ရေးအား = အားရေး (Story Of A Myanmar Steemians)

in #myanmar5 years ago

ရေးအား=အားရေး
Screenshot_2019_0808_140117.png
မင်္ဂလာပါ

ကျွန်တော်သည်ကား စာရေး ဝါသနာပါသူတစ်ယောက်
ဖြစ်လင့်ကစား စာရေးဆရာတစ်ယောက် မဟုတ်ပါ။
စာရေးဆရာတစ်ယောက်သော်ကား နေ့စဉ် ဆောင်းပါး၊ကဗျာ၊
ဝတ္ထုတိုရှည်၊ သတင်း စသည် ရေးနိုင်ဖို့ကား မလွယ်ကူလှပေ။
ထိုထိုသော အခြေအနေပင် ဖြစ်စေကာမူ
ကျွန်တော်သည်ကား နေ့စဉ် စာတွေရေးတင်နေသည်ကို
ကြံဖန် ဂုဏ်ယူရပေမည်လား😁

ယနေ့ ပို့စ် ခေါင်းစဉ်အား
ရေးအား=အားရေး ဟု ပေးထားပါသည်။
အကြောင်းသော်ကား...........


ကျွန်တော်သည် စာ ရေးအား ကောင်းလွန်းလှ၍
နေ့စဉ် ပို့စ် တင်နေခြင်း မဟုတ်တန်ရာ😁
လူက အားနေ၍ ရေးနေခြင်းဖြစ်သော အားရေး သာပင်😁


ထိုအခါ အားလို့ ရေးနေသူ၏ စာများကို မအားသူများ
ဖတ်နိုင်မည် မဟုတ်ပေတကား.....

သို့သော် ကျွန်တော်ကား စိတ်မပျက် လက်မပျက်
ဆက်လက်၍ ရေးတင်နေဆဲပင် ဖြစ်သည်တကား😁

ကျွန်တော်၏ ပို့စ်များ၌ ဗုတ်ပေးသူများသည်လည်း
မြန်မာ ဆိုသူ အချင်းချင်းတွေထက် နိုင်ငံခြားသားများက
ပိုသာကြသည် ဆိုလျှင်...
ဘာဖြစ်ဖြစ်ပါလေ... ကျွန်တော်ကတော့ မြန်မာပို့စ်
တွေ့မြင်မိပါရင် ဗုတ်ပေးလျက်ပါ။ မြန်မာအချင်းချင်း
အားပေးရမည်ဟူသော မျိုးချစ်စိတ် က ရှိသေးတာကိုးဗျ😁

ဈေးက ကျသည်ထက် ကျလာခဲ့လေတော့
ပျောက်နေကြသော ရွှေမြန်မာတို့ကို အပစ်မဆိုသာပါဘူး။
Reward ထက် Bill ဖိုး ပိုကုန်လေသောအခါ
စာရေးပို့စ်တင်နေတဲ့ ကိုယ်ကိုယ်တိုင်ကသာ ရူးသွပ်နေသူပမာ

မက်ခဲ့ဖူးသော အိပ်မက်က အတော်ပင် စွဲလန်းစရာ
ကောင်းလေတော့ စတင်းအိပ်မက် ကနေ မနိုးထနိုင်သေးပါဗျာ။

မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ...

MSC 193
@golden.future

Sort:  

နိုးတစ်ဝက်အိမ်မက်နဲ့ 😁

Congratulations @golden.future! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You made more than 800 comments. Your next target is to reach 900 comments.

You can view your badges on your Steem Board and compare to others on the Steem Ranking
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

You can upvote this notification to help all Steem users. Learn how here!

Thank for new badge

That right.

Yes! Of couse...

Posted using Partiko Android

မမြင် လို့သာပါ မြန်မာမြင်ရင် ပေးပြီးသား ( vote)

ဗုတ် ထက် မန့် ကို ပိုမျှော်နေမိ😁

Posted using Partiko Android

Coin Marketplace

STEEM 0.35
TRX 0.12
JST 0.040
BTC 70391.42
ETH 3572.68
USDT 1.00
SBD 4.74