နယ်​ပယ်​တခု၌​အောင်​မြင်​ခြင်း၏​သော့ချက်

in #myanmar6 years ago

"regularly"ဆိုသည့်​အင်္ဂလိပ်​စကားလုံး​လေးအား
စာ​ရေးသူ​တွေးမိသည့်​အ​တွေးက​လေးတခုအား​ဝေမျှ
ချင်​မိပါသည်​။အရာရာတိုင်းသည်​သူ့နရီစည်းဝါးကိုက်​စွာ
လည်​ပတ်​​နေသည်​။ဤစကြာဝဠာ၌ကမ္ဘာအပါအဝင်​ဂြိုဟ်
ကြီးများနှင့်​အရံဂြိုဟ်​​လေးများသည်​​နေကိုပုံမှန်​လှည့်​ပတ်​မှူဖြင့်​လှူပ်​ရှားသက်​ဝင်​​နေကြ​ပေသည်​။
နာရီတလုံး၊စက်​ပစ္စည်းတခုသည်​လည်းပုံမှန်​လှူပ်​ရှား
လည်​ပတ်​​နေ​သောအခါ၌အသုံးဝင်​​နေပါသည်​။ထိုသို့
မဟုတ်​တခုခုချို့ယွင်းပျက်​စီးသွား​သောအခါ၌လည်​ပတ်​မှူ
များရပ်​​တန့်​သွား၍အသုံးမဝင်​​တော့​ပေ။
ထို့အတူလူသည်​လည်းခန္ဓာကိုယ်​အစိတ်​အပိုင်းတခုခု
ချို့ယွင်းပျက်​စီးသွား​သောအခါ၌ကျန်းမာ​ရေးချို့တဲ့လာ၍
ပုံမှန်​လှူပ်​ရှားမှူများရပ်​တန့်​သွားတတ်​သည်​။ဤသည်​မှာ
ရုပ်​ပိုင်းဆိုင်​ရာပုံမှန်​လုပ်​​ဆောင်​မှူများဖြစ်​​ပေသည်​။
ဤ​လောက၌ကြီးပွားတိုးတက်​လိုသူတိုင်းပုံမှန်
လုပ်​​ဆောင်​မှူတခုလိုအပ်​သည်​ဟုစာ​ရေးသူထင်​မြင်​မိ
သည်​။ဥပမာအားဖြင့်​စာ​ရေးဆရာတစ်​​ယောက်​ဖြစ်​ရန်
ရည်​မှန်းထားသူတစ်​​ယောက်​သည်​ပုံမှန်​စာ​ရေး​နေရန်
လိုအပ်​သည်​။မိမိ၏ပတ်​ဝန်းကျင်​၌ကြုံ​တွေ့​နေရသည့်
အဖြစ်​အပျက်​များ၊မြင်​​တွေ့ထိ​တွေ့​နေရသည့်​လူများ
၏အဖြစ်​အပျက်​များအားစာစုအဖြစ်​နည်းနည်းအမျိုးမျိုး
ဖြင့်​​တွေး​တောစဉ်းစားပြီးပုံမှန်​​ရေးသား​နေရမည်​။သို့မှသာ၎င်းဖြစ်​ချင်​​သောစာ​ရေးဆရာဘဝသည်​အသက်
ဝင်​လှူပ်​ရှားလာ​ပေလိမ့်​မည်​။
မိမိ၏ပန်းတိုင်​အတွက်​မိမိသည်​ပုံမှန်​လုပ်​​ဆောင်​​နေရ
မည်​။ပုံမှန်​လုပ်​​ဆောင်​မှူမရှိသူသည်​မည်​သည့်​နယ်​ပယ်
တွင်​မှအထွဋ်​အထိပ်​သို့မ​ရောက်​ရှိနိုင်​ပါ။မိမိတို့ကြိုးစား
လုပ်​ကိုင်​​နေကြသည့်​steemitနယ်​ပယ်​အားသုံးသပ်
ကြည့်​​နေလျှင်​ပင်​မြင်​​တွေ့နိုင်​ပါသည်​။မိမိတို့steemit
၌စာစ​ရေးကာစအချိန်​၌စာ​ရေးဆရာများမဟုတ်​ကြ၍​ရေး
နိုင်​​အောင်​ကြိုးစားယူကြရပါသည်​။သို့​သော်​လည်း
ပုံမှန်​​နေ့စဉ်​​ရေးသားမှူများလာ​သောအခါ၌မိမိတို့၏အရည်
အ​သွေးများတိုးတက်​လာ၍အခက်​အခဲမရှိ​ချော​မွေ့လာ
ပါသည်​။ထို့​ကြောင့်​မည်​သည့်​အရာကိုမဆိုပုံမှန်​​လေ့ကျင့်
လုပ်​​ဆောင်​မူများလာ​သောအခါ၌ကျွမ်းကျင်​သထက်​ကျွမ်းကျင်​လာ​ပေလိမ့်​မည်​။
မိမိ၏တိုးတက်​မှူသည်​ပုံမှန်​လုပ်​​ဆောင်​မှူနှင့်​တိုက်​ရိုက်​အချိုးကျ​နေ​ပေသည်​။မိမိ၏လုပ်​​ဆောင်​မှူသည်​ပုံမှန်​မရှိပါကမိမိ၏တိုးတက်​မှူသည်​​နှောင့်​​နှေးကြန့်​ကြာ၍
ချို့ယွင်း​မှူရှိ​နေ​ပေလိမ့်​မည်​။မိမိ၏အလုပ်​ကိုနရီစည်းဝါး
ကျစွာပုံမှန်​လုပ်​​ဆောင်​​နေသူသည်​​အောင်​မြင်​မှူပန်းတိုင်
ကိုမလွဲမ​သွေ​ရောက်​မည့်​သူဖြစ်​​ပေသည်​။
ထို့​ကြောင့်​​အောင်​မြင်​လိုသူသည်​လုပ်​သင့်​လုပ်​ထိုက်​သည့်​အလုပ်​များကိုပုံမှန်​လုပ်​ရမည်​။မိမိ၏​တွေး​တောကြံ
စည်​မှူများအားလုံးသည်​မိမိ​အောင်​မြင်​လို​သောနယ်​ပယ်​တွင်​သာရှိရမည်​။မိမိ၏အာရုံကျက်​စားမှူသည်​မိမိ၏ပန်း
တိုင်​နယ်​ပယ်​သာဖြစ်​သင့်​သည်​။
ထို့​ကြောင့်တိုးတက်​မှူအတွက်​လက်​​တွေ့လုပ်​​ဆောင်​မှူ
ကိုသာမကကြံစည်​​တွေး​တောမှူကိုပါပုံမှန်​လုပ်​​ဆောင်​ပါ။
မိမိ၏စိတ်​အာရုံကိုမိမိ၏လုပ်​ငန်းနယ်​ပယ်​တွင်​သာထား
ရှိပါ။ပါရမီဆိုသည်​မှာအထပ်​ထပ်​အကြိမ်​ကြိမ်
လုပ်​​ဆောင်​မှူဟုစာ​ရေးသူယူဆနားလည်​ထားပါသည်​​။မည်​သည့်​အလုပ်​ကိုမဆိုအထုံပါ​အောင်​အကြိမ်​အ​ရေ​အတွက်​များစွာလုပ်​​ဆောင်​ပါကကျွမ်းကျင်​တတ်​​မြောက်
မှူသည်​ဖြစ်​တည်​လာ​ပေမည်​။ကျွမ်းကျင်​တတ်​​မြောက်​မှူ
တိုးတက်​မှူပမာဏများပြားလာ​သောအခါ၌​အောင်​မြင်​မှူ
သည်​​တောင်းတစရာပင်​မလို​လောက်​​အောင်​ရရှိ​နေ​ပေ
မည်​။
ထို့​ကြောင့်​​အောင်​မြင်​မှူ၏​သော့ချက်​သည်​ပုံမှန်​ကြိုးစား
လုပ်​​ဆောင်​​နေမှူဟုစာ​ရေးသူအဓိပ္ပာယ်​ဖွင့်​ဆိုချင်​ပါသည်​။ထို့​ကြောင့်​မိမိတို့၏နယ်​ပယ်​အသီးသီး၌​အောင်​မြင်​မှူကို
လိုလားသူတိုင်းမိမိ၏လုပ်​​ဆောင်​မှူများကိုမပျက်​မကွက်
ပုံမှန်​လုပ်​​ဆောင်​ကြပါဟုတိုက်​တွန်းရင်းဖြင့်​ဤစာစု
အားနိဂုံးချုပ်​လိုက်​ရပါ​တော့သည်​။
မြန်​မာလူမျိုးများအားလုံးပုံမှန်​စာ​ရေးသားခြင်းအားဖြင့်
Steemitတွင်​​အောင်​မြင်​မှူကိုဆွတ်​ခူးနိုင်​ကြပါ​စေဟု
ဆု​တောင်းရင်းဖြင့်​အ​တွေးတစဖြင့်​အိအိခိုင်​​ရေးသားပါ
သည်​။
MSC No.173.

