စိတ်​​ကောင်းရှိခြင်းသည်​သာအဓိက

in #myanmar6 years ago

စိ​တ်​​ကောင်းဟူသည့်​စကားလုံး​လေးအား​လေး​လေးနက်
နက်​​တွေး​တောမိသည်​။စိတ်​​ကောင်းမရှိသူ၊စိတ်​​ကောင်း
ရှိသူစသည်​ဖြင့်​​ပြောဆိုကြသည်​။အခုရက်​ပိုင်းအတွင်း၌ဤစိတ်​​ကောင်းရှိခြင်းမရှိခြင်းအားသုံးသပ်​မိသည်​။
တချို့လူများသည်​ငယ်​စဉ်​ကတည်းကပင်​စိတ်​​ကောင်းရှိ
ခြင်းဓာတ်​ခံ​လေးများပါကြသည်​ကို​တွေ့ရှိရသည်​။
ရွယ်​တူအချင်းချင်းညှာတာခြင်း၊ကိုယ့်​ထက်​ငယ်​​သောသူ
များအ​ပေါ်၌ညှာတာခြင်း၊မိဘအလုပ်​များအားကူညီလို
စိတ်​ရှိပြီးသိတတ်​ခြင်းစသဖြင့်​ဖြစ်​​ပေသည်​။
စာ​ရေးသူ​တွေးမိသည့်​အ​တွေး​လေးမှာဤ​လောက၌
စိတ်​​ကောင်းအရှိဆုံးလူသားမှာမြတ်​စွာဘုရားပင်​ဖြစ်​သည်​။မြတ်​ဗုဒ္ဓ​လောက်​စိတ်​​ကောင်းရှိသူဤကမ္ဘာ​လော
က၌မရှိနိုင်​​ပေ။
မြတ်​စွာဘုရားသည်​သတ္တဝါများချမ်းသာ​ရေးအတွက်​​မျှော်
လင့်​ချက်​များစွာဖြင့်​ပါရမီမရင့်​သန်​မီဘဝ​ပေါင်းများစွာက
ပင်​အ​သွေးအသားကိုယ်​ခန္ဓာမကျန်​အရာအားလုံးအား
စွန့်​လွှတ်​၍ပါရမီဖြည့်​ခဲ့ကြသည်​။
အရှင်​ဇနကာဘိဝံသဆရာ​တော်​ဘုရားကြီးမှလည်း
စိတ်​​ကောင်းရှိဖို့ပထမဟု​ဟောကြား​တော်​မူခဲ့သည်​။
ထို့​ကြောင့်​​လောက၌စိတ်​​ကောင်းနှလုံး​ကောင်းရှိခြင်း
သည်​သာအဓိကအ​ရေးကြီး​သောအချက်​တချက်​ပင်​ဖြစ်​သည်​။
စိတ်​​ကောင်းဓာတ်​ခံရှိသူများသည်​မိမိ၏အတ္တထက်​သူတပါး၏အကျိုး​ဆောင်​ရွက်​တတ်​သည့်​ပရဟိတစိတ်​ပို
များသူများဖြစ်​သည်​။ပင်​ကိုယ်​စိတ်​ထားအခံသည်​သူတ
ပါအားစာနာ​ထောက်​ထားငဲ့ညှာတတ်​သူများဖြစ်​သည်​။
မြတ်​စွာဘုရားရှင်​သည်​ကားအ​လောင်း​တော်​ဘဝပါရမီ
ဖြည့်​စဉ်​ကာလ၌အဟိတ်​တိရစ္ဆာန်​ဖြစ်​သည့်​​မျောက်​မင်း
ဘဝ၌လူသားများပင်​မထားနိုင်​သည့်​စိတ်​​ကောင်း​စေတ
နာမျိုးထားနိုင်​ခဲ့သည်​။အတုမရှိ​သောမဟာကရုဏာ​တော်
စိတ်​​ကောင်းစိတ်​မြတ်​မျိုးပင်​ဖြစ်​​ပေသည်​။
မည်​မျှပင်​ပညာ​တွေတတ်​၊မည်​မျှပင်​ချမ်းသာ​စေကာမူ
စိတ်​​ကောင်းဓာတ်​ခံမရှိသူသည်​​လောက၌အချည်းနှီးပင်
ဖြစ်​သည်​။စိတ်​​ကောင်းရှိခြင်းသည်​​လောက၌အ​ရေးကြီး
ဆုံးဖြစ်​​ကြောင်းစာ​ရေးသူထင်​မြင်​မိပါသည်​။
ဥပမာအားဖြင့်​ငါးပါးသီလထဲ၌ပါဝင်​​သောပါဏာတိပါတာ
ကံအား​စောင့်​ထိန်းမည်​ဆိုပါဆို့။ပင်​ကိုယ်​စာနာငဲ့ညာ
တတ်​​သောစိတ်​​ကောင်းစိတ်​မြတ်​အခံရှိသူသည်
