အရင်ချိန်လေးတွေ လွမ်းမိတယ်

in #myanmar6 years ago

image

Steemit Platform ပေါ် လျှောက်လှမ်းလာခဲ့တာ ဘာလိုလိုနဲ့ ကိုးလနီးပါးဖြစ်ခဲ့သည် ။ rp-55 sp -240 ဆိုတဲ့ မှတ်တိုင်တစ်ခု စိုက်ထူခဲ့နိုင်တာပေါ့ ။ အရင်တုန်းက online ပေါ်က ငွေကြေးဆိုတာ ဟုတ်ပါ့မလား သံသယရှိခဲ့သူပါ ။ အကောင့်လေးဖွင့်ရုံနဲ့ ဒေါ်လာတွေရမယ် ။ ဘာညာဆိုတော့ ဟုတ်မှ ဟုတ်ပါ့မလားပေါ့ ။ ယခုလက်ရှိ airdrop များကို ဆိုလိုခြင်းဖြစ်ပါသည် ။ ပြီးတော့ ဘာတဲ့ cryptocurrency လို့ ခေါ်တဲ့ ဒစ်ဂျစ်တယ် ငွေကြေးတွေ ဘာတွေ ဆိုတာကလည်း မြန်မာငွေနဲ့ဆို တော်တော်တန်ဖိုးရှိတယ်ဆိုတာလည်း ကြားရတယ် ။ ဒါပေမဲ့ မိမိက ထဲထဲဝင်ဝင် မလေ့လာဘူးတော့ ယုံကြည်မိတယ်လို့ လည်းမဟုတ်ဘူးပေါ့ ။ နောက်တော့ BTC လို့ ခေါ်တဲ့် Bitcoin အကြောင်းတွေ လေ့လာမိတယ် ။ တခြားငွေကြေးစနစ်တွေပါ လေ့လာမိတာပေါ့ ။

image

Steem Playform ပေါ်ရောက်တော့ စာလေးရေးတင် သူများvote တာလေးတွေကြည့်ပြီး ကိုယ့်ပိုစ့်မှာ $ လေးတွေ တွေ့ရတော့တာပေါ့ ။ ဒါပေမဲ့ 0.ထက်မကျော်ခဲ့ပါဘူး ။ တခြားသူတွေမှာတော့ 10$ 20$ တွေနဲ့ဆိုတော့ ဘယ်ကရလဲ လိုက်လေ့လာကြည့်တယ် ။ sp မြင့်တဲ့ user တွေရဲ့ vote တစ်ချက်က အဲ့လောက်ရတာပေါ့ ။ ဒါနဲ့ ငါလည်း sp စုမယ်ဆိုပြီး စိတ်ကူးမိတောတယ့် ။ ဒါမှ သူများတွေကို များများပေးနိုင်မယ်ဆိုတဲ့ အတွေးနဲ့ပါ ။ တစ်ခါတစ်လေ leader ကိုဟင်ရဲ့ ဘုတ် တစ်ခုက 6$ လောက်ထိ ရခဲ့ပါတယ် ။ နောက်တော့ reward တွေဘာတွေကလည်း ရတော့ rp လေးနဲ့ wallet လေးလည်း စိုပြေလာခဲ့သည်ပေါ့ ။ သို့ ပေမဲ့ ယုံကြည်မှုမရှိသေးပေ ။ တကယ်သုံးလို့ ရတာလား ဆိုတာ သိချင်မိပြန်သည် ။ ဘေဖိုးလည်းမတတ်နိုင်တဲ့အခါကျတော့ ဘေနဲ့လဲမယ် 3 sbd လဲလို့ ရမလားဆိုပြီး တခြားသူတွေကို အကူအညီတောင်းကြည့်ဖူးတယ် ။ တကယ်ရခဲ့ပါတယ် ။ ဘေသုံးထောင်နဲ့ 3 sbdလဲလိုက်တာပေါ့ ။ ဘေဖိုးရတော့ ပျော်မိတယ် ဟာတကယ်ရတာပါလားဆိုပြီး ပိုလို့ စိတ်ဝင်စားမိတယ် ။

