အတုံ့အလှည့်

in #myanmar6 years ago

image
ကြားလိုက်ရတဲ့ သတင်းစကားကြောင့် ဇောချွေးတွေပျံကာ ခြေမကိုင်မိ လက်မကိုင်မိဖြင့် ဆောက်တည်ရာမရဖြစ်သွားခဲ့သည် ။ ထိုသူကား အခြားမဟုတ် ကောသမ္ဘီပြည်ကြီး၏ အရှင်သခင် ဥတေန မင်းကြီးပင်ဖြစ်ပေသည် ။ သူအလွန်တရာမှ ချစ်မြတ်နိုးသော လေးစားရသော မိဖုရားကြီး သာမာဝတီ၏ နန်းဆောင် မီးလောင်ပြာကျသွားပြီဟူသော သတင်းကြောင့် ယူကျုံးမရခြင်းများစွာဖြင့် အပြေးတပိုင်း သွားလေတော့သည် ။ ဥတေန မင်းကြီးမှာ သာမာဝတီကဲ့သို့  ချစ်စဖွယ် မိဖုရား နောက်တစ်ပါးရှိသေးသည် ။ သူကား အလှဘုရင်မ မာဂဏ္ဌီ ဖြစ်တော့သည် နယ်နယ်ရရ မိဖုရားတော့ မဟုတ်ပေ။ တစ်လောကလုံး သူနှင့်တန်သူမရှိဟူ၍ ဂုဏ်တတ်ခဲ့သူတစ်ယောက်ဖြစ်သည် ။သီးချိန်တန် ပွင့်ချိန်တန်တဲ့အခါမတော့ သူ့ မိဘတွေ၏ အမြင်မှာ ရှင်တော်ဗုဒ္ဓ၏ခြေတော်ရာ မြင်ရုံမျှဖြင့် သမက်တော်ချင်စိတ်များပေါက်ဖွားခဲ့သည် ။ ဒီတော့ သမီးကိုအလှဆုံးတန်ဆာဆင်ပြီး ဗုဒ္ဓထံ အပ်နှင်းပေမဲ့လည်း ကိလေသာကုန်စင်သော ရှင်တော်ဗုဒ္ဓက မစင်တွေနဲ့ပြည့်နှက်နေတဲ့ ရွံ့ရှာဖွယ် အပုတ်ကောင်ကို ငါခြေဖျားနဲ့ပင် မတို့ ချင် လက်မခံလိုဟူ၍ ငြင်းဆန်ခဲ့လေသည်။ ကုသိုလ်ကံလေးက အကျိုးပေးတော့ ဥတေနမင်းက တော်ကောက် မြှောက်စားထားပေမဲ့ မာဂဏ္ဌီစိတ်ထဲမှာ ဗုဒ္ဓက သူ့ ကိုပြောသွားတဲ့ စကားတွေအပေါ် အမျက်ထားပြီး ရန်ငြိုးဖွဲ့နေခဲ့သည်။
image
ယခုလည်းကြည့် ဗုဒ္ဓကို ကြည်ညိုလို့ ဆိုတဲ့ အ​ကြောင်းပြချက်​နဲ့ အပြစ်ကိုဖန်တီးပြီး သာမာဝတီမိဖုရားနဲ့ နောက်ပါမောင်းမတွေကို မီးလောင်တိုက်သွင်းပြန်သည် ။သူအဖို့ ကား အမျက်ဒေါသတွေနဲ့ မလိုမုန်းတီးခြင်းတွေ ပြည့်နှက်နေခဲ့ပြီး ယခင်ကလည်း ချစ်လင် ဥတေနနှင့် မသင့်မြတ်အောင် အမျိုးမျိုး ကုန်းတိုက်ထားခဲ့ဖူးသည် ။ ဥတေနခမျာ မာဂဏ္ဌီစကား ယုံစားပြီး မိဖုရားသာမာဝတီကို မြှားဖြင့်ပစ်ခွင်းခဲ့သော်ငြား မြှားက သူတော်ကောင်း သူယုတ်မာခွဲခြားတတ်သေးသည်ဆိုပြီး သူထံပြန်လှည့်လာ၍ အတော်ပင် ထိတ်လန့် ခဲ့ရဖူးသည် ။ ထိုကတည်းက သာမာဝတီ၏ အကျင့်သီလအပေါ် မြတ်နိုး၍ ပိုလိုပင်အချစ်တိုးခဲ့ရသည် ။ ဒီတော့ မာဂဏ္ဌီ အကြံကုန်တော့ ဂဠုန်ဆားချက်ပြီပေါ့။ အပျောက်ရှင်းသည့်အနေဖြင့် မတော်တဆဖြစ်ပွားဟန်ဆောင်၍ အကွက်ကျကျစီမံပြီးသာမာဝတီတို့  နန်းဆောင်တစ်ခုလုံး မီးရှို့ပြန်သည်။ တကယ်ပူလောင်ရသည်ကား ဥတေန မင်းကြီးပေါ့။ သူမြတ်နိုးသည့်သာမာဝတီရဲ့ မီးလောင်ပြင်နန်းဆောင်ကိုကြည့်လို့  ဟန်ဆောင်အပြုံးတွေနဲ့ ပီတိဖြစ်နေရသည်။
image
" ဝမ်းသာပီတိဖြစ်မိသည် ငါထိတ်လန့် ကြောက်ရွံ့ခဲ့ရသည့် သာမာဝတီ ငါ့ထီးနန်းစည်းစိမ်ကို တစ်ပါးသူလက်အပ်လို့  ပျော်ရွှင်နေမဲ့သူရဲ့ ဇာတ်သိမ်းကို ငါကိုယ်တိုင်မြင်တွေ့ခဲ့ရပြီ ကြည်နူးလိုက်ပါဘိ။ ငါ့ရဲ့စိုးရိမ်ထိတ်လန့် ခြင်းတွေကို ပယ်ဖျောက်ပေးသူသာရှိရင် ဆုတော်လာဘ်တော်များ ချီးမြှင့်ချင်ပါရဲ့ " ဆိုပြီး စကားဆိုတော့ အောင်နိုင်သူအပြုံးနဲ့ မာဂဏ္ဌီထွက်လာခဲ့တာပေါ့။ ချစ်လင်ကို ချစ်လွန်းလို့  အလိုက်တသိနဲ့ မီးလောင်တိုက်သွင်းပေးခဲ့သည်ဆိုတော့မှ ဥတေန မင်းကြီး အားရကျေနပ်စွာ ပြုံးတော်မူသည်။ သို့ သော် ဟန်ဆောင်ကောင်းသူရဲ့ အပြုံးနောက်က " အော် ဘာအပြစ်မှမရှိတဲ့ သာမာဝတီလို မိဖုရားကို မီးလောင်တိုက်သွင်းတာ ဒင်းကိုး " ဆိုတဲ့အတွေးတွေနဲ့ " ကဲ မာဂဏ္ဌီရေ ပျော်ပွဲရွှင်ပွဲ လေးပြုလုပ်ကြရအောင် ။လှည်းနေလှည်းအောင်း မြင်းဇောင်းမကျန် မင်းဆွေတော်မျိုးတော်တွေ အကုန်သာခေါ်ပေရော့ ငါကိုယ်တော်ရဲ့ ကြည်နူးဝမ်းသာခြင်းများ မျှဝေပေးချင်မိတယ် " ဆိုတော့ မာဂဏ္ဌီတစ်ယောက် ဖရဏပီတိ ဂွမ်းဆီထိသလိုပဲ သဘောခွေ့သွားသည် ။သို့ သော် မနက်ဖြန်ဆိုလျှင် အတုံအလှည့်အနေနဲ့ သူရော သူဆွေတော်မျိုးတော်တွေရော တစ်ယောက်မကျန်ဖမ်းဆီးပြီး တံကျင်လျို မီးရှို့သတ်ခံရမည်ဆိုတာကိုသာ မာဂဏ္ဌီတစ်ယောက် သိခဲ့ပါလျှင် . . . . . .

