ဥသာအကြောင်းတစ်စေ့တစ်စောင်း (အပိုင်း ၃)

in #myanmar6 years ago

20140225-112910-pm.jpg
Credit-org-source

ကျန်စစ်သား ကိုယ်တိုင်ကလည်း ဒီလိုမျိုးဖြစ်လာမယ် ဆိုတာကို တွေးထင်ထားမိကောင်း ထားမိမယ်ထင်ပါရဲ့။ ဘာဖြစ်လို့လဲဆိုတော့ ပဒေသရာဇ် ခေတ်မှာ ဘာအရာကိုမှ ကိုယ်မပိုင်ဘူးလေ။ နောက်တစ်ချက်က မဏိစန္ဒာမင်းသမီး အနေနှင့်လည်း အနော်ရထာကို ယူချင်မယ်မထင်ဘူး။ ဘာလို့လဲဆိုတော့ အနော်ရထာ ဟာ အသက်အရွယ်အားဖြင့် သူ့ထက် အများကြီးကြီးတယ်။ သူကိုယ်တိုင်ကလည်း ကျန်စစ်သားကို စိတ်ဝင်စားမိတယ် ထင်တယ်။ သို့ပေမည့် ဖခင်ဖြစ်တဲ့ ဥသာ ဘုရင် ရဲ့ အမိန့်ကို မလွန်ဆန်နိုင်တာက တစ်ကြောင်း၊ နောက်တစ်ချက်က ဥသာဘုရင်အနေဖြင့်လည်း မဏိစန္ဒာကို အခြေအနေအရပ်ရပ်အားရှင်းပြပါလိမ့်မယ် လို့ ထင်မိတယ်။ ဒီလိုနဲ့ ပုဂံစစ်တပ်ဟာ ဥသာ ကနေ ပုဂံပြည် ကို ပြန်မည့်နေ့ရောက်လာပါရော။ အဲ့ဒီမှာ ဥသာဘုရင်ဟာ သမီးတော် မဏိစန္ဒာ အတွက် ပြုစုဖို့ရာ မောင်းမ တွေ အခြွေအရံတွေ ထည့်ပေးလိုက်ပါတယ်။ လမ်းခရီးမှာတော့ အစစ အရာရာ ကျန်စစ်သား က စောက်ရှောက် ရတော့တာပေါ့။ သူ့အနေနဲ့က လမ်းခရီးမှာ အခြေအနေတွေအများကြီးကွာခြားခဲ့ပါပြီ။ ပိုပြီးလည်း တာဝန်ကြီးလာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပုဂံပြည့်ရှင် အနုရုဒ္ဓါ ဘုရင် ရဲ့ ကိုယ်ပိုင် ပစ္စည်းတစ်ခုဖြစ်တဲ့ မဏိစန္ဒာမင်းသမီး ပါ လာလို့ပဲလေ။ မှဲ့တစ်ပေါက်မစွန်းအောင်ကာကွယ်ဖို့တာဝန်ရှိလာပါတော့တယ်။

Anawrahta_at_National_museum.JPG
Credit-org-source

ဒီလိုနဲ့ လမ်းခရီးမှာ ကျန်စစ်သားဟာ သူ့စိတ်ကိုထိန်းကျောင်းရင်းနဲ့ပဲ မဏိစန္ဒာ မင်းသမီးကို ချစ်ကျွမ်းဝင်မိပါတော့တယ်။ မဏိစန္ဒာ မင်းသမီး အနေနဲ့လည်း ကျန်စစ်သား ကို စိတ်ယိုင်ခဲ့တယ်လို့ ဖတ်ဖူးပါတယ်။ ဖြစ်လည်းဖြစ်ချင်စရာကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ထိုစဉ်အခါက လမ်းပန်းဆက်သွယ်ရေးအနေအထား ရယ် ၊ ခရီးသွားတဲ့အခါမှာလည်း မြင်းတို့၊ ဆင်တို့ နဲ့ပဲသွားရတော့ ဥသာ နဲ့ ပုဂံ ကို သွားရင် လ နဲ့ချီကြာတယ်လို့ မှတ်သားဖူးပါတယ်။ ဒီလိုကြာမြင့်တဲ့အချိန်ကာလ မှာ ကျန်စစ်သားရဲ့ ထိန်းချုပ်ထားတဲ့ အချစ်စိတ် တွေဟာ ပွင့်ထွက်လာပုံရပါတယ်။ မဏိစန္ဒာ လည်း ထိုနည်းအတူ ထင်ပါရဲ့။

