အရွယ်​လွန်​ရင်​ခုန်​သံ

in #myanmar5 years ago

"ဒီ​နေ့ဘယ်​ချက်​ရင်​​ကောင်းမလဲ။"ဟူ​သောအ​တွေးဖြင့်​လဲ့လဲ့တစ်​​ယောက်​အိပ်​ယာမှနိုးထလာခဲ့သည်​။မနက်​​၅နာရီ​လောက်​အိပ်​ယာထကာအိပ်​ချင်​မူးတူးဖြင့်​ထမင်းအိုး​လေးတစ်​လုံး​ကောက်​တည်​လိုက်​သည်​။
ထို့​နောက်​​ရေချိုးခန်းဝင်​၍ကိုယ်​လက်​သန့်​စင်​ပြီးဘုရား
ဝတ်​ပြုလိုက်​သည်​။ထို့​နောက်​ထမင်းကျက်​သည်​နှင့်​ဘုရားဆွမ်း​တော်​ကပ်​လိုက်​သည်​။
မိခင်​နှင့်​ဖခင်​နိုးလာ​သောအခါအဆင်​သင့်​စားနိုင်​ရန်​ထမင်းကြမ်းနှင့်​ကြက်​ဥ​ကြော်​လိုက်​သည်​။
ထို့​နောက်​​ရေ​နွေးအိုး​လေးတစ်​လုံးတည်​လိုက်​ပါသည်​။အ​ဖေနှင့်​အ​မေနိုးလာ​သောအခါ၌​ကော်​ဖီတစ်​ခွက်
စီ​ဖျော်​ဖို့ပြင်​ဆင်​လိုက်​ပါသည်​။
ဤသည်​ကားအပျို ကြီးလဲ့လဲ့၏တစ်​​နေ့တာဝန်​ဝတ္ထရားများပင်​ဖြစ်​ပါသည်​။လဲ့လဲ့သည်​​အထက်​တန်းပြဆရာမတစ်​ဦးဖြစ်​သည်​။ညီအစ်​ကို​မောင်​နှမ၃​ယောက်​ရှိသည့်​အနက်​အစ်​ကိုနှစ်​​ယောက်​မှာအိမ်​​ထောင်​ကိုယ်​စီကျပြီးတနယ်​တ​ကျေး၌တာဝန်​ကျ​နေ​ပေသည်​။
ထို့​ကြောင့်​အသက်​၇၀​ကျော်​မိဘနှစ်​ပါးနှင့်​လဲ့လဲ့သာအိမ်​၌ကျန်​ခဲ့သည်​။လဲ့လဲ့လစာ​လေးနှင့်​ကြီးမြင့်​လာ​သော ကုန်​​ဈေးနှူန်းအားဟန်​ချက်​ညီ​အောင်​ထိန်းသိမ်း​နေရ​ပေ
သည်​။
မိဘနှစ်​ပါးအားမနက်​စာဖြင့်​ပြင်​ဆင်​​ကျွေး​မွေးပြီး​နောက်​လဲ့လဲ့တစ်​​ယောက်​ခြင်း​တောင်း​လေးဆွဲရင်း​ဈေးသို့လာခဲ့
သည်​။ယ​နေ့တနင်္ဂ​နွေ​နေ့ဖြစ်​သဖြင့်​လဲ့လဲ့တစ်​​ယောက်​တပတ်​စာ​ဈေးဝယ်​ရန်​ထွက်​လာခဲ့သည်​။
လက်​ထဲ၌ပါလာ​သောတစ်​​သောင်းတန်​​လေး၂ရွက်​အား ကျစ်​ကျစ်​ပါ​အောင်​ဆုပ်​ကိုင်​ရင်းဖြင့်​တပတ်​စာ​ဈေးဝယ်​ရန်
စဉ်းစား​နေမိသည်​။
ပထမဆုံးဝင်လိုက်​မိသည့်​​ဈေးဆိုင်​ကားကြက်​သားဆိုင်​ဖြစ်​သည်​။
"အစ်​မ​ရေညီမကိုကြက်​သား​၂​ထောင်​ဖိုး​ပေးပါ။"
ဟု​ပြောလိုက်​ပြီး​ဈေးသည်​ချိန်​​ပေးသည်​ကိုကြည့်​​နေမိ
သည်​။ကြက်​သား၂​ထောင်​ဖိုးသည်​၃ဆယ်​သားမပြည့်​တပြည့်​ရရမည်​ကိုအစိတ်​သား​ကျော်​​ကျော်​က​လေးသာ
ဖြစ်​သည်​ကို​တွေ့​သော်​လည်း​စကားနည်းရန်​စဲ​ရေငုံနူတ်​ပိတ်​ဖြင့်​သာကြက်​သားထုတ်​က​လေးအား​ဈေးခြင်း​ထဲထည့်​လိုက်​ပြီးယူလာခဲ့သည်​။
ထို့​နောက်​ပုဇွန်​ထုပ်​ကြီးများ​ရောင်းသည့်​​ဆိုင်​​ရှေ့​၌ပုဇွန်​ထုပ်​ဝယ်​ဖို့စဉ်းစားရင်းလက်​ထဲကိုင်​လာသည့်​ပိုက်​ဆံ
က​လေးအားကြည့်​မိသည်​။
"ညကအ​ဖေပုဇွန်​ထုပ်​စားချင်​လိုက်​တာ"ဟု​​ပြောသည်​ကို
စဉ်းစားမိရင်းဝယ်​ဖို့ဆုံးဖြတ်​ရင်း
"အ​ဒေါ်ပုဇွန်​ထုပ်​ဘယ်​​ဈေးလဲ"ဟု​မေးလိုက်​သည်​။
"တစ်​ဆယ်​သား၁၅၀၀တူမ"ဟု​ပြောသည်​ကိုနား​ထောင်​ရင်းဖြင့်​​ခေါင်းထဲ၌ဝယ်​ဖို့တွက်​ချကိ​နေမိသည်​။
"​လေးဆယ်​သား​ပေးအ​ဒေါ်"ဟု​ပြောသည်​ကိုအ​ဒေါ်ကြီး
