၁၀ / ၀၆ / ၂၀၁၈ Steem နှင့် SBD ဈေးကွက် အခြေအနေများ

in #myanmar6 years ago

Steem အနေဖြင့် အခြားသော အမြင့် coin များ ဈေးကျလာခြင်းနှင့်အတူ Steem ဈေးသည်လည်း လိုက်ပါကျဆင်းလျက်ရှိရာ လက် ရှိအချိန်တွင် Bittrex ဈေးကွက် အတွင်း၌ Steem အား USD$ 2.13 အထိ တပါတ်အတွင်း အနိမ့်ဆုံး ဈေးကို ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါသည်။ Bittrex ဈေးကွက် အတွင်း၌ Steem ဝယ်လိုအားထက် ရောင်းလိုအား ပိုမို များပြားလျက်ရှိရာ ဈေးနှုန်းများ ဆက်တိုက်ဆိုသလို ကျဆင်းလျက်ရှိပါသည်။ လက်ရှိ Steem ဈေးကွက်အား BTC ဖြင့် ရောင်းဝယ်သော Binance ဈေးကွက်က ၁၉% ဖြင့် ဦးဆောင်လျက်ရှိကာ coinmarketcap ၏ အဆင့် ၃၃ နေရာတွင် ရပ်တည်လျက်ရှိပါသည်။

01.png

Bittrex ဈေးကွက်အတွင်း၌ SBD အနေဖြင့် အနိမ့်ဆုံး ဈေးဖြစ်သော USD$ 1.54 အထိ ကျဆင်းသွားခဲ့ပါသည်။ SBD အနေဖြင့် Bittrex ဈေးကွက် အတွင်း၌ လွန်ခဲ့သော ၂၄ နာရီ အတွင်း ဝယ်ရောင်းပမာဏ ဒေါ်လာ ၆ သောင်း ဝန်ကျင်ခန့်သာရှိခဲ့ပါသည်။ SBD ဈေးကွက်အား Upbit က ၅၆% ဖြင့် ဆက်လက် ဦးဆောင်နေဆဲ ဖြစ်ပါသည်။

02.png

နောက် ၂၄ နာရီ အတွက် Steem နှင့် SBD ဈေးခန့်မှန်းချက်မှာ ဈေးများ ဆက်လက်ကျ ဆင်းနေအုံးမည်ဟု ခန့်မှန်း ရပါသည်။ Steem အနေဖြင့် USD$ 2 အထိ ကျဆင်းသွားနိုင်ပြီး SBD အနေဖြင့် USD $1.40 ခန့်အထိ ကျဆင်းလာနိုင်ပါသည်။ ဤသည်မှာ ဈေးခန့်မှန်း ခြင်းသာ ဖြစ်၍ ဈေးကွက်မှာ အချိန်မရွေး ပြောင်းလည်း သွားနိုင်ပါသည်။

03.png
04.png
msc-5.jpg
msc-6.jpg

Sort:  

ဈေး​တွေဘာ​ကြောင့်​များကျ​နေရတာပါလိမ့်​ဗျာ

Coin Marketplace

STEEM 0.31
TRX 0.11
JST 0.034
BTC 64332.82
ETH 3146.25
USDT 1.00
SBD 4.17