The-pagodas-of-bagan.jpg
Credit-org-source

ဒီလိုနဲ့ ပုဂံပြည် ကို ပြန်ရောက်လာခဲ့ပါတယ်။ အဲ့ဒီမှာ ကျန်စစ်သားဟာ အနော်ရထာမင်း ကို ဝင်မတွေ့ခဲ့ပါဘူး။ ငထွေရူး ၊ ငလုံးလဖယ် နှင့် ညောင်ဦးဖီးတို့သာ ဘုရင့်ရှေ့တော်မှောက် ဝင်တွေ့ရင်း တိုက်ပွဲအကြောင်း ကိုတင်ဆက်ပါတယ်။ ပြီးမှ ဥသာဘုရင်က လက်ဆောင်အနေနဲ့ သမီးတော် မဏိစန္ဒာမင်းသမီး အကြောင်းပါ လျှောက်တင်ပါတယ်။ အဲ့ဒီမှာ ဘုရင် အနော်ရထာအနေနဲ့ က ပုဂံစစ်တပ်ပြန်လာကတည်းက သူအရင်ဆုံးတွေ့ချင်နေတဲ့ သူ့ရဲ့သားတော် ကျန်စစ်သားကို မတွေ့ရတဲ့အခါကတည်းက စိတ်ထဲမှာ ဘဝင်မကျဖြစ်နေခဲ့ပါတယ်။ မှန်ပါတယ်။ ကျန်စစ်သားအနေနဲ့က စစ်ဦးစီးချုပ် ဖြစ်တဲ့အတွက် ဖြစ်သမျှအကြောင်းကို သူကသာလျှောက်တင်ရမှာပါ။ နောက်ဆုံး အနော်ရထာမင်းက မေးတော့မှ ငထွေးရူး၊ ငလုံးလဖယ်၊ ညောင်ဦးဖီး တို့ကတော့ ဖာဖာထေးထေး ပြောပါတယ်။ သို့သော် ပုဂံ နန်းတွင်းမှာ ကျန်စစ်သားကိုမနာလိုတဲ့သူတွေက ကျန်စစ်သားနဲ့မဏိစန္ဒာ အကြောင်းကိုလျှောက်တင်ပါတော့တယ်။ အဲ့ဒီလို ဘုရင်ပိုင်တဲ့ပစ္စည်းကို သူပိုင်လုပ်ထားတဲ့အတွက် မျက်နှာမပြဝံ့တာကြောင့် ဘုရင့်ရှေ့တော်မှောက်ကို မဝင်တာပါလို့ ကုန်းတိုက်ကြပါတယ်။ အဲ့လိုမျိုးလည်းကြားရော အနော်ရထာ ဟာ အရမ်းကို ဒေါသဖြစ်ပြီးတော့ ကျန်စစ်သားကိုချက်ချင်းဖမ်းချုပ်စေပါတယ်။ အဲ့ဒီမှာ ကျွန်တော်ဖတ်ဖူးတဲ့ တစ်ချို့သောစာအုပ်တွေမှာတော့ အနော်ရထာမင်း ဒေါသထွက်တာဟာ ကျန်စစ်သားအနေနဲ့ မဏိစန္ဒာ ကို ကြိုက်လို့ ၊ ဘုရင့်ပစ္စည်းကို ကိုယ်ပိုင်အနေနဲ့ ယူသုံးလို့ မဟုတ်ဘဲ မိန်းမတစ်ယောက်အတွက် နဲ့ ဖခင်ကိုဝင်မတွေ့တာဟာ ယောကျာ်းကောင်းတစ်ယောက်ရဲ့ လုပ်ရပ် မဟုတ်ဘူးလို့ ယူဆမိတဲ့အတွက်ကြောင့် ဖြစ်တယ် လို့ ဆိုပါတယ်။ အနော်ရထာမင်း အနေနှင့်ကလည်း ကျန်စစ်သားအနေနဲ့ မဏိစန္ဒာကိုတောင်းရင်တောင် ပေးဖို့အသင့်ပဲလို့လည်း တစ်ချို့စာတွေက ဆိုကြပါတယ်။ ဒါကတော့ ဘယ်ဟာအမှန်လဲဆိုတာ မသိပါဘူး။ သေချာတာတစ်ခုကတော့ အနော်ရထာမင်းဟာ သူရဲကောင်းတွေကို အရမ်းချစ်မြတ်နိုးတော်မူပါတယ်။ သထုံတိုက်ပွဲမှာ သူ့ရဲ့စစ်သူကြီးတစ်ဦးဖြစ်တဲ့ ဗျတ္တကျဆုံးတုန်းကလည်း အရမ်းကို မဖြေဆည်နိုင်အောင် ဖြစ်ခဲ့တယ် လို့ဖတ်ဖူးပါတယ်။
...
...Photo credit by Google Image
...Reference book by ချစ်ဦးညို (အိုဘယ့်အနော်ရထာ)
...
...@generalpyone
MSC- 238
...
...အပိုင်း (၄) ကို ဆက်လက် စောင့်မျှော်ပေးကြပါဦး

