၀၉ / ၀၆ / ၂၀၁၈ Steem နှင့် SBD ဈေးကွက် အခြေအနေများ

in #myanmar6 years ago

ယမန်နေ့က USD$ 2.30 ခန့်တွင် ဈေးကစားနေခဲ့သော Steem မှာ အတက်အကျ များစွာ မရှိပဲ ယနေ့နံနက်တွင် လည်း USD$ 2.30 ဝန်းကျင်တွင်သာ ရှိနေပါသည်။ Steem အနေဖြင့် Bittrex ဈေးကွက်တွင် လွန်ခဲ့သော ၂၄ နာရီ အတွင်း ဝယ်ရောင်း ပမာဏ ဒေါ်လာ ၁ သိန်းကျော်ခန့်သာ ရှိခဲ့ကာ coinmarketcap ၏ အဆင့် ၃၃ သို့ ကျဆင်းသွားခဲ့ပြီ ဖြစ်ပါသည်။ လက်ရှိ Steem ဈေးကွက်အား Binance ဈေးကွက်မှ ၂၂% ထိန်းချုပ်ထားဆဲ ဖြစ်ပါသည်။

01.png

SBD ဈေးအနေဖြင့် ယမန်နေ့က USD $1.70 ခန့်ရှိခဲ့ရာမှ အနည်းငယ်ကျ ဆင်း သွားပြီး ယနေ့နံနက်တွင် USD$ 1.65 ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ Bittrex ဈေးကွက် ၌ SBD အား လွန်ခဲ့သော ၂၄ နာရီ အတွင်းက ရှိခဲ့ သော ဝယ်ရောင်း ပမာဏမှာ ဒေါ်လာ ၆ သောင်းကျော် သာရှိခဲ့ပါသည်။ SBD ဈေးကွက်အား ကိုးရီးယာ ဝမ်ဖြင့် ရောင်းဝယ်သော Upbit က ၆၃ % ထိန်းချုပ်ထားဆဲ ဖြစ်ပါသည်။

02.png

နောက် ၂၄ နာရီ အတွက် Steem နှင့် SBD ဈေးခန့်မှန်းချက်မှာ Steem အနေဖြင့် USD $2.20 ခန့်အထိ ကျဆင်းသွားနိုင်ပြီး SBD အနေဖြင့် USD $1.50 ခန့်အထိ ကျဆင်းလာမည်ဟု ခန့်မှန်းရပါသည်။ ဤသည်မှာ ဈေးခန့်မှန်းခြင်းသာ ဖြစ်၍ ဈေးနှုန်းများမှာ အချိန်မရွေး ပြောင်းလည်း သွားနိုင်ပါသည်။

03.png
04.png
msc-5.jpg
msc-6.jpg

Sort:  

Congratulations @exchange.msc! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes received

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Do you like SteemitBoard's project? Then Vote for its witness and get one more award!

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.034
BTC 66931.79
ETH 3249.50
USDT 1.00
SBD 4.10