မိမိအား ချစ်သူ မုန်းသူ ထိုထိုလူ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ

MSC-181
Author @gunapeya
Photo Credit Original Source,

Sort:  

အဖြစ်မှန်သာ သိခဲ့ရင်

မသိနိုင်ဘူး သူ့ စိတ်ထဲ မောဟတွေဖုံးနေပြီ အမှန်ကိုမမြင်နိုင်တော့ဘူး

Well done @gunapeya! You successfully guessed the match result.

Round 16 - Sweden vs Switzerland
Click on the badge to view your Board of Honor.
Do you want to know your current ranking? Read this post

Do not miss the last post from @steemitboard:
SteemitBoard World Cup Contest - Round of 16 - Day 3

thank your comment

အရှင်တောင်းတဲ့ဆုနဲ့ပြည့်ပါစေမည်သည့်အတုံ့အလှည့်နဲ့မဆုံပါရစေနဲ့အရှင်ဘုရားအားလုးံအပေါာကောင်းမွန်စွာဆက်ဆံနေတုးံပါဘုရား

ကောင်းမွန်သော အကျိုးတရားတွေပဲ ရရှိပါလိမ့်မယ်

မီးရှို့သတ်​ခံရမယ်​ဆိုတာသာသိရင်​ မာဂဏ္ဌီ​ပျော်​နိုင်​ပါမလား

ကွောင်ကြီးသာ အနားမှာရှိရင် ပျော်မယ်ဆိုပဲ

ကွောင်ကြီး မာဂဏ္ဌီ နောက် လိုက်မို့လားမသိဘူး ဟိုကတွေ့ချင်နေမှာ

ကိုယ်ပြုသည့်ကံပဲ့တင်သံကိုယ်ထံပြန်လာတတ်တာပေါ့

တူသောအကျို ပေးတာပေါ့

လောဘ မီးလိုပူပြင်းလှပါ့ ဘုရား

မီးလို မဟုတ်ဘူး မီးထက် ပိုပူပြင်းတယ်လို့ ပြောရမယ် ဦးထွေးရေ

သြော်..ဒိုးခပါလား မာဂဏ္ဌီ ရယ်။

မာဂဏ္ဌီတစ်ယောက် ဒီလို ဒီလို မဒိုးပဲ ဒီလို ဒီလို ဒိုးရပြီ ဒိုးခပဲ ကွယ်

သြော် အမျက်ဒေါသ လောဘမီးတွေကြောင့် ဒုက္ခရောက်ကြရ

အော်...အဲ့ဒါဆို တမျိုးလုံးတဆွေလုံး အသတ်ခံလိုက်ရတာပေါ့နော်။

ဒါပေါ့ ဒါပေါ့ စပါယ်ရှယ်ခံရတာကွယ် ဟီး ဥစင်းမလာခင်ပြေးပြီ

လောဘ ဒေါသ မောဟ ကြောက်စရာကောင်းလှပါဘိ

Coin Marketplace

STEEM 0.24
TRX 0.11
JST 0.032
BTC 62661.87
USDT 1.00
SBD 3.76