image

တကယ်ဆို အဲ့အချိန်က 1sbd ဟာ us10 $ တန်ကြေးရှိနေတယ်ဆိုတာ မိမိမသိခဲ့ဘူး ။ အဲ့လိုနဲ့ ဘေလေး ၃၀၀၀ ဖိုးလဲလိုက် ၅၀၀၀ ဖိုးလဲလိုက်နဲ့ တော်တော်များများ ဖြုန်းတီးသလိုဖြစ်ခဲ့ရတယ် ။ နောက်တော့ MSC ဆိုတဲ့ မြန်မာတွေကို Pro ပေးပြီး sp မြင့်အောင် ကူညီပေးနေတဲ့ အဖွဲ့အစည်းထဲ ရောက်လာတော့တာပေါ့ ။ အဲ့တော့မှ coinmarket အကြောင်းတွေ မိမိ voting power ကြည့်နည်းတွေ discord channal ကနေ ဘုတ် ယူနည်းတွေ သိလာခဲ့တယ် ။ သဘောအကျဆုံးက booster တွေကို sbd steem ပေးပြီး ဘုတ်ခိုင်းရတာ ပိုသဘောကျတယ် အဲ့အချိန်က @upme ကို 5sbd လောက်ပို့ ပေးရင် 15$ ကျော်ကျော်လာ ပြန်လာဘုတ်ပေးတယ် ။ ဈေးတတ်နေတဲ့အချိန်ကိုး မိမိပိုစ့်လေးတွေမှာလည်း 30$ 40$ စသည်ဖြင့် မြင်ရတွေ့ရ စိတ်ချမ်းသာလိုက်ပါဘိ ။ စာလည်းပိုရေးဖြစ်သလို တခြားသော trade တို့  mining တို့ ကိုပါ တီးမိခေါက်မိသလောက် ရှိလာခဲ့တယ် ။ ဒါပေမဲ့ byetball ပဲရဖူးပါတယ် ကျန်တာတွေက စိတ်ဝင်စားပြီး acc လျှောက်ဖွင့်ရုံသက်သက်ပါ ။ တကဟ်ပေးတယ်လည်းဆိုရော password မေ့ရတာနဲ့ ဘာနဲ့ဆိုတော့ ဘာမှမရခဲ့ဖူးဘူး ။ သေချာတာကတော့ steemit ပဲ ။ ရေရှည်လျှောက်လှမ်းမှာလည်း steemit ပါပဲ ။ တစ်ခါတစ်လေတော့လည်း အရင်ချိန်တွေ ပြန်လွမ်းမိတယ် steemit ကြီးရယ် ။

မိမိအား ချစ်သူ မုန်းသူ ထိုထိုလူ သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ ။

MSC-181
Author @gunapeya
image

Sort:  

တပည့်တော်မလည်း ခုချိန်ထိ byteballနဲ့ steemit ကပဲငွေရဖူးသေးတယ်။အရင်တုန်းက btc claim ဖူးပေမယ့်လည်း ပိုက်ဆံအနေနဲ့တော့ မထုတ်ဖြစ်ခဲ့ပါဘူး အရှင်ဘုရား။

အချိန်တွေပဲ ကုန်သွားတာ ဘာမှရဘူး

ပြန်ရောက်လာတော့မှာပါ ဦးဇင်းရယ် ဖိုက်တင်း

ဟုဟု ဖိုက်တင်းပါ မျှော်လင့်ချက်နဲ့ အသက်ဆက်ရတာပေါ့

ဟုပ်​ပါ့ ဦးဇင်းရယ်

ဦးယုလည်း လွမ်းနေပြီပေါ့

လာမှာပါ အရှင်‌ဘုရား။

မျှော်နေရတာပဲဟေ့

လက်တွဲလမ်းပြပေးပါအုးံအရှင်ဘုရား

ဟုတ်ကဲ့ပါ

တချိန်မှာ cheer လုပ်လို့ရမှာပါ ဦးဇင်း😁

မြင်ယောင်နေတယ် $100 လောက် တန်ကြေးရှိသွားရင် ပွပြီ

အဲ့တုန်းကဖြန်းခဲ့တာ​လေး​တွေ န​မြောမိတယ်​😔😔

တပည့်တော်ကတော့ အဲ့ဒီအချိန်အခါကို မမှီခဲ့ဘူးပေါ့
ဘုရား

မကြာမီ လာမည် မျှော် .....................................................................................................................................................

အပိုင်းဆက်နဲ့များလာမလားမသိပါဘူး ဘုရား ☺

31$ဆိုတာ တပည့်တော်မမြင်ခဲ့ဖူးပါဘူးဘုရား

Coin Marketplace

STEEM 0.36
TRX 0.12
JST 0.039
BTC 70223.87
ETH 3561.28
USDT 1.00
SBD 4.73