"မိမိ၏အသက်​ကိုမဆိုထားနှင့်​မိမိ၏အသားကိုသူတပါး
မှနာကျင်​​အောင်​လုပ်​သည်​ကိုမိမိမကြိုက်​​ပေ။ထို့အတူ
တပါး​သောသတ္တဝါများသည်​လည်းမိမိကဲ့သို့ပင်​ဖြစ်​​ပေ
လိမ့်​မည်​။"ဟူ​သောနှလုံးသွင်းမှူမျိုးဖြင့်​​စောင့်​ထိန်း​​ပေ
လိမ့်​မည်​။၎င်းသီလအားလည်းအလွယ်​တကူ​စောင့်​ထိန်း
နိုင်​​ပေလိမ့်​မည်​။
ထို့​အတူဒါနပြုရာတွင်​လည်းတဘက်​သား၏စိတ်​အားငဲ့
ညာစာနာတတ်​၍အလွယ်​တကူဒါနပြုနိုင်​​ပေလိမ့်​မည်​။
ိစိတ်​​ကောင်းဓာတ်​ခံရှိသူသည်​​မေတ္တာစိတ်​အလွယ်​တကူ
ဖြစ်​နိုင်​သူဖြစ်​​သော​ကြောင့်​​မေတ္တာကမ္မဠာန်းစီးဖြန်းရာတွင်​လည်းအလွယ်​တကူစီးဖြန်းနိုင်​​ပေလိမ့်​မည်​။
ထို့​ကြောင့်​အလွယ်​တကူဒါန၊သီလ၊ဘာဝနာအလုပ်​များအားလုပ်​ကိုင်​နိုင်​၍မြင့်​မြတ်​​သောဘဝတစ်​ခုကိုလည်း
အလွယ်​တကူရနိုင်​ကြ​ပေသည်​။စိတ်​​ကောင်းရှိသူ၌​အကုသိုလ်​တရားများဖြစ်​သည့်​​ဒေါသ၊​လောဘ၊မာန၊မနာလိုမှူစသည်​တို့လည်းနည်းပါးလှ၍စိတ်​အဆင့်​အတန်းသည်​မြင့်​မားသထက်​မြင့်​မားလာနိုင်​​ပေသည်​။
ထို့အတူစိတ်​​ကောင်းနှလုံး​ကောင်းရှိသူများသည်​မိမိ၏အတ္တအကျိုးအတွက်​​ဆောင်​ရွက်​မှူနည်းပါး​သူ
များဖြစ်​​သော​ကြောင့်​တရားအားထုတ်​ရာ၌လည်းအနိစ္စ
တရားအားအလွယ်​တကူမြင်​၍အနတ္တမြင်​​သော
ဥာဏ်​ပို၍ထိန်​လင်း​စေနိုင်​သည်​ဟုစာ​ရေးသူထင်​မြင်​မိပါသည်​။
မိမိ၏ပတ်​ဝန်းကျင်​၌စိတ်​ထား​ကောင်းသူ၊စာနာစိတ်​ရှိသူများပြားလာပါကဤကမ္ဘာ​လောကကြီးသည်​တစ်
ဦးနှင့်​တစ်​ဦးငြိမ်းချမ်းလွန်းလှပြီးသာယာ​နေ​ပေလိမ့်​မည်​။
အိမ်​တစ်​အိမ်​၌စိတ်​​ကောင်းရှိသူများပြားပါကအိမ်​သူအိမ်
သားအချင်းချင်းစကားများခြင်း၊ရန်​ဖြစ်​ခြင်းကင်းစင်​၍
သာယာချမ်း​မြေ့ဖွယ်​အတိဖြစ်​လာ​ပေလိမ့်​မည်​။
ညီအစ်​ကို​မောင်​နှမများ၌စိတ်​​ကောင်းနှလုံး​ကောင်းရှိသူများပြားပါကအ​မွေလုခြင်း၊ခိုက်​ရန်​ဖြစ်​ပွားခြင်းမဖြစ်​လာ​နိုင်​​တော့​ပေ။ကြီးသူမှငယ်​သူအားငဲ့ညှာ၊ငယ်​သူမှကြီး
သူအားအပြန်​အလှန်​​လေးစားကူညီခြင်းဖြင့်​စိတ်​ချမ်း​မြေ့
ဖွယ်​အတိဖြစ်​​နေ​ပေ​တော့မည်​။
"စိတ်​​ကောင်းသည်​သာအဓိက
သာသနာ့အာဇာနည်
ဆရာ​တော်​အရှင်​ဇနကာဘိဝံသမှ
ဆုံးမသြဝါဒ​မြွတ်​ကြားခဲ့သည်
မြတ်​​သောဆရာ​တော်​အဆုံးအမ
တ​သွေမတိမ်းလိုက်​နာကြ၍
ချမ်းသာဟူသမျှခံစားရ။"ဟု​ပြောကြားရင်းဖြင့်​ဤစာစုအားနိဂုံးချုပ်​လိုက်​ရပါ​တော့သည်​။

