အများကြီးရှိတော့ အများကြီးပူရသည်

in #myanmar5 years ago

image

လူရယ်လို့  ဖြစ်လာတဲ့အခါ လောဘ ဒေါသ မောဟ စတဲ့ ကိလေသာ အညစ်အကြေးတွေလည်း များစွာ ပါလာခဲ့တယ် ။ တစ်ချို့ကျတော့လည်း ကိုယ်နှင့်ထပ်တူ ပေါင်းစပ်သွားသလို တစ်ချို့ကျတော့လည်း ဥာဏ်ကူပြီးတော့ ကင်းသထက်ကင်း နည်းသထက်နည်းအောင် ကြိုးစားကြတယ် ။ တကယ်တော့ မည်သည့် ကိလေသာတရားမှ မိမိကိုယ်အကျိုးမပြုတာ မသိမြင်နိုင်ကြဘူး ။ မောဟဆိုတဲ့ အမိုက်မှောင်က ပိတ်လှောင်ထားသည်ကိုး ။ ခုရက်ပိုင်း ကျောင်းပိတ်တုန်း ရန်ကုန်ပြန်တော့ မိမိ၏ ညီမ တစ်ဝမ်းကွဲတော်စပ်သူက ဆွမ်းကပ်ချင်ပါသည်ဆို၍ ဆွမ်းစားကြွသည် ။ သူနှင့်အတူ မတော်ရသေးသည့် ယောက်ဖလောင်းကလည်း ညီမ မျက်နှာနဲ့ မိမိကို သုံးဖို့  ဝတ္ထုငွေ ကပ်တာပေါ့ ။ ဒီတော့ ဘာဆုပေးရမလဲ စဉ်းစားနေတုန်း ညီမဖြစ်သူက ပြောသည် အောင်မြင်ကျော်ကြားတဲ့ ဒီဇိုင်နာမ ဖြစ်အောင် ဆုတောင်းပေးပါတဲ့လေ ။ မိမိလည်း ညီမကို ရွဲ့ချင်တာနဲ့ " နင် ဒီလောက် အလုပ်တွေ ရှုပ်နေတာ နာမည်ကြီး ဒီဇိုင်နာဖြစ်ရင် ဒီထက်ပိုပြီး အလုပ်များမယ် ။ အလုပ်ရှုပ်နေမှာပေါ့ အများကြီးရှိရင် အများကြီးပူရတယ် အဲ့ဆုမပေးဘူး သက်ရှည်ကျန်းမာ စိတ်ချမ်းသာဆို တော်ရောပေါ့ " ဒီတော့ ယောက်ဖလောင်းက သဘောခွေ့သွားသည် ။ အများကြီးရှိရင် အများကြီးပူရသည် ဆိုတဲ့စကားက သူ့ ကိုထိသွားလေသည် ။ သူက တစ်ယောက်ထဲ အလုပ်သုံးခု လုပ်နေသူမို့  အပူပင်များတာ သူသိသည် ။ ပုဂ္ဂလိကဆေးရုံကြီးတွင် ဝန်ထမ်းတစ်ဦးဖြစ်သလို ရွှေထည်ပစ္စည်းများလည်း လပေးစနစ်ဖြင့် ရောင်းချသည် ။ အိမ်တွင်လည်း ဆေးဆိုင်ဖွင့်ထားသည် ။ ငွေများများရသလို များများပူပန်ရသည်ကို သူ့ လက်တွေ့ကြုံနေရသည်မို့  မိမိရဲ့ စကားတစ်ခွန်းက သူ့ အတွက် ဆင်ခြင်စရာတစ်ခုလိုဖြစ်သွားသည့်အတွက် ထိုနေ့ အတွက် လှုရကျိုးနပ် ပေးရကျိုးနပ်သည်ဟု ဆိုနိုင်သည် ။

