တစ်သက်မှာတစ်ခါကြုံ ၊ တက္ကသိုလ်ကျောင်းသားဘဝ အဖုံဖုံ (အပိုင်း ၁၄)

in #myanmar6 years ago

အပိုင်း (၁၄)
...
image
Crd-org-source

Fresher Welcome အတွက် သီချင်းဆိုဖို့ ခေါင်းစဉ်တွေကို အသီးသီးပေးကြတဲ့အခါ ကျွန်တော့်သီချင်းက Michael Learn ရဲ့ Take me to your heart သီချင်း ၊

image
Crd-org-source

အဲ့ဒီအချိန်တုန်းက လုံးဝ Crazy ဖြစ်နေတဲ့သီချင်း ခုထိလည်းကြိုက်တုန်းပဲပေါ့။ ဒီသီချင်းဆိုမယ် ဆိုတော့ Keyboard သမားရော Drum သမားရော ပြောတယ် ၊ တစ်ခေါက် သီချင်းတိုက်ကြည့်မယ် တဲ့ ၊ ဒီတော့ တိုက်ပေါ့ ၊ ကျွန်တော်တို့သီချင်းတိုက်တဲ့အချိန်က ညဖက်ကြီးဗျ၊ တစ်ခြား ကဏ္ဍတွေလည်း တိုက်ရသေးတာကိုး။ ကျွန်တော် အဲ့ဒီသီချင်းကို တစ်ခါပဲ Rehearsal လုပ်ရတယ် ။ အဲ့ဒီလိုနဲ့ နောက်နေ့ကျတော့ Welcome နေ့ ရောက်လာပါရော။ တဖြည်းဖြည်းနဲ့ ကျွန်တော် သီချင်းဆိုမည့်အလှည့် မရောက်ခင် မှာ ကျွန်တော့မှာ Whisky ပြေးသောက်ရတယ်ဗျာ။ တစ်ကယ်တမ်း မဆိုရဲလို့။ တစ်ကယ်လည်းဆိုရော Stage အောက်မှာက ဌာနမှူးတွေရော ၊ မော်ကွန်းထိန်း ရော၊ ကျောင်းအုပ်ကြီးရော တခြား Major က သူတွေရော ရောက်နေကြပြီ လာနားထောင်တာ ၊ English သီချင်းဆိုတဲ့သူ ဆိုလို့ ကျွန်တော် တစ်ယောက်ပဲရှိတာ၊ အထူးသဖြင့် ကျောင်းအုပ်ကြီးက သေချာကြည့်နေတာ ၊ ကြည့်လည်းကြည့်ချင်စရာ၊ လူက stage ပေါ်တက်လာကတည်းက မူးနေတာလေ ၊ အရှိန်တင်ထားတာ တင်ရင်းနဲ့ လွန်သွားတာ ၊ အဲ့လို ။

image

image

တစ်ကယ်တန်းလည်းဆိုရော လုံးဝ အလွင့် ၊ feel နဲ့ဆိုတော့ သိပ်ကောင်းတာ။ တော်သေးတာ တစ်ခုက ဒီကောင် ဘာတွေဆိုနေမှန်းမသိဘူးဆိုပြီး ခဲနဲ့မပေါက်တာပဲ။ ဘာပဲပြောပြောပါ ။ နောက်ဆုံးတော့ အောင်အောင်မြင်မြင်နဲ့ အခမ်းအနားပြီးဆုံးသွားခဲ့ပါရော။
.......
.......
photo credit by Google ,Facebook and Me
....
....
အပိုင်း( ၁၅)
ဆက်လက်ဖတ်ရှုပေးကြပါကုန်...
.....
.....MSC No-238
@generalpyone

Sort:  

ကျောင်းသာဘဝအခန်းဆက်တွေကိုအားပေးလျက်ပါ

‌ဟေး ‌ပြော‌တော့ပါဘူး။ဝင်းကို ‌ပြောလိမ့်‌မယ်‌။

အင်း မပြောနဲ့

ဆို​နေတာအပီအပြင်​ဘဲ...
ဖတ်​​ကောင်းလို့​ဆက်​ဖတ်​ဖို့​စောင့်​​နေပါ့မယ်​...

ဟုတ်တယ် အမ အဲ့ဒါ ပထမဦးဆုံး stage ပေါ်မှာ ဆိုဖူးတာပဲ အမှတ်တရပဲလေ

တူတယ် တူတယ် မိုက်ကယ်လန်း နဲ့

နောက်ပါနဲ့ဗျာ သူတို့ကိုမမှီပါဘူး

ဆိုနေပုံကြည့်တာနဲ့ကို အလွင့်မှန်းတန်းသိ 😆😆

လွင့်ဆို မူးနေတာလေ အဲ့ဒါမှလည်း လွင့်လို့ကောင်းတာ

Take me to your heartသီချင်းကတော့ ကျနော့်အကြိုက်ဘဲ

👍👍👍👍

Keyboard တီးတဲ့ညီမလေးက broတို့ နဲ့ တစ်နှစ်ထဲလား

ငယ်တယ်

MSC က လူတွေကိုလည်း သီချင်းဆိုပြီး ဖျော်ဖြေပါဦးဗျ

ဟ မလုပ်ပါနဲ့ ဗျာ အကုန်ထွက်ပြေးကုန်မယ်

Release the Kraken! You got a 2.91% upvote from @seakraken courtesy of @generalpyone!

မသိရင်ဒိန်းဒေါင်ဆိုနေသလားပဲ

Coin Marketplace

STEEM 0.32
TRX 0.12
JST 0.034
BTC 64647.93
ETH 3160.25
USDT 1.00
SBD 4.09