၁၁/ ၅ / ၂၀၁၈ Steem နှင့် SBD ဈေးကွက် အခြေအနေများ

in #myanmar6 years ago

ယနေ့နံနက်တွင် BTC အပါအဝင် အမြင့် coin များ ဈေးထိုးကျခြင်းနှင့် အတူယမန်နေ့က USD $ 3.45 ဖြင့် ရောင်း ဝယ်နေကြသော Steem မှာ အနိမ့် ဆုံး ဈေးအဖြစ် USD$ 3.11 အထိ ထိုးကျသွားခဲ့ပြီ ဖြစ်ပါသည်။ coin ဈေးများ တအိအိကျလာခြင်းနှင့် အတူ Steem ဈေးသည်လည်း လိုက်ပါကျဆင်းလျက်ရှိကာ လွန်ခဲ့သော ၂၄ နာရီ က Bittrex ဈေးကွက် အတွင်း Steem ဝယ်ရောင်းပမာဏမှာ ဒေါ်လာ ၁ သန်း အထက်သာရှိခဲ့ပါသည်။ steem သည် coinmarketcap တွင် အဆင့် ၃၂ နေရာတွင်ရပ်တည်နေပါသည်။

01.png

ယမန်နေ့က USD $2.80 ခန့်ဖြင့် ဝယ်ရောင်း နေကြသော SBD ဈေးမှာလည်း ခန့်မှန်းထားသကဲ့သို့ပင် USD $2.40 ဝန်းကျင်သို့ ကျဆင်းသွားခဲ့ပြီ ဖြစ်ပါသည်။ SBD သည်လည်း Steem နည်းတူ ဝယ်ရောင်း ဈေးကစားသူတို့၏ စိတ်ဝင်စားမှုနည်းပါးလာရကာ ဈေးတအိအိ ကျဆင်းလျက်ရှိပါသည်။

လွန်ခဲ့သော ၂၄ နာရီက Bittrex ဈေးကွက်အတွင်း SBD အား ဝယ်ရောင်းခဲ့ကြသော ပမာဏမှာ ဒေါ်လာ ၂ သိန်းကျော် ဝန်းကျင်သာရှိခဲ့ပါသည်။ လက်ရှိအချိန်တွင် Bittrex ဈေးကွက်တွင် Steem အား USD$ 2.40 ခန့်ဖြင့် ဝယ်ရောင်းလျက်ရှိပါသည်။

02.png

နောက် ၂၄ နာရီအတွက် Steem & SBD ဈေးခန့်မှန်းချက်မှာ ဈေးများ ဆက်လက်ကျဆင်း နေအုံးမည် ဖြစ်ပါသည်။ Steem အနေဖြင့် သူ၏ ကတိပေးထားသော SMTs project များ မထွက်လာသရွေ့ လက်ရှိအချိန်တွင် ဝယ်ရောင်း ဈေးကစားသူများအတွက် မျက်စိကျစရာအနေအထားမရှိသေးပါ။ Steem အနေဖြင့် ဈေးကွက် ထိုးကျချိန် အနိမ့်ဆုံး ရောက်ရှိခဲ့သော USD $ 1.5 အထိ ကျသွားနိုင်ပါသည်။

SBD အနေဖြင့် Steem ကဲ့သို့ technical value မရှိပဲ storage value သာရှိသောကြောင့် သူ၏ မူရင်း ဈေး USD $1 အနေအထားထိ ရောက်နိုင်ခြေရှိပါသည်။ သို့ သော် ဈေးကွက် အခြေအနေမှာ ဝယ်ရောင်း ဈေးကစားကြသူတို့၏ စိတ်ဝင်စားမှုအပေါ်တွင်သာ မူတည်နေပါသည်။

03.png
04.png
msc-5.jpg
msc-6.jpg

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.034
BTC 66408.70
ETH 3225.39
USDT 1.00
SBD 4.17