၁၅ / ၅ / ၂၀၁၈ Steem နှင့် SBD ဈေးကွက် အခြေအနေများ

in #myanmar6 years ago

ယနေ့ Steem ဈေးမှာ ယမန်နေ့က ခန့်မှန်းထားသည့် အတိုင်း ဈေးငြိမ်လျက်ရှိကာ USD $ 3.10 ဝန်းကျင်တွင်သာ ဝယ်ရောင်းလျက်ရှိပါသည်။ Steem သည် ကိုးရီးယား ဈေးကွက်၌ ပို၍ အရောင်း အဝယ်ဖြစ်ကာ Bittrex ဈေးကွက် အတွင်း၌ လွန်ခဲ့သော ၂၄ နာရီက ဝယ်ရောင်းခဲ့သော ပမာဏမှာ ဒေါ်လာ ၁.၅ သန်း ကျော်သာရှိခဲ့ပါသည်။ coin ဈေးကွက်တခုလုံး အတက်အကျ အားစမ်းလျက်ရှိရာ Steem မှာ coinmarketcap ၏ အဆင့် ၃၂ နေရာတွင် ရောက်ရှိနေပါသည်။

01.png

ယမန်နေ့က USD $2.40 ခန့်တွင် ဝယ်ရောင်းလျက်ရှိသော SBD မှာ ယခုနံနက်တွင် USD $2.50 နှင့်အထက်တွင် ဈေးကစားနေ၍ အနည်းငယ် ဈေးတက်လာခဲ့ပါသည်။ ထို့အတူ SBD သည် Bittrex ဈေးကွက် အတွင်း၌ ၂၄ နာရီအတွင်း ဝယ်ရောင်းပမာဏမှာ ဒေါ်လာ ၅ သိန်ကျော်ခန့်ရှိခဲ့၍ ယခင် နေ့များထက် ပိုမို ဝယ်ရောင်းလာကြသည့် သဘောဖြစ်ပါသည်။

02.png

နောက်၂၄ နာရီအတွက် Steem& SBD ဈေးခန့်မှန်းချက်မှာ ဈေးကွက်များ ငြိမ်နေအုံးမည်ဟု ခန့်မှန်းရပါသည်။ Steem အနေဖြင့် USD$3 အထက်တွင်ရှိနေပြီး SBD အနေဖြင့် USD $2.40 ခန့်တွင် ဈေးငြိမ်နေမည်ဟု ခန့်မှန်းရပါသည်။ ဤသည်မှာ ဈေးခန့်မှန်း ခြင်းသာဖြစ်၍ ဈေးကွက်မှာ အချိန်နှင့်အမျှ ပြောင်းလည်းနေပါသည်။

03.png
04.png

MSC-Exchange Site သို့ဝင်ရန် ကလစ်နိပ်ပါ

msc-5.jpg
msc-6.jpg

Coin Marketplace

STEEM 0.36
TRX 0.12
JST 0.039
BTC 70112.96
ETH 3549.99
USDT 1.00
SBD 4.71