Sort:  

အရင် ကျောင်းသား ဘဝရေးတုန်းကလိုပဲ
အပိုင်း ၂၀ ကျော်ဦးမှာပဲနော် ဘဒို😁😁

မကျော်လောက်ဘူး

ခုလိုရာဇဝင်​​တွေ​ရေး​တော့ဗဟုသုတရတယ်​ဗျာရ

ဟုတ်ကဲ့ပါ တစ်ချို့အချက်လေးတွေက နည်းနည်းကွဲလွဲတယ်

သမိုင်း​ကြောင်း​တွေ ငယ်​ငယ်​က နည်းနည်းပဲသိခဲ့တယ်​ အခု​တော့ ​ကျေးဇူး​တော်​​ကြောင့်​ ​တော်​​တော်​​လေး သိ​နေပြီ ​စောင့်​​မျှော်​​နေပါတယ်

သမိုင်းက သိကိုသိရမယ့်အရာပါ

အို..ဖတ်ကောင်းတုန်းရှိသေးတယ်
ပြီးသွားပြီ 😁

နောက်အပတ်ဆက်လာမယ်လေ

သမိုင်းကြောင်းလေးတွေကို ပြန်ပြီးမှတ်မိလွယ်အောင် တင်ပြပေးထားတာ ကောင်းလှပါတယ်။နောက်အပိုင်းတွေကိုလည်း စိတ်ဝင်တစား စောင့်မျှော်အားပေးနေမယ်ဗျာ

ဟုတ်ကဲ့ပါဗျာ

မဆိုးဘူးငါပြောပြထားတာတွေအကုန်မှတ်မိတယ်

အယ်လယ့်

မြန်​မာဆိုတာ အဲ့ဒီလို ရာဇဝင်နဲ့ဗျ​​👍👍👍

ဟုတ်တယ် အမှန်ပဲ

ဟုတ်မှာပါ မိန်းမတစ်ယောက်အတွက်ဖခင်ကိုလာမတွေ့တာ
ယောက်ျားကောင်းမဟုတ်ဘူးဆိုပြီးဒေါသထွက်တာဖြစ်မှာပါ
စောင့်မျှော်လျက်ပါ

အင်း ဒါကတော့ ဘယ်ဟာအမှန်လဲဆိုတာ ဘယ်သူမှမသိဘူး

သမိုင်းအ‌ကြောင်း‌တွေရာဇဝင်‌ အ‌ကြောင်း‌တွေက ဖတ်‌လို့ ‌ကောင်းတယ်‌‌နော်‌။

ဟုတ်ပါ့

ဒီလိုဇတ်လမ်းမျိုးဆို အရမ်းဖတ်လို့ကောင်း 😊😊

ဟုတ်တယ်ဗျ ကျနော်ဆို အရမ်းကြိုက်တာ

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 62796.11
ETH 3045.55
USDT 1.00
SBD 3.85