စိတ်​ကိုရှင်းလင်းနည်း(၂)

in #myanmar6 years ago

လူတစ်​​ယောက်​၏ဘဝ​အောင်​မြင်​​ရေး၌၎င်းတို့၏စိတ်​သည်​အလွန်​အ​ရေးကြီးလှသည်​။စိတ်​ကိုပြုပြင်​​နေထိုင်​တတ်​လျှင်​မည်​မျှပင်​နိမ့်​ကျ​သောဘဝကိုရ​နေ​စေကာမူ
မြင့်​မား​သောဘဝကိုတက်​လှမ်းနိုင်​​ပေသည်​။
ထို့​ကြောင့်​မိမိတို့၏ဘဝ၌ကြီးပွားတိုးတက်​​အောင်​မြင်​လို
သူတိုင်းသည်​မိမိတို့၏စိတ်​အားအထူးပြုပြင်​သင့်​လှ​ပေ
သည်​။မိမိ၏စိတ်​သည်​မည်​သည့်​အ​ခြေအ​နေနှင့်​​တွေ့ကြုံ
ပါ​စေအားမ​လျော့ဘဲဦးတည်​ချက်​တစ်​ခုတည်း၌သာထား
ရ​ပေမည်​။
အထူးသဖြင့်​မိမိ၏စိတ်​ကိုလွှမ်းမိုး​နေသည်​မှာမိမိ၏
အ​တွေးများသာဖြစ်​သည်​။ထို့​ကြောင့်​မိမိ၏အ​တွေးများ
သည်​မိမိ၏ရည်​မှန်းချက်​နှင့်​​သွေဖီ​နေသည့်​အဖျက်
အ​တွေးများအား​ရှောင်​ကြဉ်​သင့်​လှ​ပေသည်​။
မိမိ၏စိတ်​ဓာတ်​အင်​အားများသည်​​သူတပါးအား​ဒေါသ
ဖြစ်​မှူ၊မနာလိုစိတ်​ဣသာမစ္ဆရိယဖြစ်​ပွားမှူစသည်
တို့​ကြောင့်​အင်​အား​လျော့သွားတတ်​ပါသည်​။
လူတစ်​​ယောက်​အားမိမိသည်​​ဒေါသစိတ်​​ဖြစ်​​သောအချိန်
၌တဖက်​လူသည်​ထူးထူးခြားခြားထိခိုက်​သွားခြင်းမရှိလှဘဲမိမိသည်​သာနှလုံးခုန်​နှူန်းမြန်​လာခြင်း၊​ဒေါသ
အဟုန်​​ကြောင့်​​မောပန်းနွမ်းနယ်​ခြင်း၊အာရုံစူးစိုက်​မှူနည်း
ပါးခြင်း၊စိတ်​ကြည်​လင်​မှူမရှိသဖြင့်​အကြံဥာဏ်​​ကောင်းများ​တွေး၍မရခြင်းစသည်​တို့အနည်းနှင့်​အများဖြစ်​လာနိုင်​​ချေသည်​။
ထိုအချိန်​၌နစ်​နာသည်​မှာမိမိကိုယ်​တိုင်​သာလျှင်​ဖြစ်​​ပေ
သည်​။ထို့​ကြောင့်​ပြဿ နာတစ်​ရပ်​နှင့်​ရင်​ဆိုင်​ကြုံ​တွေ့ချိန်​၌​ဒေါသစိတ်​ကိုနည်းနိုင်​သမျှနည်းရန်​ကြိုးစားအားထုတ်​ရပါမည်​။
မိမိကိုယ်​တိုင်​လည်းခဏခဏပင်​ကြုံ​တွေ့ရသည့်​အဖြစ်​အပျက်​များအား​ပြောပြချင်​ပါ​သေးသည်​။တချို့​သောသူများ
ကမိမိအားထိခိုက်​နစ်​နာ​သောစကားလုံးများသုံး၍တိုက်​ခိုက်​ခြင်းကိုကြုံ​တွေ့​သောအခါ၌ပုထုဇဉ်​ပီသစွာပင်​အသားတဆတ်​ဆတ်​တုန်​သည်​အထိ​ဒေါသဖြစ်​ရုံမကမိမိ၏အ​တွေးများထဲ၌ထိုသူ၏စကားလုံးများ
မကြာခဏဝင်​လာ၍စိတ်​ထဲ၌တနုံ့နုံ့ဖြစ်​​နေတတ်​သည်​။
ထိုအခါ၌မိမိ၏ပုံမှန်​လုပ်​​နေကြအလုပ်​များ၌ပြီးသင့်
သ​လောက်​မပြီးဘဲကြန့်​ကြာ​နေတတ်​​ပေသည်​။
ထို့​ကြောင့်​​မိမိ၏နယ်​ပယ်​အလုပ်​များ၌​အောင်​မြင်​မှူလိုလားသူတိုင်းသည်​မိမိ၏အ​တွေးများအားဂရုတစိုက်
ပြုပြင်​ဖို့လိုအပ်​လှ​ပေသည်​။
