တစ်သက်မှာတစ်ခါကြုံ ၊ တက္ကသိုလ်ကျောင်းသားဘဝ အဖုံဖုံ (အပိုင်း ၁၃)

in #myanmar6 years ago (edited)

အပိုင်း (၁၃)
...
...
image
Crd-org-source

B.E ပြန်တက်တော့ ဆိုင်ကယ်တောင်းရပြီလေ ။ အမေက လုံးဝမပေးဘူး။ အဒေါ်ကလည်းမပေးဘူး။ အဖေကလည်းမပေးဘူး။ အဲ့ဒီမှာ စတွေ့တော့တာပဲ။ ကိုယ်ကလည်းမရမက တောင်းတာ။ ဘယ်လိုမှမပေးဘူး။ ဘာလို့လဲဆိုတော့ မိဘတွေနဲ့ဝေးရာမှာ ကျောင်းတက်နေတဲ့အပြင် Accident တစ်လုလုဖြစ်မှာကိုသိပ်စိုးရိမ်လို့တဲ့။ တခြားအကြောင်းပြချက်လည်းရှိမှာပေါ့။ ဘာလို့လဲဆိုတော့တောင်ငူက နာမည်ကြီးလေ။ ကျောင်းသားတွေ ဖဲတအားရိုက်ကြတယ် နောက် ဆေးပြား တွေတော့ မဟုတ်ဘူး၊ ဆေးခြောက်တအားသုံးတယ် ၊ ဆေးခြောက်ဆိုလို့ပြောဦးမယ် ၊ တောင်ငူမှာက ဆေးခြောက်ပင်က အလိုလိုပေါက်နေတာ၊ တကူးတက စိုက်စရာမလိုဘူးဗျ။ အဲ့ဒါတွေကိုစိုးရိမ်လို့ ဆိုင်ကယ်မပေးတာ ဖြစ်ကောင်းဖြစ်မှာပေါ့၊ ကျွန်တော်ဆိုတဲ့ကောင်ကလည်း တောင်ငူမှာ ကျောင်းတက်တဲ့ အတောအတွင်း ဆေးခြောက် ၊ မိန်းမ ကိစ္စ၊ ဖဲ လုံးဝ လုံးဝ မလုပ်ဘူး၊ ဆေးခြောက်နဲ့ မိန်းမ ကိစ္စ ပိုဆိုးတယ် စမိတာနဲ့ ဘဝ ပျက်လိမ့်မယ်။ အဲ့ဒါတွေကြောင့် လုံးဝမလုပ်တာ ၊ အဲ ဖဲ ကတော့ တစ်ခါတစ်လေ ရိုက်တယ် ၊ အဆောင်မှာ ကလေးတွေနဲ့ ၁၀ ကြေး ၊ ၁၀၀ကြေး ရိုက်တာတောင် တစ်ခါမှ မနိုင်တဲ့ကျွန်တော် ဘယ်တော့မှ သူများတွေနဲ့ ဖဲ မရိုက်ဘူး၊ ဒါကြောင့် ဖဲလည်း မရိုက်ဘူး၊ ဒီတော့ ကျွန်တော်က မစိုးရိမ်ဘူး။ မိဘ တွေကတော့ စိုးရိမ်မှာပေါ့လေ၊ ဒါကြောင့်ဆိုင်ကယ် လုံးဝမပေးဘူး လုပ်တာ၊ ဒီတော့ မရမည့်အတူတူ ဘာလုပ်လဲဆိုတော့ ပြောတယ် သင်္ကြန်ကြောင်းပြန်တက်ရင်တော့ ဆိုင်ကယ် ပေးရမယ် ဆိုပြီး ပြောတော့ ပေးမယ် တဲ့ ။

