အရွယ်​လွန်​ရင်​ခုန်​သံ(၂)

in #myanmar5 years ago (edited)

"သမီး​ရေဖုန်းလာ​နေတယ်​။အ​မေကိုင်​လိုက်​မယ်​​နော်​။"
လဲ့လဲ့တစ်​​ယောက်​​ရေချိုး​နေရင်းအိမ်​​ရှေ့ဆီမှအ​မေ့အသံ
အားကြားလိုက်​ရသည်​။
"ဟုတ်​ကဲ့အ​မေ" ဟုပြန်​​ပြောလိုက်​ရင်း​ရေဆက်​ချိုး​နေမိ
သည်​။လဲ့လဲ့​ရေချိုးပြီး​အိပ်​ခန်းထဲဝင်​၍သနပ်​ခါးလိမ်း​နေ
စဉ်​အိပ်​ခန်းထဲသို့အ​မေဝင်​လာခဲ့သည်​။
"ဘယ်​သူဆက်​တာလဲ အ​မေ" ဟု​မေးလိုက်​သည်​။
အ​မေတစ်​​ယောက်​လဲ့လဲ့ကုတင်​​ပေါ်သို့ဝင်​ထိုင်​ရင်းသက်​ပြင်းချလိုက်​သည်​။
"ထက်​ထက်​ဆက်​တာသမီး​ရေ။"
"ထုံးစံအတိုင်း​ငွေလိုလို့တဲ့။ပြီးခဲ့တဲ့လကလည်းသမီးတားမှာစိုးလို့အ​မေဘာမှမ​ပြောခဲ့တာ။ငွေလိုတယ်​ဆိုလို့အ​မေ့လက်​​ကောက်​​လေးတစ်​ဘက်​​ရောင်း​ပေး
လိုက်​တယ်​ကွဲ့။"
ထက်​ထက်​ဆိုသည်​မှာလဲ့လဲ့အစ်​ကိုအကြီးဆုံးမှ​မွေး
သည့်​တူမအကြီးဆုံးဖြစ်​သည်​။ထက်​ထက်​သည်​အ​ဝေး
သင်​ဖြင့်​​ကျောင်းပြီးထား၍online shoppingလုပ်​ကိုင်​​နေသူဖြစ်​သည်​။
တစ်​လတစ်​ခါ​လောက်​ဘန်​​ကောက်​သို့​ဈေးတက်​ဝယ်​​၍
ယိုးဒယားအဝတ်​အထည်​များ​ရောင်းချသူဖြစ်​သည်​။
" ဒီ​ကောင်​မ​လေး​ဈေးလည်း​ရောင်းရတယ်​​ပြောပြီးအမြဲ​လိုလို​ငွေလို​နေတာပဲအ​မေရယ်​။သုံးလိုက်​တာလည်းအရမ်းပဲ။အရင်း​ရောအမြတ်​​ရော​သေချာစီစစ်​ရဲ့လားမသိဘူး။ အ​မေ​ငွေထုတ်​​ပေးလိုက်​တာအစ်​ကိုကြီးတို့သိရဲ့လားအ​မေ။"
"သိတယ်​​ပြောတာပဲသမီးရယ်​။အ​မေလည်းသားကြီးကိုဖုန်းဆက်​မ​မေးရ​သေးဘူး။"
"ဒီတခါလာ​ချေးရင်​အစ်​ကိုကြီးတို့ပါ​ခေါ်လာမှ​ပေးမယ်
လို့​ပြောလိုက်​အ​မေ။ပထမယူထားတဲ့​ငွေ​တွေလည်းသိန်း
၂၀​လောက်​ရှိ​နေပြီ။အ​မေတို့အ​ဖေတို့ကျန်းမာ​ရေး
အတွက်​ကလက်​ထဲ​ခြေ​စောင့်​လက်​​စောင့်​​ငွေရှိမှဖြစ်​မယ်​အ​မေ။သမီးလစာနဲ့ကျူ ရှင်​ပြတာလည်းအိမ်​စားရိတ်​​ပဲသုံး​ရုံပဲ​လောက်​တယ်​ဆိုတာအ​မေလည်းသိရဲ့နဲ့အ​မေ့​မြေး
ကိုသိပ်​အလိုမလိုက်​ပါနဲ့အ​မေ။"
လဲ့လဲ့စကားအဆုံး၌အ​မေမျက်​နှာမ​ကောင်းဖြစ်​သွားသည်​။
"အင်းပါ​အေ အ​မေသိပါတယ်​။"ဟုဆိုကာလဲ့လဲ့အိပ်​ခန်းထဲမှထသွား​လေ​တော့သည်​။
လဲ့လဲ့တစ်​​ယောက်​သက်​ပြင်းချရင်းကုတင်​​ပေါ်ပစ်​လှဲလိုက်​မိသည်​။အသုံးအဖြုန်းကြီးလွန်းလှသည့်​တူမအတွက်​ရင်​​လေးမိသည်​။တ​နေ့တ​နေ့သူမ၏
Facebookအ​ကောင့်​၌တ​နေ့တမျိုးမရိုး​အောင်​လည်​ပတ်​သွားလာသည့်​အ​ကြောင်းများအား​တွေ့​နေရသည်​။
သူမ၌​ယောက်ျားက​လေးသူငယ်​ချင်းအ​ပေါင်းအသင်းကလည်း​ပေါများလှသည်​။
အစ်​ကိုကြီးနှင့်​​ယောင်းမအိမ်​လာလျှင်​တိုးတိုးကြိတ်​ကြိတ်​​ပြောပြ၍ဆုံးမခိုင်းမည်​ဟုလည်း​တွေး​နေမိသည်​။
ထိုစဉ်​ဖုန်းမြည်​လာ၍လဲ့လဲ့​ကောက်​ကိုင်​လိုက်​ပါသည်​။
" ဟယ်​လို အမိန့်​ရှိပါရှင်​။"ဟု​ပြောလိုက်​စဉ်​တစ်​ဖက်​မှအသံ​အော​အော​ယောက်ျားသံတစ်​သံအားကြားလိုက်​ရသည်​။
"ဟယ်​လိုလဲ့လဲ့လား။ ငါဇာနည်​ပါဟ။"
"အင်း ဇာနည်​ ​ပြော"
"ငါကနင်​​ပေးထားတဲ့ဖုန်းနံပါတ်​မဟုတ်​​တော့နင်​လို့မထင်​ဘူးဟ။"
"အင်း လဲ့လဲ့။ ဒါက​နောက်​နံပါတ်​တခုဟ။ဒါနဲ့လဲ့လဲ့နင်​လာမယ်​တနင်္ဂ​နွေ​နေ့အားလား။ငါ​နင့်​ကိုမနက်​စာ
လိုက်​​ကြွေးချင်​လို့​တွေ့ရ​အောင်​​လေဟာ။"
"အားပါတယ်​ ဇာနည်​ရဲ့။"ဟုပြန်​​ပြောရင်းဖြင့်​လဲ့လဲ့၏
ရင်​ခုန်​သံမြန်​လာခဲ့သည်​။
"အဲဒါဆို ငါနင့်​အိ​မ်​ကိုလာ​ခေါ်မယ်​​လေ; လဲ့လဲ့။
နင့်​အ​မေနဲ့အ​ဖေကိုလည်းခွင့်​​တောင်းပြီးသွားကြ
မယ်​​လေ။" ဟု​ပြောပြီးဖုန်းချသွားခဲ့သည်​။
လဲ့လဲ့၏ရင်​ခုန်​သံသည်​ဆယ်​​ကျော်​သက်​က​လေးများကဲ့
သို့လတ်​ဆတ်​သစ်​လွင်​​နေ​တော့သည်​။တကိုယ်​တည်းကြိတ်​ပြုံးရင်းဖြင့်​လဲ့လဲ့၏ပါး​လေးတစ်​ဘက်​နီမြန်းလာခဲ့သည်​။
ထို့​နောက်​အိပ်​ခန်းထဲမှထွက်​ပြီးသီချင်း​လေးတငြီးငြီးဖြင့်
အိမ်​မှူကိစ္စများအားလုပ်​ကိုင်​​နေမိသည်​။
အိမ်​​ရှေ့ဆီမှ "ဒီအပျိုကြီးအခုတ​လောဘာဖြစ်​​နေလည်း
မသိဘူး။သီချင်း​တွေဘာ​တွေဆိုလို့ကွာ။"ဟု​ပြောရင်းတဟားဟားရီ​မော​နေသည့်​အ​ဖေ့အသံကိုလည်းကြားလိုက်​ရသည်​။
ရှက်​စနိုး​လေးပြုံးမိရင်းအိမ်​​နောက်​​ဖေးမှစားပွဲနှင့်​တိုက်​မိသွားသည်​။နာသွားသဖြင့်​တကျွတ်​ကျွတ်​​ရေရွတ်​လိုက်​မိသည်​။
"​ရှင်​​ပြောလို့က​လေးရှက်​သွားပြီးခလုတ်​​တွေဘာ​တွေ
တိုက်​မိသွားပြီ"ဟူ​သောအ​မေ့အသံကိုလည်းကြားလိုက်​ရ​သည်​။

