနေ့နေ့ပေါ့ ဗျာ

အားပေးဆဲ အားပေးမြဲပေါ့ဗျာ

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.032
BTC 63671.94
ETH 3040.89
USDT 1.00
SBD 4.01