Tracery (ကနုတ်ပန်း - တန်ဖိုးထားပါ မြန်မာ့အနုလက်ရာ)

in #myanmar5 years ago

မင်္ဂလာပါ...
Screenshot_2019_0908_164133.png
ဒီနေ့တော့ ကျွန်တော် လဲလျောင်းနေကြ တန်းလျားဘောင်မှ
ကနုတ်ပန်းခက်လေးကို ဖုန်းထဲက Humour ကင်မရာနဲ့ ဓာတ်ပုံ ရိုက်ယူပါတယ်။
ပြီးတော့ နည်းနည်းပါးပါး ပြင်ဆင်လိုက်ပါတယ်။
မဟော်ဂနီရောင် လို ကနုတ်ပန်းခက်ပုံလေး ရလာပါတယ်။
ဒါလေးကို ပို့စ် ရေး တင်လိုက်ပါတယ်။

ဒါလေးများ ပို့စ်တင်နေရသေးလား မမေးပါနဲ့ဗျ😁
ဒါလေးတောင် အားစိုက်ထုတ်ရတာ မနည်းပါဘူးဗျ😁

တစ်ကယ်တော့ မြန်မာမှု မြန်မာ့အနုပညာ လက်ရာတွေဟာ
တန်ဖိုးကြီးမား လှပ ဂုဏ်ရည် တင့်တယ် ကြပါတယ်။
ဒါပေမယ့် ရုပ်ဝတ္တုတွေ နောက်လိုက် ခံစားနေကြတဲ့
တိုင်းတစ်ပါး ယဉ်ကျေးမှုကို အရေးထားသူတွေ များလာတာ
ကြောင့် မြန်မာ့ရတနာတွေ မှေးမှိန်နေကြရတာပါ။

တန်ဖိုး ဆိုတာကလည်း သိတဲ့သူ ထားတတ်တဲ့သူတွေဆီမှာပဲ
တန်ဖိုးကြီးမြတ်ပေတာကိုး.....
ဒီတော့လည်း ဘယ်သူ့ဘယ်သူကိုမှ အပစ် မဆိုတော့ပါဘူး။
ကိုယ့်စိတ်နဲ့ကိုယ် နေချင်သလိုသာ နေကြပါ။

ဒါပေမယ့်လည်းလေ တတ်နိုင်သမျှ ဖြစ်နိုင်သမျှလေးလောက်တော့
မြန်မာမှု မြန်မာ့အနုလက်ရာတွေ တန်ဖိုးထားကြပါဦးဟု
တောင်းဆိုလိုက်ရပါတယ်ဗျာ...

မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ...

MSC 193
@golden.future

Sort:  

အမှန်ပဲပေါ့ဗျာ

ကျေးဇူးညီရေ...

Posted using Partiko Android

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.032
BTC 64555.14
ETH 3086.03
USDT 1.00
SBD 3.85