လွဲ​​နေပါသည်​။

in #myanmar6 years ago

"ညီမ​ရေ အချိန်​​လေးပိုဝင်​​ပေးပါဦး​နော်​။"
"ညီမ​ရေ ညီမတပည့်​သင်္ချာ​တွေမှားလာပြန်​ပြီ။"
အထက်​ပါစကားသံများသည်​ကားလပတ်​စာ​မေးပွဲ နီးကပ်​လာသည့်​အချိန်​နှင့်​​ဖြေပြီးသည့်​အချိန်​၌ ကြား​နေ
ကျဖြစ်​​သောစကားသံများဖြစ်​သည်​။
စာ​ရေးသူသည်​မိမိတာဝန်​ကိုမိမိ​ကျေပွန်​​အောင်​အတတ်​နိုင်​ဆုံးကြိုးစား​နေတတ်​သူတစ်​​ယောက်​ဖြစ်​သည်​။textbookကို​ကျေညက်​​အောင်​အကုန်​သင်​သည့်ထို့​အပြင်​ပြင်​ပexerciseစာအုပ်​များကိုဝယ်​ယူ၍လည်း
အကုန်​သင်​​ပေးပါသည်​။
သို့​သော်​လည်းလပတ်​စာ​မေးပွဲreport cardရသည့်​အခါတိုင်းတင်းတိမ်​​ရောင့်​ရဲခြင်းမရှိကြ​ပေ။ယခုပညာ​ရေး
စနစ်​၌A;B;C Gradeသာခွဲ၍​ပေး​သော်​လည်းအတန်းပိုင်​ဆရာမအားလာဒ်​ထိုး၍အမှတ်​များသိ​အောင်​​မေးကြ
သည်​။
သချာင်္အမှတ်​၁၀၀၊အင်္ဂလိပ်​စာအမှတ်​၁၀၀မရ၍ဆိုကာ
မိမိအားအပြစ်​တင်​ချင်​ကြ​ပေ​သေးသည်​။က​လေးထက်​မိဘအချင်းချင်းပြိုင်​ဆိုင်​မှူကားသာ၍ပင်​ဆိုး​ပေ​သေးသည်​။စာ​ရေးသူစဉ်းစားမိသည်​။၎င်းမိဘများငယ်​စဉ်​အခါက
၎င်းတို့သားသမီးရဖူးခဲ့သည့်​အမှတ်​မျိုးအတန်းစဉ်​စာ​မေး
ပွဲများ၌ရဖူးခဲ့သည်​လား။
ရသည့်​အခါရခဲ့၍မရခဲ့သည့်​အခါများလည်းရှိ​ပေလိမ့်​မည်​။မိမိ၏သားသမီးများအားမိမိငယ်​စဉ်​အချိန်​ကအဖြစ်​အပျက်​များနှင့်​ချိန်​ထိုးကြည့်​၍ကိုယ်​ချင်းစာနားလည်​​ပေး
နိုင်​သည့်​မိဘများရှားပါးလွန်းလှ​ပေသည်​။
မိမိတို့သည်​လည်းငယ်​ရာမှကြီးလာသည့်​သူများဖြစ်​ကြ​၍
ငယ်​စဉ်​အခါကအမှားနှင့်​မကင်းနိုင်​ခဲ့သူများဖြစ်​​ပေလိမ့်​မည်​။ထို့​ကြောင့်​သိသိသာသာဆိုးရွားသည့်​အမှားမျိုးမဖြစ်​လျှင်​သားသမီးများအားခွင့်​လွှတ်​နားလည်​​ပေးသင့်​သည်​။
ဆူပူ​အော်​ဟစ်​ခြင်းမျိုးအားအတတ်​နိုင်​ဆုံး​ရှောင်​ရှား၍
ဆိုဆုံးမသင့်​သည့်​စကားများအားနားဝင်​​အောင်​ဆိုဆုံးမ
သင့်​လှ​ပေသည်​။
သို့​သော်​လည်းသားသမီးသာမကစာသင်​​ပေးသည့်​ကျူ ရှင်​ဆရာမပါအပြစ်​တင်​သည့်​​လေသံမျိုးဖြင့်​စကားဦးသန်း
ခြင်းသည်​လွန်​စွာဆိုးရွားလှ​ပေသည်​။
အပြင်​ကျူ ရှင်​သင်​သည့်​ဆရာမများသည်​စာကိုမချန်​textbookအားတစ်​ပုဒ်​မကျန်​သင်​​ပေးသည့်​ဆရာဆရာမများဖြစ်​သည်​။ကျောင်း၌စာသင်​ကြားသည့်
ဆရာမများဖွင့်​သည့်​အတန်းပိုင်​ကျူ ရှင်​ဝိုင်းများကဲ့သို့​မေး
ခွန်းတိုက်​ရိုက်​မရရှိကြ​ပေ။ထို့​ကြောင့်​​မိမိတို့၏​ကျောင်းသား​ကျောင်းသူများအားစာ​ကြေညက်​​စေရန်​၊ဘာသာရပ်​များအားတတ်​ကျွမ်းနားလည်​​စေရန်​သာအထူး​လေ့ကျင့်​သင်​ကြားရ​ပေသည်​။
စာ​ရေးသူကြုံ​တွေ့ခဲ့သည့်​အ​တွေ့အကြုံက​လေးတစ်​ခုအားစာဖတ်​ပရိသတ်​အားတင်​ပြချင်​ပါ​သေးသည်​။Englishဝါကျများဖွဲ့စည်းရာ၌Subject(ပြုလုပ်​သူ)ကို​ရှေ့ထုတ်​​ရေး​သောဝါကျအားActive voice sentenceဟု​ခေါ်၍Object (ခံရသူ)အား​ရှေ့