image
Crd-org-source

ok လေ အဲ့တော့ ကြောင်းပြန်တက်ရော၊ B.E နှစ်ဟာ ကျွန်တော့ ကျောင်းသား ဘဝ နောင်ဆုံးနှစ်ကိုး ။ အကြိုက်ပျော်ရမည့်နှစ်ပဲ၊ ကိုယ့်ဟာကိုယ် သတ်မှတ်ထားတာလေ ။ ဒါကြောင့် ဒီဇင်ဘာ အစလောက်ကတည်းက ကျောင်းပြန်တယ်၊ ကျောင်းမတက်ဘူး၊ လျှောက်သွားတယ် ၊ သူငယ်ချင်းတွေနဲ့ နေပြည်တော်သွားတယ် ၊ အဲ့လိုအချိန်ဖြုန်းတာ၊ နောက်တစ်ခုက ညနေဆို ဘောလုံးကန် ၊ ပြီးရင် ထမင်းစား၊ လက်ဖက်ရည် ဆိုင်ထိုင် ၊ ပြီးရင် Game ကို ညလုံးပေါက်နှိပ်တာ အဲ့ဒီတုန်းကတော့ Dota 1 လေ ။ ညလုံးပေါက် ဂိမ်းနှိပ် ၊ မနက် အဆောင်ပြန်တဲ့အချိန်က မနက် ၆ နာရီ ၊ ပြန်ရောက်တာနဲ့ ထမင်းဆိုင်မှာ ထမင်းတန်းစား၊ ပြီးမှ အဆောင်ပြန် ရေမိုးချိုး ၊ ပြီးတာနဲ့ အိပ်၊ နေ့လည် ၁ နာရီလောက်မှနိုး တယ်၊ ပြီးရင် ထမင်းစား ၊ စိတ်ကူးပေါက်ရင် ကျောင်းသွားတယ် ၊ ဒါတောင် Canteen မှာ ထိုင်တယ်၊ သူငယ်ချင်းတွေနဲ့ Coffee ကြေးဖြစ်ဖြစ် ထမင်းသုတ်ကြေးဖြစ်ဖြစ် Check ထိုးတယ်၊ အဲ့လိုနဲ့ ညနေရောက်ရင် ထုံးစံအတိုင်း ပေါ့။ တစ်ခါတစ်လေကျရင် ညဖက် Guitar သွားတီးကျတယ် ၊ B.E တန်းမှာက ည တိုင်းလိုလို Guitar တီးဖြစ်တယ်။ မှတ်မှတ်ရရ အဖြစ်အပျက်တစ်ခုပြောဦးမယ်။ တစ်ည Guitar သွားတီးဖို့အသွား ကျွန်တော်ရယ် နောက် အတန်းအတူတူက ကျွန်တော့်ထက်ကြီးတဲ့ အစ်ကိုကြီးတစ်ယောက်ရယ် ပေါ့၊ သူနဲ့ ကျွန်တော်က ညနေကတည်းက အရက်ထိုင်သောက်နေတာ Limit ,ပြည့်တော့ ဂစ်တာသွားတီးတာပေါ့ ။ သွားတီးမည့် သူငယ်ချင်းတွေ အဆောင်ကို အသွား မှာ၊ လမ်းမှာ လူတစ်ယောက်ကိုတွေ့လိုက်တယ်၊ အဲ့ဒါနဲ့ အစ်ကို ခဏ ခဏ ခုနက ကျောင်းအုပ်ကြီးလားမသိဘူး မတ်တပ်ရပ်နေတာ လို့ဆိုပြီး ဆိုင်ကယ် ပြန်လှည့်တော့ ဟုတ်ပါ့ဗျာ ကျောင်းအုပ်ကြီး ၊ အဲ့ဒါနဲ့ ကိုယ်တွေလည်း ကိုယ်ဟန့်ဖို့ပြီး ဆရာကြီး ဆီကိုသွားတာပေါ့၊ ပြီးတော့မှ ဟာ ဆရာကြီး ဘာဖြစ်လို့လဲ လို့ မေးတော့မှ ဟ ဟေ့ကောင် ဆိုပြီး မင်းတို့လာတာနဲ့အတော်ပဲ ငါ့ကို ကူညီစမ်းပါကွာ ဆိုတော့ ဘာလဲပေါ့ လို့လဲမေးလိုက်တော့မှ ဆိုင်ကယ် နှစ်စီး Accident ဖြစ်တာ တစ်ယောင်ကတော့ သေသွားပြီတဲ့ ၊ တစ်ယောက်ကတော့ မသိဘူးတဲ့ အခြေအနေမကောင်းဘူးထင်တယ် တဲ့ အဲ့ဒါ မော်ကွန်းထိန်းရယ် ဆရာတွေရယိကျု သွားပြောပေးစမ်းပါ ဆိုလို့ သွားပြောရတာပေါ့၊ တိုက်မိတာက တစ်ယောက်ကကျောင်းသား တစ်ယောက်က EPC က ၊ အဲ့ဒါ အဲ့ကျောင်းသား မေဂျာက ဌာနမှူး ကို သွားခေါ် ပြီးတော့ EPC ,ရုံးကိုပြေးရပြန်ရော၊ ပြီးတော့ ဆရာကြီးက ဟေ့ကောင်တွေ မင်းတို့မပြန်နဲ့ဦး ဆိုပြီး ဟိုခိုင်း ဒီခိုင်းနဲ့ မနက် ၂ နာရီထိုးသွားပါလေရော၊ အဲ့ဒီနေ့က ကျောင်းမှာ ကထိန်သင်္ကန်း ကပ်ဖို့ရှိတော့ အဲ့ဒီကျောင်းသားအတွက်ပါ တစ်ခါတည်း အမျှဝေ ဆုတောင်းနဲ့ မနက် မိုးလင်းပါလေရော၊ နောက်နေ့ကျတော့ ကျောင်းလည်းမတက်နိုင်တော့ဘူး ခေါင်းတွေတအားကိုက်ပြီး တစ်နေကုန်အိပ်တော့တာပဲ။