အပိုင်း(၃ )အားဆက်​လက်​ဖတ်​ရူ့ပါရန်​။

စာ​ရေးသူ အိအိခိုင်
MSC 173

adventure-architecture-bay-196667.jpg
Credited photo from https://www.pexels.com/search/women/

Sort:  

လဲ့လဲ့ အပျိုကြီး ရင်ဖိုပြီးတော့...

Posted using Partiko Android

အား​ပေးတာ​ကျေးဇူးပါ။ရေးသမျှလည်းအပျိုကြီးဇာတ်​​တွေဖြစ်​​နေတယ်​။

အပျိုကြီးဘဝ တစ်ကိုယ်တည်းကျွန်မ ....😁

ဝတ္တုက အသက်​ပါလွန်းတယ်

ဟုတ်​ကဲ့ကြိုးစား​ရေးကြည့်​​နေတာ။

စိတ်ကူးယာဉ်သက်သက်တော့ မဟုတ်တန်ရာ😁

Posted using Partiko Android

စိတ်​ကူးယဉ်​ဇာတ်​လမ်းပါရှင့်

မီတွေ့တာတောင်ကြာပြီ မတ်မတ်ရေးတဲ့စာဒေ ပြောတယဘာ

ပြန်​​ရေး​နေပြီ​လေ

Coin Marketplace

STEEM 0.32
TRX 0.12
JST 0.034
BTC 64647.93
ETH 3160.25
USDT 1.00
SBD 4.09