မှ"ငါးဆယ်​ယူလိုက်​ပါလားတူမ၊ပိုပိုသာသာ​လေးထည့်​​လိုက်​မယ်​"ဟု​ပြောသည်​ကိုစိတ်​မသက်​မသာဖြင့်​ပင်
ဝယ်​လိုက်​ရသည်​။
ကျန်​သည့်​ပိုက်​ဆံဖြင့်​ငါး​လေး၎ဆယ်​သား၊ကြက်​ဥ​လေး၊ငါး​ခြောက်​က​လေးဝယ်​ရင်းဖြင့်​ပါလာသည့်​ပိုက်​ဆံ​လေး
လည်းကုန်​သ​လောက်​ဖြစ်​သွားသည်​။
ထို့​ကြောင့်​အိမ်​သို့ပြန်​ရန်​​ခြေလှမ်းလိုက်​ပါသည်​။ထိုစဉ်
"လဲ့လဲ့ မဟုတ်​လား။"ဟုနုတ်​ဆက်​သံကြား၍လှည့်
ကြည့်​လိုက်​မိသည်​။
ပုဆိုးတိုတိုဖြင့်​​ဈေးခြင်း​တောင်းကြီးဆွဲလာ​သောဝဝ
ဖိုင့်​ဖိုင့်​အမျိုးသားအား​တွေ့လိုက်​ရသည်​။
"နင်​ဇာနည်​မဟုတ်​လား။"ဟုပြန်​​ပြောရင်းအံအားတသင့်​ကြည့်​​နေမိသည်​။
"နင်​ဝလာလိုက်​တာမနည်းကြည့်​ရတယ်​ဟယ်​။"
"အင်း လဲ့လဲ့; နင်​က​တော့အရင်​အတိုင်းပဲ"
"ဒါနဲ့ နင်​အိမ်​​ထောင်​ကျပြီလား။"ဟု​မေးသည်​ကို
"မကျ​သေးဘူး။နင်​​ရော"ဟုပြန်​​မေးလိုက်​သည်​။
"ငါလည်းမကျ​သေးဘူး။နင့်​ဖုန်းနံပါတ်​​ပေးပါလား;လဲ့လဲ့။"ဟု​ပြောသည်​ကိုဖုန်းနံပါတ်​များအပြန်
အလှန်​​ပေးရင်းဖြင့်​ "ဖုန်းဆက်​လိုက်​သူငယ်​ချင်း​နောက်​မှချိန်းကြတာ​ပေါ့"ဟု​ပြောရင်းနုတ်​ဆက်​ခဲ့သည်​။
အိမ်​အပြန်​လမ်းတ​လျှောက်​အပျိုကြီးလဲ့လဲ့၏အ​တွေးထဲ၌
ဝဝဖိုင့်​ဖိုင့်​ငယ်​သူငယ်​ချင်းဇာနည်​အ​ကြောင်းအ​တွေးတစ်​ရစ်​ဝဲဝဲဖြင့်​ဖြစ်​​နေမိသည်​။
"အရင်​ကထက်​နည်းနည်း​လေးပိုဝတာကလွဲပြီးကြည့်​​လို့အဆင်​​ပြေပါတယ်​​​လေ။"ဟု​တွေးမိရင်းမျက်​နှာ​လေးနီ
မြန်းလာမိသည်​။
ခြင်း​တောင်း​ဆွဲရင်းဖြင့်​ခလုတ်​တိုက်​မိမလိုပင်​ဖြစ်​သွားမိသည်​။အိမ်​အဝသို့လှမ်းဝင်​လာရင်း​ဈေးခြင်း​တောင်းဖြင့်​အိမ်​ခန်းထဲသို့ဝင်​သွားမိသည်​။
"ဟဲ့ သမီးမီးဖိုခန်းထဲဝင်​​လေ။" "ဘာလို့အိပ်​ခန်းထဲဝင်​တာလဲ။"ဟုအ​မေလှမ်း​အော်​သံကိုကြားလိုက်​မိသည်​။
အ​ယောင်​​ယောင်​အမှားမှားဖြစ်​​နေသည်​တိတ်​တခိုးဖြင့်​ရှက်​စနိုးပြုံးလိုက်​မိသည်​။

အပိုင်း(၂)အားဆက်​လက်​​စောင့်​​မျှော်​ပါရန်​။
စာ​ရေးသူ အိအိခိုင်​။
MSC 173

adventure-architecture-bay-196667.jpg
Photo credited from https://www.pexels.com/search/women/

Sort:  

As a follower of @followforupvotes this post has been randomly selected and upvoted! Enjoy your upvote and have a great day!

Looking for some fun games to play on Steemit? Try your luck with Magicdice or Drugwars

Thank for your care.

ဇာတ်ကောင်တွေနဲ့ ဇာတ်အိမ်ဖွဲ့လို့ ကလောင်သွေးလှလှချည်လား

Posted using Partiko Android

😄ဟုတ်​ကဲ့

တခါတလေတော့လည်း သတိရပါတယ်ပေါ့

စိတ်​ကူးယဉ်​ဇာတ်​လမ်း​လေးပါရှင်​😄😄

Ture story လား

Posted using Partiko Android

ဟုတ်​ပါဘူး😄😄

Coin Marketplace

STEEM 0.27
TRX 0.11
JST 0.032
BTC 64579.45
ETH 3101.05
USDT 1.00
SBD 3.83