image
Crd-org-source

ဌာနမှူးကလည်း မပြောတော့ဘူးလေ ၊ အဲ့လိုနဲ့ အချိန်တွေဖြုန်းရင်း တစ်ရက်မှာတော့ Fresher Welcome လုပ်ဖို့အတွက် အစည်းအဝေးခေါ်ပါလေရော၊ မခေါ်လို့မရဘူးလေ ကိုယ်တွေက ဦးဆောင်ရမည့်အချိန်ရောက်နေပြီကိုး။ အဲ့လိုနဲ့ Welcome မှာ ဘာလုပ်မယ် ညာလုပ်မယ် နဲ့ အားလုံးအဆင်သင့်ဖြစ်တဲ့အချိန်မှာ ကျွန်တော်က စဉ်းစားတယ် ၊ ဒါဟာ ငါ့ဘဝရဲ့ နောက်ဆုံးကျောင်းသားဘဝ တစ်ခုခုတော့လုပ်မယ်ဆိုပြီးတော့ ကိုယ်လည်း Fresher Welcome အစီအစဉ်မှာ ပါဖို့လုပ်ရတာပေါ့။ တစ်ခုတောင်မဟုတ်ဘူး နှစ်ခု ၊ တစ်ခုက State Show နောက်တစ်ခုက သတင်းကြေငြာတဲ့အစီအစဉ်၊ State Show မှာ သီချင်းဆိုဖို့ ခေါင်းစဉ်တွေပေးကြရပြီ။ အဲ့ဒီမှာ ကျွန်တော့ သီချင်းက......
.....
.......
.......
photo credit by Google and facebook
....
....
အပိုင်း( ၁၄)
ဆက်လက်ဖတ်ရှုပေးကြပါကုန်...
.....
.....MSC No-238
@generalpyone

Sort:  

အယ်လဲ့ သီချင်း ဆိုတော့မယ်ပေါ့ စီနီယာ ကိုကိုကြီးက🎤🎤ပုံ crd တေ မြင်ရတာ စိတ်ချမ်းသာချက်အေ😍

ပုံပါတင်ပေးမယ်

အကို ကျောင်းအကြောင်းရေးပြီးရင်

တစ်ခြား အခုလိုအခန်းဆက်ရေးဖို့ 
ဆန္ဒရှိ မရှိ ကြိုပြောပြထားလို့ ရမလားခင်ဗျ

ရှိတယ် ဆို ဘာပြောမလဲဟျောင့်

လွတ်​လပ်​​ပေါ့ပါးတဲ့ ​ကျောင်းသားဘဝ

ကျောင်းသားဘဝကအပျော်ရဆုံးအချိန်တေထဲကတစ်ခုပါဗျာ

ဟုတ်တယ်

တက္ကသိုလ်အတွေ့အကြုံလေးတွေဖေတ်ရတော့ ကျောင်းသားဘဝကိုလွမ်းမိပါတယ်

👍👍👍👍

အပိုင်း၁၃​ရောက်​​နေပြီ...ဖတ်​လို့​ကောင်းတယ်​​ကျောင်းသားဘ၀အ​တွေ့အကြုံများ...ဆက်​အား​ပေးပါ့မယ်

ဟုတ်ကဲ့ပါ

သီချင်းနာမည်လေးတော့ ပြောပြထားခဲ့သင့်တယ်😁😂😂

Michael Learn to Rock ရဲ့ Take me to you heart

ကျောင်းမှာ အိမ်သာတက်တာကောထည့်မရေးဘူးလား

သီချင်းဆိုမယ်တော့ ပန်းကုံးလေးတွေလည်းရတော့မယ်လို့မြင်မိပါတယ်ဗျ

တစ်သက်မှာတခါကြူံသလိုတသက်လုံးလည်းမေ့မရပါဘူးဗျာ

ဟုတ်တယ် ကိုသာအေး

Coin Marketplace

STEEM 0.35
TRX 0.12
JST 0.040
BTC 70733.96
ETH 3563.16
USDT 1.00
SBD 4.76