၁၆/ ၅ / ၂၀၁၈ Steem နှင့် SBD ဈေးကွက် အခြေအနေများ

in #myanmar6 years ago

ယမန်နေ့က USD $3.10 ဝန်းကျင်းတွင် ဝယ်ရောင်းနေခဲ့သော Steem ဈေးသည် ယနေ့နံနက်တွင် သူ၏ အနိမ့်ဆုံး ဈေး ဖြစ်သော USD $2.69 အထိ ပြန်လည်ထိုးကျသွားခဲ့ပါသည်။

Steem နှင့် အတူ အခြားသော coin များလည်း အကျဘက်သို့ ဦးတည်လျက်ရှိပါသည်။ Bittrex ဈေးကွက် အတွင်း ၌ Steem အား လက်ရှိအချိန်တွင် USD $2.70 ခန့်တွင် ဝယ်ရောင်းလျက်ရှိပါသည်။

Bittrex ဈေးကွက် အတွင်း လွန်ခဲ့သော ၂၄ နာရီအတွင်း Steem အား ဒေါ်လာ ၉ သိန်းဝန်ကျင်ခန့်သာ အရောင်း အဝယ်ဖြစ်ခဲ့၍ လက်ရှိအချိန်တွင် coinmarketcap ၏ အဆင့် ၃၂ နေရာတွင် ရပ်တည်နေပါသည်။

Screen Shot 2018-05-16 at 10.25.49 AM.png

ထို့အတူ ယမန်နေ့က USD $ 2.50 ခန့်ဖြင့် ရောင်းဝယ်နေကြသော SBD ဈေးသည်လည်း ယနေ့နံနက်တွင် သူ၏ အနိမ့်ဆုံး ဈေးဖြစ်သော USD$2.13 သို့ကျဆင်းသွားကာ လက်ရှိအချိန်တွင် USD$ 2.16 ဝန်းကျင်တွင် ဈေးကစားလျက်ရှိပါသည်။ Bittrex ဈေးကွက် အတွင်း လွန်ခဲ့သော ၂၄ နာရီ အတွင်း SBD အား ဝယ်ရောင်းခဲ့ကြသော ပမာဏမှာ ဒေါ်လာ ၂ သိန်းကျော် ဝန်းကျင်သာ ရှိခဲ့ပါသည်။ !

Screen Shot 2018-05-16 at 10.26.05 AM.png

နာက်၂၄ နာရီအတွက် Steem & SBD ဈေးကွက် ခန့်မှန်းချက်မှာ ဈေးကွက် တည်ငြိမ်မှုမရှိသေးပဲ အကျဘက်သို့ ဦးတည် နေအုံးမည်ဟု ခန့်မှန်းရပါသည်။ Steem အနေဖြင့် USD $2 အောက်သို့ ရောက်မသွား နိုင်ပါဟု ခန့်မှန်းရသော်လည်း SBD အနေဖြင့် အချိန်မရွေး USD $ 1.90 သို့ ရောက်ရှိသွားနိုင်ချေရှိပါသည်။

ဤဈေးအကျမှာ Steem နှင့် SBD သာကျခြင်း မဟုတ်ပဲ အခြားသော coin များနည်းတူ လိုက်ပါကျဆင်း ခြင်းဖြစ်၍ ဈေးကွက် နလန်ထရန် အချိန်ယူရအုံးမည်ဟု ခန့်မှန်းရပါသည်။ ဤသည်မှာ ဈေးကွက် ခန့်မှန်း ခြင်းသာဖြစ်၍ ဈေးကွက်မှာ အချိန်မရွေး ပြောင်းလည်း သွားနိုင်ပါသည်။

Screen Shot 2018-05-16 at 10.26.18 AM.png
Screen Shot 2018-05-16 at 10.26.45 AM.png
05.jpg
06.jpg

Coin Marketplace

STEEM 0.27
TRX 0.11
JST 0.032
BTC 64579.45
ETH 3101.05
USDT 1.00
SBD 3.83