လူသားတိုင်းလူသားတိုင်းစိတ်​​ကောင်းဓာတ်​ခံအဟုန်​ဖြင့်​ဒါန၊သီလ၊ဘာဝနာများအားပွားများအားထုတ်​၍
အဆုံးစွန်​​သောဘဝ၌အတုမရှိချမ်းသာဖြစ်​သည့်​နိဗ္ဗာန်​ချမ်းသာအားရရှိခံစားနိုင်​ပါ​စေဟုဆု​တောင်းရင်းဖြင့်
အိအိခိုင်​​ရေးသားပါသည်​။
MSC No.173.

image
Credited image from https://pixabay.com/en/banner-heart-ribbon-pink-purple-3285558/

Sort:  

စိတ်ကောင်းရှိဖို့းအရေးကြီးပါတယ်ဗျာ

အမှန်​ပါပဲရှင်​။

စိတ်ကောင်းရှိဖို့ပထမ...စိတ်ကောင်းရှိမှ မိမိလဲကောင်း သူတစ်ပါးလဲကောင်းနော်မမရေ။

ဟုတ်​ပါ့​မောင်​​လေး​ရေ။

လူတိုင်းသာကိုယ်ချင်းစာစိတ်နဲ့ စိတ်ကောင်းရှိကြမယ်ဆိုရင်ကောင်းမှာနော်

ဟုတ်​တယ်​။

လူသားအားလုံးစိတ်​​ကောင်း​လေးထားနိုင်​ရင်

ပညာရှိကြီးတစ်ယောက်ကတော့ စိတ်ကောင်းရှိသုကို နေခင်းကြောင်တောင်မီးအိမ်ထွန်းပြီးရှာဖူးတယ်

ဟုတ်​ကဲ့

စိတ်ကောင်းရှိဖို့က ပထမပါဗျာ ..

စိ​တ်​​ကောင်းရှိ​တာ​တော့​ကောင်းပါတယ်

ဟုတ်​ပါတယ်​ရှင်

လူတိုင်းအပေါ်စိတ်ကောင်းကောင်းထားနိုင်ရင်အကောင်းဆုံးပေါ့

စိတ်​​ကောင်းရှိတာ ထကိ control လုပ်​နိုင်​တာက ပို​ကောင်းပါတယ်

ဟုတ်​ကဲ့

ဟုတ်​ကဲ့

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 64207.05
ETH 3065.15
USDT 1.00
SBD 3.87