၁၃ / ၀၆ / ၂၀၁၈ Steem နှင့် SBD ဈေးကွက် အခြေအနေများ

in #myanmar6 years ago

ယမန်နေ့က USD$ 1.80 ခန့်တွင် ဈေးကစားနေခဲ့သော Steem မှာ ယနေ့နံနက်တွင် USD$ 1.69 အထိကျဆင်းသွားခဲ့ပြီဖြစ်ပါသည်။ လွန်ခဲ့သော ၂၄ နာရီအတွင်း Bittrex ဈေးကွက်၌ Steem ဝယ်ရောင်း ပမာဏ ဒေါ်လာ ၃ သိန်းကျော်ခန့်သာ ရှိခဲ့ ၍ coinmarketcap ၏ အဆင့် ၃၃ တွင်ရပ်တည်နေပါသည်။ Steem ဈေးမှာ USD$ 2 အောက်သို့ ရောက်ရှိလာသည်မှာ သုံးရက်ခန့်ရှိပြီ ဖြစ်သည့် အတွက် system ဈေးမှာလည်း စတင်ကျဆင်းလာပြီ ဖြစ်ပါသည်။ လက်ရှိ steemnow အတွင်းရှိ voting calculation Steem price မှာ $1.88 သာရှိ၍ ဆက်လက်ကျ ဆင်းနေအုံးမည် ဖြစ်ပါသည်။

01.png

SBD ဈေးသည်လည်း ယမန်နေ့က USD$ 1.40 ခန့်ရှိခဲ့သော်လည်း ယနေ့နံနက်တွင် USD$ 1.30 ခန့်အထိကျဆင်းလာခဲ့ပြီ ဖြစ်ပါသည်။ လွန်ခဲ့သော ၂၄ နာရီ အတွင်း၌ Bittrex ဈေးကွက်တွင် SBD ဝယ်ရောင်းပမာဏ ဒေါ်လာ ၉ သောင်း ဝန်းကျင်ခန့်သာရှိခဲ့ပါသည်။ SBD ဈေးကွက်အား ကိုရီးယား ဝမ်ဖြင့် ရောင်းဝယ်သော Upbit ဈေးကွက်မှ ၇၈% ထိန်းချုပ်ထားဆဲ ဖြစ်ပါသည်။

02.png

နောက် ၂၄ နာရီ အတွက် Steem & SBD ဈေးခန့်မှန်းချက်မှာ ဈေးများ ဆက်လက်ကျဆင်းနိုင်ပါသည်။ Steem အနေဖြင့် USD $ 1.50 ခန့်အထိ ကျဆင်းသွားနိုင်ပြီး SBD အနေဖြင့် USD $1.25 ခန့်အထိ ကျဆင်းလာမည်ဟု ခန့်မှန်းရပါသည်။ ဤသည်မှာ ဈေးခန့်မှန်း ခြင်းသာ ဖြစ်၍ ဈေးကွက်မှာ အချိန်မရွေးပြောင်းလည်းသွားနိုင်ပါသည်။

03.png
04.png
msc-5.jpg
msc-6.jpg

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 64359.90
ETH 3105.50
USDT 1.00
SBD 3.87