image
Credited image from https://pixabay.com/en/leaf-nature-green-spring-abstract-1482948/

Sort:  

တိုးတက်​မှူအတွက်​လက်​​တွေ့လုပ်​​ဆောင်​မှူကိုသာမက ကြံစည်​​တွေး​တောမှူကိုပါပုံမှန်​လုပ်​​ဆောင်​ပါဆိုတဲ့ စာသေးလေးကြိုက်တယ်ဗျာ။

ဟုတ်​ကဲ့​ကျေးဇူးပါရှင်​။

ဟုတ်​ကဲ့​ကျေးဇူးပါရှင်​။

လေ့ကျင့်မှကျွမ်းကျင်၊ကျွမ်းကျင်မှယုံကြည်

ဟုတ်​ကဲ့

ဘယ်​အလုပ်​မဆို ပုံမှန်​လုပ်​​နေရင်​ တိုးတက်​လာစမြဲပါ။

ဟုတ်​ပါတယ်​ရှင်​။

ပါရမီ ဆိုသည်မှာအထပ်ထပ်ကြိကြိမ်လုပ်ဆောင်မှု တဲ့.. 🙄🙄🙄

ဟုတ်​ကဲ့

ပုံမှန်​ကြိုးစားလုပ်​​ဆောင်​​နေပါမယ်​ အမ

ဟုတ်​ကဲ့ပါ

အောင်မြင်မှုအတွက် ပုံမှန်အလုပ်လုပ်နေဖို့ အရေးကြီးတာတော့ အမှန်ဘဲ မအိရေ

ဟုတ်​တယ်​မမ​ရေ။

Very good success key.

That's right.

ပုံမှန်ခေး အစဉ်တစိုက်လုပ်သွားရင်း ရှေ့သို့ချီတက်ရမှာပါ

ဟုတ်​ပါတယ်​ရှင်​။

ကျွမ်းကျင်မှုတွေဟာ လေ့လာလေ့ကျင့်မှုတွေကိုအကြိမ်ရေများများပုံမှန်လုပ်ဆောင်မှသာရရှိနိုင်တာပါ

ဟုတ်​တယ်​အမှန်​ပါပဲ။

ဖြစ်ချင်စိတ်လေးပဲလိုတာပါဗျာ

ဟုတ်​ပါတယ်​ရှင်​။

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 64999.89
ETH 3101.81
USDT 1.00
SBD 3.87