၇ / ၅ / ၂၀၁၈ Steem နှင့် SBD ဈေးကွက် အခြေအနေများ

in #myanmar6 years ago

ယမန်နေ့က USD $ 3.69 ခန့်ဖြင့် ရောင်းဝယ်နေကြသော Steem မှာ ၂၄ နာရီ အတွင်း အမြင့်ဆုံး ဈေး အဖြစ် USD $4 အထိ ရောက်ရှိနိုင်ခြင်း မရှိပဲ USD $3.74 အထိသာ ရောက်ရှိခဲ့ပါသည်။

ဈေးကွက် အတွင်း ဈေးကစားသူတို့က Steem အား စိတ်ဝင်စားခြင်း မရှိသေးသောကြောင့် ဈေးများ တအိအိ ကျဆင်းလျက်ရှိပါသည်။ Bittrex ဈေးကွက် အတွင်း ၂၄ နာရီ အတွင်း Steem အား ဝယ်ရောင်းခဲ့ကြသော ပမာဏမှာ USD ၆ သိန်း ကျော် ဝန်းကျင်သာရှိခဲ့၍ coinmarketcap တွင် အဆင့် ၃၁ နေရာသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်ပါသည်။ လက်ရှိအချိန်တွင် Steem အား Bittrex ဈေးကွက် အတွင်း ၌ USD $3.70 ခန့်ဖြင့် ရောင်းဝယ်နေကြပါသည်။

03.png

ယမန်နေ့က USD $ 3.20 ခန့်ဖြင့် ရောင်းဝယ်နေကြသော SBD ဈေးသည်လည်း ဆက်လက်ကျဆင်းကာ ယခုအချိန်တွင် Bittrex ဈေးကွက်အတွင်း၌ USD $ 3.15 ဖြင့် ရောင်းဝယ်နေကြပါသည်။

၂၄ နာရီ အတွင်း အမြင့်ဆုံး ဈေးအဖြစ် USD $3.30 အထိ ရှိခဲ့ ပြီး အနိမ့်ဆုံး အဖြစ် USD $3.10 အထိကျဆင်းသွားခဲ့ပါသည်။ Bittrex ဈေးကွက်အတွင်း၌ ၂၄ နာရီအတွင်း SBD အား ဝယ်ရောင်းလုပ်ခဲ့ကြသော ပမာဏမှာ USD ၃ သိန်းကျော်သာရှိခဲ့ပါသည်။

04.png

နောက်၂၄ နာရီအတွင်း Steem & SBD ဈေးခန့်မှန်းချက်မှာ ဈေးဆက်လက်ကျ ဆင်းနေအုံးမည်ဟု ခန့်မှန်းရပါသည်။ Steem အနေဖြင့် နောက်ထပ် ၄၈ နာရီ အတွင်း USD $3 သို့ ရောက်ရှိသွားနိုင်ပါသည်။ SBD အနေဖြင့် နောက်ထပ် ၂၄ နာရီ အတွင်း USD $2 အထက်ထိ ကျဆင်းသွားမည်ဟု ခန့်မှန်းရပါသည်။ ဤသည်မှာ ခန့်မှန်း ခြင်းသာ ဖြစ်၍ ဈေးကွက်မှာ အချိန်မရွေး ပြောင်းလည်း နေပါသည်။

01.png02.png
msc-5.jpg
msc-6.jpg

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.032
BTC 63585.64
ETH 3035.86
USDT 1.00
SBD 3.84