online ​ပေါ်မှ​ရောက်​တတ်​ရာရာများ

in #myanmar5 years ago

မတ်​မတ်​အိတစ်​​ယောက်​ဒီ​နေ့စာ​ရေးဖို့ရန်​အပျင်း​ရောဂါစွဲ
ကပ်​​နေမိသည်​။woman-typing-writing-windows.jpg​Steem၌​ရေး​နေသည့်​​ရေးလက်​စဝတ္ထုအားဆက်​၍မ​တွေးနိုင်​ဖြစ်​​နေရသည်​။ထို့​ကြောင့်
လည်းonline​ပေါ်၌ဟိုဟိုဒီဒီ​လျောက်​ကြည့်​​နေမိသည်​။
MSC groupထဲကစာများလိုက်​ဖတ်​ကြည့်​မိသည်​။drugwarအ​ကြောင်းများ​ပြောထားသည်​ကို​တွေ့ရ
သည်​။သို့​သော်​လည်းဤdrugwarဂိမ်းအားမိမိဖွင့်​ထားသည့်​steemit အ​ကောင့်​များနှင့်​အ​ကောင့်​ဖွင့်​ထား​သော်​လည်းမိမိကျွမ်းကျင်​စွာမကစားတတ်​​ပေ။
ထို့​ကြောင့်​လည်းsteemများလည်းရင်းထားသည်​မယ်​မယ်​ရရမရှိ​ပေ။free​ပေးသည့်​​နေ့စဉ်​steem​လေးများ​ပင်​ယူ​နေရသည်​။
မိမိဝါသနာမှာစာ​ရေးခြင်းပင်​ဖြစ်​သည်​။ဂိမ်း​ဆော့ခြင်းအားအကျွမ်းတဝင်​မရှိလှ​ပေ။ထို့​ကြောင့်​ယခု​ရေး​နေ
သည့်​memberဝင်​ထားသည့်​အ​ကောင့်​တွင်​သာ​ဝတ္ထု
များ​ဆောင်းပါးများကဗျာများ​ရေး​နေ​ပေသည်​။
MSC chat groupထဲဝင်​၍စပ်​စုပြီး​နောက်​Okex coin marketထဲသို့ဝင်​ကြည့်​မိသည်​။coinအ​တော်
များများအစိမ်း​ရောင်​များလွှမ်းမိုး​နေ​ပေသည်​။ယ​နေ့ဝမ်းသာအားရအဖြစ်​ဆုံးcoin​ဈေးသည်​ကားBEC coin​ပင်​ဖြစ်​သည်​။
လွန်​ခဲ့သည့်​​လေးငါးလအချိန်​၌0.03$​ဈေးဖြင့်​အတက်​အကျငြိမ်​သက်​သည့်​BEC coin သည်​0.07$ဖြစ်​လာ​ချေပြီ။မိမိဝမ်းသာအားရထခုန်​၍​ပျော်​​မြူးသွားမိသည်​။
အဘယ့်​​ကြောင့်​ဆို​သော်​BEC reward​ပေးသည့်
အ​ကောင့်​က​လေးများအားဝယ်​ယူ၍မိမိသည်​အပိုဝင်​​ငွေ
က​လေးရရှိရန်​ရှာ​ဖွေ​နေသူဖြစ်​သည်​။
၎င်းအပိုဝင်​​ငွေက​လေးများသည်​ယခုလိုအချိန်​ကျူ ရှင်​ရာသီနားသည့်​​နွေရာသီ၌အိမ်​သုံးစရိတ်​အားများစွာကာ
မိလှသည်​။ဘုရားရှိခိုးသည့်​အခါတိုင်း၌"​BEC coin reward"​ပေး​နေသည့်​အဖွဲ့အစည်းcompany
အမြဲ​ပေးနိုင်​ပါ​စေဟုဆု​တောင်း​နေရသည်​။
တဖန်​စိတ်​နှလုံးအနည်းငယ်​ရွှင်​လန်းစွာဖြင့်​fb​ပေါ်သို့
ပြန်​လည်​​ရောက်​ရှိစပ်​စုမိပြန်​သည်​။
ယ​နေ့၁၀တန်းစာ​မေးပွဲစတင်​သည့်​​နေ့ဖြစ်​၍fb​ပေါ်၌
၁၀တန်းစာ​မေးပွဲနှင့်​ပတ်​သတ်​သည့်​ဆု​တောင်းစာများ
အား​တွေ့ရ​ပေသည်​။၁၀တန်းစာ​မေးပွဲအတွက်
ကန်​​တော့ပွဲထိုးဆု​တောင်း​ပေးသည့်​မိဘများအားသ​ရော်
ထားသည့်​စာများအားလည်းဖတ်​ရှူရ​ပေသည်​။
၁၀တန်းစာ​မေးပွဲဟူသည်​ဘဝတဆစ်​ချိုးအချိုး​ကွေ့
က​လေးတစ်​ခုပင်​ဖြစ်​သည်​။ထို့​ကြောင့်​ထိုတဆစ်​ချိုး
အ​ကွေ့က​လေးအတွက်​နှစ်​စမှနှစ်​ဆုံးထိ​ကျေညက်​​​စေ
ရန်​ကြိုးစားကျက်​မှတ်​ထားသူများအတွက်​မည်​သည့်
ကန်​​တော့ပွဲမှမလိုအပ်​ပါဟုစာ​ရေးသူထင်​မြင်​မိသည်​။
ဇွဲလုံ့လဝီရိယနှင့်​မည်​သည့်​အရာကိုမဆိုတစိုက်​စိုက်​မတ်
မတ်​ကြိုးစားအားထုတ်​သူသည်​​အောင်​မြင်​မှူဟူသမျှဆွတ်
ခူးမည်​သာဖြစ်​​ပေသည်​။
ဤသို့ဖြင့်​မတ်​မတ်​အိတစ်​​ယောက်​စာ​ရေးရန်​ပျင်းရိ​နေ
သည့်​မိမိစိတ်​အားOnline​ပေါ်၌ဟိုဟိုဒီဒီ​ရောက်​တတ်
ရာရာများအားစပ်​စုပြီး​ဖြေ​ဖြောက်​၍ဤစာစုအား​ရေးသား
လိုက်​ရပါ​တော့သည်​။

စာ​ရေးသူ အိအိခိုင်
MSC 173
Photo Credited from

Sort:  

ပရို​တွေတင်​​နေပြီ​ပေါ့

Posted using Partiko Android

ဟုတ်​ကဲ့

အလုပ်​က​တော့မအားဘူးဗျာ့ အကြားညှပ်​ပြီး ​ရေး​ပေးရအုံမယ်​ ဒီတပတ်​​တော့တင်​ပြီ​လေ

ဟုတ်​ကဲ့ဦးယု

ဟုတ်တယ်ဗျာ steem ဈေးကျသွားပြီးကတည်းက motivation ပျောက်ဆုံးပြီး စာရေးဖို့ ဟန်ချက်တွေမရဘဲ ပျင်းရိနေတာ အမှန်ပါ။

Posted using Partiko Android

ကျွန်​မလည်းအခုမှပြန်​​ရေးဖြစ်​တာ

Coin Marketplace

STEEM 0.32
TRX 0.12
JST 0.034
BTC 64664.11
ETH 3166.18
USDT 1.00
SBD 4.11