ထုတ်​​ရေးရသည့်​ဝါကျအားPassive voice sentenceဟု​ခေါ်​ကြောင်းအင်္ဂလိပ်​စာ​အ​ခြေခံမျှ တတ်​ကျွမ်းသူတိုင်းသိကြ​ပေလိမ့်​မည်​။ထို့ပြင်​Passive ဖြင့်​​ရေးသည့်​ဝါကျ၌everyone;he;
she;everybody;nooneစသည့်​Subjectများ
အားbyခံ၍ပြန်​​ရေး၍မရ​ကြောင်းအင်္ဂလိပ်​စာအ​ခြေခံ
သိသူတိုင်းနားလည်​ကြ​ပေလိမ့်​မည်​။
စာ​ရေးသူအလယ်​တန်း​ကျောင်းသားတစ်​​ယောက်​အား
စာသင်​ကြား​သောအခါ၌၎င်း​ကျောင်းသား၏​ကျောင်းအင်္ဂလိပ်​စာဆရာမ​ရေးသားသည့်​အင်္ဂလိပ်​စာစီစာကုံး
တစ်​ပုဒ်​အားယူကြည့်​မိသည်​။
"My teacher"​ခေါင်းစဉ်​ဖြင့်​စာစီစာကုံးဖြစ်​​ပေသည်​။
ထိုစာစီစာကုံး၌​ရေးထားသည့်​အင်္ဂလိပ်​စာ​ကြောင်း
တစ်​​ကြောင်းသည်​"My teacher is loved by everyone."ဟူသည့်​စာ​ကြောင်းဖြစ်​သည်​။ထို့​ကြောင့်
စာ​ရေးသူလည်းမိမိ၏တပည့်​အား​၎င်းစာစီစာကုံးသည်​မည်​သူ​ရေးသည်​ကို​​မေးမြန်းခဲ့သည်​။မိမိ၏တပည့်​ပြန်​​ဖြေ
သည့်​အ​ဖြေကိုကြားရသည့်​ခဏ၌အလွန်​အမင်းအံ့သြတုန်​လှူပ်​သွားမိသည်​။၎င်းစာစီစာကုံးသည်​​ကျောင်းအင်္ဂလိပ်​စာဆရာမကိုယ်​တိုင်​​ရေး​ပေးသည့်​စာစီစာကုံး
ဖြစ်​ပြီးသူမ​ရေး​ပေးသည့်​အတိုင်းစာ​မေးပွဲ၌ကျက်​​ဖြေ
ရမည်​ဟုမှာကြားထား​ကြောင်းကိုလည်းသိရှိရ​ပေ​တော့
သည်​။
ထို့​ကြောင့်​စာ​ရေးသူလည်း​ကျောင်းသားအားမှား​နေသည့်​ဝါကျအား​ထောက်​ပြပြီး"Everyone loves my teacher."ဟုပြင်​​ရေးရမည်​ဟု​ပြောခဲ့ပါသည်​။၎င်းစာစီစာကုံးအားက​လေးမိဘအားပြသ၍မှား​နေသည့်​ဝါကျအ​ကြောင်းပြသ၍ပြင်​​ရေးရမည့်​အ​ကြောင်း​ပြောပြခဲ့
ပါသည်​။သို့​သော်​လည်း​ကျောင်းသားမိဘ၏သ​ဘောထား
သည်​ကား​ကျောင်းမှဆရာမသည်​သာစာ​မေးပွဲ​ဖြေပြီး
သည့်​အချိန်​၌အမှတ်​ခြစ်​မည့်​သူဖြစ်​​သော​ကြောင့်​မှား​နေ
သဘ်​ကိုသိ​သော်​လည်း၎င်းက​လေးအားအမှားအတိုင်း​သာ​ရေး​ဖြေသင့်​သည်​။သို့မှသာအမှတ်​မ​လျော့ဘဲအပြည့်​ရ​ပေမည်​ဟုစာ​ရေးသူအားပြန်​​ပြော​လေ​တော့သည်​။
စာ​ရေးသူလည်းထိုမိဘ၏စကားကိုကြား​သောအခါ၌
အလွန်​စိတ်​ဆိုးမိသည်​။ထို့ပြင်​ယ​နေ့​ခေတ်​မြန်​မာ့
ပညာ​ရေး​လောကအား​တော်​​တော်​စိတ်​ပျက်​သွားမိသည်​။
ထိုကဲ့သို့​သောမိဘများနှင့်​မိမိတို့သင်​ကြားသည့်​ဘာသာရပ်​အားကျွမ်းကျင်​စွာမ​လေ့လာမသင်​ကြားသည့်
ဆရာဆရာမများ၏လက်​ထဲ၌အနာဂါတ်​၏ကြယ်​ပွင့်​ဤက​လေးများ၏​ရှေ့​ရေးသည်​မ​တွေးဝံ့စရာပင်​ဖြစ်​​သည်​။
တိုင်းပြည်​တစ်​ပြည်​၏တိုးတက်​မှူသည်​၎င်းတိုင်းပြည်​၏ပညာ​ရေးအဆင့်​အတန်းမြင့်​မားမှူနှင့်​သက်​ဆိုင်​​ပေ
သည်​။ပညာ​ရေးအဆင့်​အတန်းနိမ့်​ပါးသည်​နှင့်​အမျှတိုင်း
ပြည်​၏တိုးတက်​မှူသည်​လည်း​နှောင့်​​နှေး​နေ​ပေလိ​မ့်​မည်​။
စာ​ရေးသူ​တွေ့ကြုံခဲ့ရသည့်​အဖြစ်​အပျက်​များထဲမှ​အဖြစ်​အပျက်​တစ်​ခုအား​ရေးသားတင်​ပြရင်းဖြင့်​သက်​ပြင်းအခါခါချမိရင်းဤ​စာစုအားနိဂုံးချုပ်​လိုက်​ရပါ​တော့သည်​။