ိစိတ်​သည်​မ​ကောင်းမှူ၌​မွေ့​လျော်​လွယ်​၏။ထို့​ကြောင့်​မိမိတို့၏စိတ်​အားသန့်​စင်​​စေရန်​ဘာဝနာအလုပ်
ဖြင့်​​ဆေး​ကြော​လျော်​ဖွတ်​သင့်​လှ​ပေသည်​။မိမိ၏စိတ်​သည်​တည်​ငြိမ်​​အေးချမ်း​နေမည်​။မ​ကောင်းသည့်​အ​တွေး
အာရုံများအားဖယ်​ရှားရှင်းလင်းထားနိုင်​လျှင်​မိမိ၏ကြီး
ပွားတိုးတက်​ရာအလုပ်​များ၌အာရုံစူးစိုက်​၍​တည်​ငြိမ်​စွာ
လုပ်​​ဆောင်​နိုင်​​ပေမည်​။
မိမိ၏အ​တွေးများသည်​မိမိ၏ပန်းတိုင်​နှင့်​​သွေဖီသည့်​အဖျက်​အ​တွေးများမဝင်​မိ​စေရန်​လည်းမိမိ၏စိတ်​အား
ထိန်း​ကျောင်းပဲ့ပြင်​သင့်​လှ​ပေသည်​။"ဖြစ်​မှဖြစ်​ပါ့မည်​လား။"ဟူသည့်​အ​တွေးမျိုးမဝင်​မိ​အောင်​ကြိုးစားရမည်​။
"မိမိသည်​အရာရာတိုင်းအားလုပ်​​ဆောင်​နိုင်​သည့်​စွမ်း
အင်​အပြည့်​ဖြစ်​သည်​။မိမိကြိုးစားလျှင်​ရကိုရရမည်​။"စသည့်​ယုံကြည်​ချက်​ပြည့်​ဝသည့်​အ​တွေးမျိုးကိုသာ
မိမိ၏စိတ်​အတွင်း၌​မွေးမြူထားသင့်​လှ​ပေသည်​။
မိမိ၏အ​တွေးများသည်​အပြုသ​ဘော​ဆောင်​သည့်
အ​တွေးများနှင့်​ကုသိုလ်​နှင့်​ယှဉ်​သည့်​အ​တွေးများသာဖြစ်
သင့်​သည်​။အဖျက်​အ​တွေးများနှင့်​အကုသိုလ်​နှင့်​ယှဉ်​သည့်​အ​တွေးများအားကြာရှည်​စွာမ​တွေးသင့်​​ပေ။
လူတစ်​​ယောက်​သည်​မိမိ၏အ​တွေးများကိုပင်​​တွေးသင့်
သည့်​ကုသိုလ်​အ​တွေးများသာ​တွေး၍မ​တွေးသင့်​သည့်​အ
ကုသိုလ်​အ​တွေးများအား​ရှောင်​ရှား​နေနိုင်​ပါလျှင်​ထိုလူ၏ဘဝသည်​ဆိုးရွားနိမ့်​ကျမှူမည်​သို့မျှမဖြစ်​နိုင်​​ပါ​ချေ။
အ​တွေးမှန်​လျှင်​ကာယကံပြုမူ​ဆောင်​ရွက်​ချက်​များသည်​လည်းမှန်​ကန်​လာ​ပေ​တော့မည်​။ထို့​ကြောင့်​မိမိ၏ပြုမူ
လုပ်​​ဆောင်​ချက်​များသည်​အမှားနည်း၍တိုးတက်​လာ
ပါ​တော့မည်​။
ထို့​ကြောင့်​အ​တွေးမှစ၍မှန်​ကန်​စွာ​တွေး​ခေါ်နိုင်​​စေရန်​မိမိ
ကိုယ်​မိမိပြုပြင်​သင့်​သည်​။မိမိ၏အ​တွေးမှန်​ကန်​၍ကုသိုလ်​နှင့်​ယှဉ်​ပါကမိမိ၏မ​နောကံများ​ကောင်းမွန်​လာပြီးကာယကံဝစီကံများလည်း​ကောင်းမွန်​လာ​ပေလိမ့်
မည်​။
ထိုအခါမိမိ၏ဘဝသည်​လည်း​ကောင်းမြတ်​သည့်​ကုသိုလ်​ကံအဟုန်​​ကြောင့်​မြင့်​မားလာ​ပေလိမ့်​မည်​။
ထို့​ကြောင့်​အရာရာတိုင်းအားဦး​ဆောင်​​နေသည့်​မိမိ၏
စိတ်​အားသန့်​စင်​​လျော်​ဖွတ်​၍သတိဖြင့်​​စောင့်​ကြည့်​ခြင်းဖြင့်​ပစ္စုပ္ပာန်​အကျိုးသံသရာအကျိုး​မျှော်​မှန်း၍ကြိုးစားသင့်
ပါ​ကြောင်း​ပြောကြားရင်းဖြင့်​ဤစာစုအားနိဂုံးချုပ်​လိုက်​ရပါ​တော့သည်​။

