To Steem Dream

in #myanmar5 years ago (edited)

Hi...all my friends...

There can be many roads to climb up a mountain.
If it is troubled which road I climb up now, I should find other road.
It is not never too late.

If I don't get success by one way, I must try by changing my way.
It is not too late for which I change that.
It is principle to reach Goal.

Therefore, I must go on........
Come on Golden Future!

jo21mllg0a.jpg

Below is my mother language (Burmese):

မင်္ဂလာပါဗျာ.....

တောင်တစ်တောင်ကိုတတ်ဖို့ လမ်းများစွာ
ရှိနိုင်တယ်။ ယခု တတ်နေတဲ့ လမ်းပိုင်းက
အဆင်မပြေရင် တခြားလမ်းရှာပါ။
ဘယ်တော့မှ နောက်ကျတယ်ဆိုတာ မရှိဘူး။
အောင်မြင်မှုရဖို့ တစ်နည်းဖြင့်မရက တခြားနည်း
ပြောင်း၍ ကြိုးစားပါ။ ပြောင်းလဲရလို့
နောက်ကျတယ်ဆိုတာ မရှိပါဘူး။ ပန်းတိုင်
ရောက်ဖို့က အဓိကပါ။

အထက်ပါ ဒဿန စကားစုလေးကတော့ ကျွန်တော်
ဘာသာပြန်ပြီး မျှဝေခဲ့ဖူးတာလေးပါ...
Steemit မှာ ခရီးတစ်ခု ပေါက်ရောက်ဖို့ SP စုရင်း
ကြိုးစားတတ်လှမ်းခဲ့ဖူးပါတယ်...
သို့သော် ပထမလမ်းက အဆင်မပြေတော့
အကောင့် အသစ်ဖောက်လို့ လမ်းသစ် လျှောက်ခဲ့ပြန်ပါပြီ။
ခုမှ ပြန်စရတယ် ဆိုပေမယ့် နောက်မကျနိုင်သေးဘူး
မဟုတ်လား...
ယခင်အကောင့်ဟောင်းလို RP မြင့်ဖို့ မလွယ်ကူနိုင်သေး
ပေမယ့် SP ကတော့ ပြန်လွှဲယူထည့်လို့ ရပါသေးတယ်။
အပြောင်းအလဲကြောင့် အသစ်ဖြစ်သွားပေမယ့် အတွေ့အကြုံ
ဟောင်း၊ အတွေ့အကြုံကောင်းတွေဖြင့် ယခင်ထက်
သန်မာစွာ ချီတတ်လို့ ရနိုင်မှာပါ....

Steem ဈေးရယ် တတ်ကြွမှု အားနည်းသွားကြပြီ ဖြစ်တဲ့
ကိုယ့်မိတ်ဆွေဟောင်းတွေရယ် နှင့်တော့ အတော်ကို
အားမွေးပြီး လျှောက်လှမ်းရမယ့် ခရီးပါပဲ....

သို့သော် အိပ်မက်တစ်ခု မပြီးဆုံးခင်တော့ မနိုးထချင်သေးဘူးဗျာ။
ဘာပဲဖြစ်ဖြစ် ဇွဲဆုလေးတော့ ဆွတ်ခူးရနိုင်မယ် ထင်ပါရဲ့😁

မြန်မာနိုင်ငံသားအချင်းချင်း အင်အားနည်းနေသေးတော့လည်း
နိုင်ငံရပ်ခြားမှာ မိတ်ဆွေဖွဲ့ရဦးမယ်ပေါ့ဗျာ...

တွေးနေရုံနဲ့ မရတော့လည်း
ရေးတင်ရုံပဲ ရှိပါတယ်... ပြေးကြည့်လို့တော့ မရသေး မဟုတ်လား။

ဒီလမ်း မကောင်းရင်... ဟိုလမ်း ပြောင်းလျှောက်ရမှာပါ...
ပန်းတိုင်ကိုတော့ အပျောက်မခံနိုင်ပါဘူးလေ....

ကဲ.... ဘာဖြစ်ဖြစ်ပေါ့ကွယ်...
အနည်းဆုံးတော့ MSC ရှိသေးတယ်...
Steemit Platform ရှိနေသေးတယ် ဆိုတော့...
ဆက်လျှောက်ရမှာက ကိုယ့်တာဝန်ပါပဲဗျာ....

မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ...

MSC - 193

@golden.future

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.034
BTC 63997.36
ETH 3133.23
USDT 1.00
SBD 4.15