အိအိခိုင်​​ရေးသားသည်​။
MSC No.173.

2018-08-12_23.30.32.jpg
Credited image from https://pixabay.com/en/flower-background-watercolor-floral-3318965/

Sort:  

ကလေးတွေရဲ့အနာဂတ်က ဆရာ/ဆရာမတွေရဲ့လက်ထဲမှာပါ

ဟုတ်တယ် မအိရေ...
အချို့ကလေးတွေ မှားနေလို့ အမှန်ပြင် ပြောပြလည်း မရဘူး။
ကျောင်းက ဆရာမက ဒီအတိုင်းသင်တာ ဆိုပြီး လက်မခံကြဘူး။

ဟုတ်​တယ်​ရှင်​။တော်​​တော်​စိတ်​ညစ်​ရတယ်​။

ပညာရေးဏ္ဍ စနစ်ကျပါမှ တိုင်းပြည်ကောင်းမှာပါဗျာ

ဟုတ်​ပါတယ်​ရှင်​။

ဟုတ်​ပါတယ်​ရှင်​။

ကလေးလေးတွေ သနားစရာပေါ့ ။

ဟုတ်​ပါ့ရှင်

ဟုတ်တယ်ဗျာ ကလေးတွေက ဆရာမသင်ပေးတာကိုဘဲ အသေမှတ်ကြတာ ကိုယ်ကမှားလို့ပြောရင်တောင် ဆရာမကအဲလိုသင်ထားတယ်ဘဲပြောတာ ရင်လေးစရာပါဗျာ

ဟုတ်​တယ်​ရှင်​။

နိုင်ငံတစ်နိုင်ငံအတွက် ကျောင်းဆရာမရဲ့ကဏ္ဍ ဟာ
အလွန်အရေးပါပါတယ်ကွယ်

ဟုတ်​တယ်​ရှင်​။

အမှန်​ပါပဲရှင်​။

ခုတော့ကျူရှင်ကြီးတွေပေါ်လာတော့ကျောင်းက ဆရာမတွေ
ပေါ့ကုန်တာပေါ့။ စေတနာလည်းမရှိ ဝတ်ကျေတန်းကျေ သင်နေကြတာ။တစ်နေ့က ကျွန်တော့်တူလေး ကျောင်းစာအုပ်လန်ကြည့်မိတော့
မြန်မာစာ စာလုံးပေါင်းတွေ မှားနေတာကို အမှန်ခြစ်ပေးထားတယ်

ဟုတ်​တယ်

ငယ်စဉ်ကာလမှာတင် အမှားလုပ်တာ ဟုတ်ပါဘူး ကြီးလာတဲ့အထိ အမှားလုပ်တုံး သေသည်ထိလည်း အမှားရှိနေတုံးပဲ အမှားကိုသိဖို့တော့လိုတာပေါ့နော်

ဟုတ်​ပါတယ်​ရှင်​။

အပစ်လိုက်တင်တာကတော့အမြဲတမ်းလိုလိုပါပဲ။
နဲနဲ လိုအပ်တာလောက်တော့ နားလည်ပေးနိုင်တာပေါ့နော်။

ဟုတ်​ကဲ့

Coin Marketplace

STEEM 0.32
TRX 0.12
JST 0.033
BTC 64647.16
ETH 3160.49
USDT 1.00
SBD 4.13