အိအိခိုင်​​ရေးသားသည်​။
MSC No.173.

image
Credited image from https://pixabay.com/en/flower-background-watercolor-floral-3318965/

Sort:  

ဟုတ်ကဲ့ပါဗျာ စိတ်ကိုရှင်းရှင်းထားရင် စိတ်သန့်သန့်နေရင် လူလဲအေးချမ်းပါတယ်

ဟုတ်​ပါတယ်​ရှင်

အ​တွေးမှန်​လျှင်​ကာယကံပြုမူ​ဆောင်​ရွက်​ချက်​များသည်​လည်းမှန်​ကန်​လာ​မည်​။ထို့​ကြောင့်​မိမိ၏ပြုမူလုပ်​​ဆောင်​ချက်​များသည်​အမှားနည်း၍တိုးတက်​လာ​ပေမည်​။

အမှန်​ပဲ​လေ။

Very good post. I like this post

မကောင်းတဲ့စိတ်က စိတ်အင်အားကိုယုတ်လျော့စေတာအမှန်ပါ

ဟုတ်​ပါတယ်​ရှင်​။

သန့်စင်တဲ့ စိတ်ထားရှိတဲ့သူဟာ မျက်နှာလေးကအစ အေးချမ်းနေတယ် မအိရေ သူနဲ့ ပေါင်းသင်းဆက်ဆံရသူ အားလုံးကိုလည်း အေးမြစေတယ်စိတ်ထားစင်ကြယ်ဖို့က အဓိကပါဘဲ

ဟုတ်​တယ်​မမ​ရေ။

ပြသနာ တစ်ခုမှာ ဒေါသဖြစ်သူက အရှုံးပါပဲဗျာ။

ဟုတ်​တယ်​ကိုမြင့်​။

စိတ်ထားဖြူစင်ဖို့အရေးကြီးပါတယ်

ဟုတ်​ပါတယ်​ရှင်​။

စိတ်ကအရေးကြီးတယ်နော်

ဟုတ်​ကဲ့

အဖျက်​အ​တွေး​တွေ တတ်​နိုင်​သ​လောက်​ထိန်းချုပ်​ပါ့မယ်​ အမ​ရေ

အမှန်​ပဲ​မောင်​​လေး​ရေ။

စိတ်​ကပဲအရာရာဦး​ဆောင်​ပါတယ်​ဗျ

အမှန်​ပါပဲရှင်​။

Coin Marketplace

STEEM 0.29
TRX 0.11
JST 0.033
BTC 63458.69
ETH 3084.37
USDT 1.00
SBD 3.99