image

နောက်တစ်ခုက လောဘဦးစီးပြီး ရှာဖွေစုဆောင်းကြသူများပင် ။ ဘယ်နေ့  ဘယ်အချိန် ဘယ်ရက်မှန်း အတိအကျမသိတဲ့ ဘဝကိုမေ့လျော့စွာဖြင့် အသက်ရှင်ကြသူများအတွက်ဖြစ်သည် ။ မိမိလုပ်တိုင်းဖြစ် ကြံတိုင်းအောင် ဆောင်တိုင်းမြောက်နေသည်မှာ ရှေးဘဝက ကုသိုလ်များပင် ။ ထိုကုသိုလ် အရှိန်အဝါကြောင့် လုပ်တိုင်းဖြစ်သည် ။ စီးပွားရေး လှုမှုရေး အစစအရာရာ အောင်မြင်သည် ။ သို့ သော် အရှိန်ကုန်သည့်အခါမတော့ ခေါက်ခနဲ ဖြစ်သွားသည့်အခါ မိမိကိုယ်တိုင်ပင် မလှုရက် မတန်းရက် မစားရက် မသောက်ရက် စုဆောင်းထားသမျှ သားသမီး မြေး မြစ်တို့ က ပျော်ပျော်ကြီး သုံးစွဲကြတော့သည် ။ ဖိဘုတ်တွင် ဖတ်လိုက်ရသည့် သတင်းကား အံ့သြစရာပင် ကျောင်းဆရာမ ငြိမ်း တစ်ဦး သေဆုံးသွားတော့ သူ့ အခန်းထဲမှ ငွေသားသိန်း ၁၀၀ ကျော်နှင့် ရွှေ ဘယ်နှစ်ကျပ်သားပင် မသိချေ ။ တူ တူမ မြေးမြစ်များက ပျော်ရွှင်စွာ ခွဲဝေနေကြချေသည် ။ မိမိဆုံးပါးသွားတဲ့ အခါ ဝမ်းမနည်းရအောင်များ Suprice လုပ်ခဲ့လေသလားဟုပင် တွေးမိပါသေးသည် ။ သေချာတာကတော့ မိမိရှာဖွေသိမ်းဆည်းထားသမျှ နောက်လူများအတွက်ပင် ဖြစ်ပေသည် ။ အိုစာ မင်းစာ ဆိုပေမဲ့လည်း မအိုမမင်းခင် ကြွေလွငိ့သွားတော့လည်း နောက်လူ စံစားပေတော့ပေါ့ ။ ဒါကြောင့် စုတာလည်းစု ဆောင်းတာလည်းဆောင်း ဒါပေမဲ့ လောဘနည်းနိုင်သမျှ နည်းအောင်နေသင့်သည် ။ နောက်ထပ်အရေးကြီးတာက နောင်ဘဝအတွက် အထုပ်လေးပါအောင် လှုသင့်တာလေးလည်း လှုကြတန်းကြ ဟုတိုက်တွန်းချင်ပါသည် ။

မိမိအား ချစ်သူ မုန်းသူ ထိုထိုလူ သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ ။

MSC-181
Author @gunapeya

Sort:  

တင့်‌ပါဘုရား၊တန်‌ဘိုးရှိ‌သော Post ‌ကောင်းတစ်‌ခုပါ ။ဦးခိုက်‌လိုက်‌ပါတယ်‌ အရှင်‌ဘုရား ။

သာဓုပါကွယ် တစ်ခုခုရသွားရင် ကျေနပ်ပါသည်

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

thank you so much.

လူရယ်လို့ဖြစ်လာရင် ကိလေသာသုံးပါးကိုအတတ်နိင်ဆုံး ကင်းအောင်နေထိုင်သင့်ပါတယ်

Posted using Partiko Android

အမှန်ဆုံးပါကွယ်

ဒီနေ့တရားလေးက အေးချမ်းလှပါတယ် ဘုရား

ရင်ထဲမှာ ကျေနပ်နှစ်သက်တယ်ဆို ပီတိဖြစ်မိပါတယ်

မရှိတာ​တောင်​ ​တွေးပူ​နေရပါတယ်​ ဘုရား

Posted using Partiko Android

မရှိတာ​တောင်​ ​တွေးပူ​နေရပါတယ်​ ဘုရား

Posted using Partiko Android

ရှိလို့ ပူတာမဟုတ် မရှိတာတောင်တွေးပူတယ် ဆိုတော့ကာ

😁😁

Posted using Partiko Android

နဲ နဲ ရှိ​တော့ နည်းနည်းပူရ
ဘာမရှိ​တော့ ဘာမပူရ
အားလုံး ကျွန်​​တော့ကို​ပေး အဟီး

တကယ်ယူမလား ဘဘယု ပိုပူရမှာနော်

Thanks for using esteem app.

Your post has been chosen by C2 myanmar curation team.Members: @mmunited, @aggamun @nayhlaingsoe and @lwanwai.

thank your support

သက်​ရှည်​ကျန်းမာစိတ်​ချမ်းသာ...ဒီဆုအ​ကောင်းဆုံးပါ...

Posted using Partiko Android


ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.

thank you so much

Coin Marketplace

STEEM 0.31
TRX 0.11
JST 0.035
BTC 66739.07
ETH 3228.97
USDT 1.00
SBD 4.23