Weekly Rewards Statistics of A Steem Crazy

in #myanmar5 years ago

မင်္ဂလာပါ...
ဒီညတော့ စိတ်ပြေလက်ပျောက် ပို့စ်လေး ထပ်တင်ပါဦးမယ်။
Steem ဈေးက ကျကောင်းနေသလို
ကျွန်တော်ကလည်း ပို့စ်တင်ကောင်းနေပါတယ်။

လောလောဆယ် အားထုတ်ရကျိုး မနပ်ပေမယ့်လည်း
ဈေးတတ်လာသည်ရှိသော် ဟူသော မျှော်လင့်ချက်
အကြီးစား၊ အိပ်မက်ကြီး မက်ကာ Steemit အပေါ်မှာ
ရူးသွပ်စွာ ရပ်တည် လှုပ်ရှားနေမိပါတယ်။

ဒါနဲ့ပဲ ဒီတစ်ပတ် ဘယ်လောက် တိုးတတ်မှု ရှိလဲလို့
လေ့လာဆန်းစစ်ကြည့်မိပါတယ်။
Screenshot_2019_0809_193232.png
အပေါ်မှာ ပြထားတဲ့ ပုံကတော့ SteemWorld မှ တွက်ချက်ပေးထားသော
၆ ရက် တာ Rewards များ ဖြစ်ပါတယ်။
USD $ ဖြင့် စုစုပေါင်း 3.65$ ရခဲ့တာ ဖြစ်ပြီး
SP+Steem 17.15 and SBD$ 0.16 ရရှိခဲ့ပါတယ်။

ကျွန်တော်သည် 01/08/2019 နေ့၌ Steem Power
ခဲ့ရာ 11.684 Steem and 507.317 SP ရှိခဲ့ရာမှ
ယနေ့ညနေတွင် 25.215 Steem and 520.609 SP
ရှိသွားပြီ ဖြစ်၍ 13.531 Steem and 13.292 SP
တတ်ခဲ့ပါတယ်။ သို့ဖြစ်၍ ၉ ရက်တာကာလ အတွင်း
Steem+ SP= 26.823 ရရှိခဲ့ပါတယ်။
Screenshot_2019_0809_194351.png
ဤသို့ ဆက်သွားနေလျှင် တစ်လလျှင် Steem + SP
80-90 လောက် ရနိုင်ပါမည်။

အကယ်၍ ကျွန်တော်တို့ မျှော်လင့်ခဲ့သလို
ဈေး အများကြီး မတတ်သော်မှ 1$ ဖြစ်ခဲ့လျှင်တောင်
တစ်လ အပို ဝင်ငွေမှာ မြန်မာငွေ သိန်းဂဏန်းတော့
ရနေပါမည်။

ခုချိန် ဘာပဲ ဖြစ်နေနေဗျာ...
ကျွန်တော်ကတော့ ဆက်လက် ရူးကြည့်နေပါဦးမည်။

မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ...

MSC 193
@golden.future

Sort:  

အတူတူရူးကြမယ်ဗျာ 😁

ကဲ ချကြစို့ဗျာ😁

Posted using Partiko Android

Coin Marketplace

STEEM 0.33
TRX 0.11
JST 0.034
BTC 66407.27
ETH 3219.07
USDT 1.00
SBD 4.34