သီတဂူဆရာတော်ကြီးရုပ်ထုတော်

in #myanmar5 years ago

မင်္ဂလာပါ မိတ်ဆွေတို့ရေ

လွန်ခဲ့သော ဆယ်ရက်လောက်က ကျောင်းနေဘက်
သူငယ်ချင်း လာတာနဲ့ သီတဂူဝိပဿနာကျောင်းသို့
သွားရောက်ခဲ့ပါတယ်။
ထိုသို့ ရောက်သောအခါ အမှတ်တရ ဓာတ်ပုံ အချို့လည်း
ရိုက်ခဲ့ပါတယ်။
IMG_20190924_074317.jpg
ယနေ့ တင်ပြသော ပုံမှာ သီတဂူဆရာတော်ကြီး ဦဉာဏ္ဏိဿရ
၏ ရုပ်ထုတော် ဖြစ်ပါသည်။
ဆရာတော်ကြီးသည် ပရဟိတဆောင်ရွက်ရာ၌ ကမ္ဘာကျော်သော
ပုဂ္ဂိုလ်ကြီး ဖြစ်ပါသည်။
မြန်မာနိုင်ငံ အနှံ့ သီတဂူစက္ခုဌာနကုသိုလ်ဖြစ်ဆေးရုံ များစွာ
ကိုလည်း တည်ဆောက်ပြီး အခမဲ့ဆေးကုသပေးလျက် ရှိပါသည်။
စစ်ကိုင်းမြို့၌လည်း သီတဂူဗုဒ္ဓတက္ကသိုလ်၊ သီတဂူဝိပဿနာကျောင်း၊ ဝါးချက်သီတဂူဆေးရုံ နှင့် စစ်ကိုင်းတောင်ရိုး သီတဂူရေအလှူတော်ဌာန ဟူ၍ ပရဟိတ
ကုသိုလ်ဖြစ် များစွာ ရှိပါသည်။
အနယ်နယ်အရပ်ရပ်မှ လိုအပ်ချက်များကိုလည်း အလှူအတန်း
ပြုလုပ်ကာ ကူညီဆောင်ရွက်ပေးလေ့ ရှိပါသည်။
ဤသို့ထက်မက ချီးကျူး ဂုဏ်ယူဖွယ်ရာ မကုန်နိုင်သော
ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ် ဆရာတော်ကြီးမှာ သက်တော်အားဖြင့်
ရှစ်ဆယ်ကျော်ခဲ့ပါပြီ။
သို့ဖြစ်၍ ကျွန်တော်သည်လည်း ဆရာတော်ကြီး၏ရုပ်ထုတော်ကို
ပို့စ်တင်၍ မှတ်တမ်းမှတ်ရာပြု ဂုဏ်ပြုရေးသားအပ်ပါသည်။

မိတ်ဆွေအားလုံး သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။

MSC 193
@golden.future

Coin Marketplace

STEEM 0.29
TRX 0.11
JST 0.034
BTC 66095.77
ETH 3184.92
USDT 1.00
SBD 4.12