၀၇ / ၀၆ / ၂၀၁၈ Steem နှင့် SBD ဈေးကွက် အခြေအနေများ

in #myanmar6 years ago

Steem ဈေးသည် Bittrex ဈေးကွက်အတွင်း၌ လွန်ခဲ့သော ၂၄ နာရီက USD$2.30 ဝန်းကျင်သာရှိခဲ့ရာ ယနေ့နံနက်တွင် USD$ 2.40 ဝန်းကျင်းအထိ အနည်းငယ်တက်သွားခဲ့ပါသည်။ ၂၄ နာရီ အတွင်း Bittrex ဈေးကွက်အတွင်း၌ ဝယ်ရောင်းပမာဏ ဒေါ်လာ ၃ သိန်းကျော်ခန့်သာ ရှိခဲ့ပြီး လက်ရှိအချိန်တွင် USTD ဖြင့် ရောင်းဝယ်သော Huobi ဈေးကွက်က ၂၆% ထိန်းချုပ်ထားပါသည်။ ၂၄ နာရီ အတွင်း ဝယ်ရောင်းပမာဏ အများဆုံး Huobi & Binance ဈေးကွက်တို့တွင် ဒေါ်လာ ၁ သန်းကျော်အထိရှိခဲ့ကြပါသည်။

01.png

SBD ဈေးမှာ တတိယမြောက်နေ့ အဖြစ် USD$1.70 ဝန်းကျင်တွင် ဆက်လက် မြဲ နေဆဲ ဖြစ်ပါသည်။ Bittrex ဈေးကွက် အတွင်း ၌ SBD ဝယ်ရောင်းပမာဏ ဒေါ်လာ ၁ သိန်းကျော် အထိ တက်လာခဲ့သော်လည်း ဝယ်လိုအား နှင့် ရောင်းလိုအား မျှတနေဆဲ ဖြစ်ပါသည်။ SBD အား HitBTC ဈေးကွက်တွင် USD$ 30 ခန့်အထိ ဈေးဆွဲတင်ထားကြသော်လည်း SBD အထုတ်အတွင်း ပြုလုပ်၍ မရပါ။ လက်ရှိအချိန်အထိ SBD ဈေးကွက်အား Upbit က ထိန်းချုပ်ထားဆဲဖြစ်ပါသည်။

02.png

နောက်၂၄ နာရီအတွက် Steem & SBD ဈေးခန့်မှန်းချက်မှာ ဈေးအတက်သို့ ဦးတည်လာသယောင်ရှိသော်လည်း Steem အနေဖြင့် အများဆုံး USD$ 2.50 အတွင်းသာ ရှိမည်ဟု ခန့်မှန်းရပါသည်။ SBD အနေဖြင့် USD$1.80 အထိသာ အများဆုံး ရောက်ရှိနိုင်ပါလိမ့်မည်။ ဤသည်မှာ ဈေးခန့်မှန်း ခြင်းသာ ဖြစ်၍ ဈေးကွက်မှာ အချိန်မရွေး ပြောင်းလည်းသွားနိုင်ပါသည်။

03.png
04.png
msc-5.jpg
msc-6.jpg

Sort:  

Excelente informacion amigo

Coin Marketplace

STEEM 0.25
TRX 0.11
JST 0.034
BTC 63549.78
ETH 3107.39
USDT 1.00
SBD 3.88