၁၂ / ၀၆ / ၂၀၁၈ Steem နှင့် SBD ဈေးကွက် အခြေအနေများ

in #myanmar6 years ago

ယမန်နေ့က Bittrex ဈေးကွက်တွင် USD$1.80 ခန့်တွင်ဈေးကစားနေခဲ့သော Steem မှာ လွန်ခဲ့သော ၂၄ နာရီ အတွင်း အမြင့်ဆုံး ဈေး အဖြစ် USD$1.95 သို့ ရောက်ရှိခဲ့ကာ အနိမ့်ဆုံး ဈေး အဖြစ် USD$1.75 အထိ ကျဆင်းသွားခဲ့ပါသည်။ ယနေ့နံနက်တွင် USD$1.80 ခန့်တွင် ရောင်းဝယ်လျက်ရှိပါသည်။ Steem ဈေးမှာ ကိုးရီးယား ဝမ်ဖြင့် ရောင်းဝယ်သော Upbit ဈေးကွက်တွင် USD$1.90 ခန့်အထိရှိနေသော်လည်း လက်ရှိအချိန်တွင် BTC ဖြင့် ရောင်းဝယ်သော Binance ကဈေးကွက်အား ၂၉% ဖြင့် ဦးဆောင်လျက်ရှိပါသည်။

01.png

ယမန်နေ့က USD$1.30 အထိကျဆင်းသွားခဲ့သော SBD ဈေးသည်လည်း ယနေ့နံနက်တွင် အနည်းငယ် ဈေးတက်လာသယောင်ရှိကာ USD$ 1.40 ခန့်တွင် ဈေးငြိမ်လျက်ရှိပါသည်။လက်ရှိ SBD ဈေးကွက်အား Upbit က ၇၃% ထိန်းချုပ်ထားဆဲ ဖြစ်ပါသည်။ SBD ဈေးသည် HitBTC ဈေးကွက်တွင် USD $26 အထိ ဈေးရှိနေသော်လည်း SBD deposit တင်မရဟု သိရပါသည်။

02.png

နောက် ၂၄ နာရီ အတွက် Steem & SBD ဈေးခန့်မှန်းချက်မှာ ဈေး တန့်နေဦးမည်ဟု ခန့်မှန်းရပါသည်။ Steem အနေဖြင့် USD 1.80 ဝန်းကျင်နှင့် SBD အနေဖြင့် USD 1.35 ဝန်းကျင်တွင်သာ ရှိနိုင်မည်ဟု ခန့်မှန်းရပါသည်။ ဤသည်မှာ ဈေးခန့်မှန်းခြင်းသာဖြစ် ဈေးကွက်မှာ အချိန်မရွေး ပြောင်းလည်း သွားနိုင်ပါသည်။

03.png
04.png
msc-5.jpg
msc-6.jpg

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 63318.34
ETH 3108.17
USDT 1.00
SBD 3.97