နေတက် ရေတက်ဖွားများ ( ၃ )

in #myanmar6 years ago

image

မိုးလေးက ဖွဲဖွဲ ဆိုတော့ တင်သိန်း ခါတိုင်းလိုပင် ငါးလည်းထောင်ရင်း ဖားလည်းရိုက်မည်ဟုဆိုကာ ပလိုင်းလေးလွယ်လို့  ရွာထိပ်သို့ ထွက်လာခဲ့သည် ။
လူခြေတိတ်ချိန် အနှောင့်အယှက်ကင်းကင်းနဲ့ ငါးဖမ်းရမည်မို့  တင်သိန်းပြုံးမိသည် ။ သူငါးဖမ်းနေကျနေရာကား လူတိုင်းမလာရဲကြပေ ။ ရွာထိပ်ရေကန်ကြီးဘေး ကုက္ကိုပင်ကြီးနားမို့  သူလို့ ဖားရှာ ငါးရှာသမားများ ဝေးဝေးရှောင်ကြသည်ကပင် တင်သိန်းအဖို့ အခွင့်အရေးပေးထားသည်နှင့်တူပေသည် ။ တကယ်တော့ ရေကန်အတွင်း ငါးမဖမ်းရဟူသော ကျေးရွာလူကြီးများက အမိန့် ထုတ်ထားကြသည် ။ သို့ ပေမဲ့လည်း တင်သိန်းကတော့ ဖမ်းမြဲဖမ်းသည် ။ လာကြည့်သူဟူ၍ မရှိဆိုတော့ အရက်လေးသောက်လိုက် ငါးလေးဖမ်းလိုက်ဖြင့် တင်သိန်း အူစိုနေကြမြဲပင် ။

တဖြည်းဖြည်းမိုးက သည်းလာချေပြီ ။ တစ်ချက်တစ်ချက် ကုက္ကိုပင်မှ လက်တံလိုလို သစ်ကိုင်းလိုလို အရိပ်မည်းကြီးတစ်ခု သူ့ ပလိုင်းနားရောက်ရောက်လာသည်ကို သတိထားမိနေသည် ။ တင်သိန်းကား သရဲ တစ္ဆေ နာနာဘာဝ ကြောက်တတ်သူမဟုတ်ပေ ။ ယခုလည်း ကြည့်နေရင်းမှ သူပလိုင်းထဲက ငါးတွေ လှမ်းနှိုက်နေသည့်ကို တွေ့လိုက်သည်မို့  ဖားရိုက်သည့် တုတ်ပိုင်းဖြင့် ဖျတ်ခနဲ ရိုက်ချလိုက်သည် ။ မည်းမည်းကောင်ကြီးတစ်ကောင် ဝန်းဝုန်းနှင့် အပင်ပေါ်တတ်ပြေးသွားတာ တွေ့တော့ တင်သိန်းပါးစပ်က အယုတ္တအနတ္တတွေဆဲဆိုရင်း လက်လှမ်းမှီရာဖြင့် ကောက်ထုနေတော့သည် ။

ထိုအချိန်လေးမှာပဲ ဖျက်ခနဲဆို အလင်းတန်းကြီးနှင့်အတူ ကုက္ကိုပင်ကြီး၏ ဘေးမှ အမျိုးသမီးနှစ်ဦးပေါ်လာသည် ။ တင်သိန်းကြက်သီးမွှေးညင်းတော့ထသွားသည် ။ သို့ သော် ကြောက်စိတ်ကားမဖြစ်လာပေ ။ သေချာကြည့်မှ အမျိုးသမီးနှစ်ယောက်လုံး ပန်းတွေပန်ထားသည်မှာ မွှေးကြိုင်နေသည် ။ မိုးဖွဲဖွဲကျနေပေမဲ့လည်း သူတို့ ကိုယ်မှာ မိုးရေစိုနေသည်လည်းမတွေ့ရပေ ။ တင်သိန်း သိလိုက်သည် ။ ဒါလူကြီးတွေပြောပြောနေတဲ့ ဥစ္စာစောင့်တွေလား မသိဘူးဆိုပြီး ရင်မဆိုင်လိုတော့ဘဲ ငါးမြှားတံတွေ ပြန်သိမ်းနေတုန်း နောက်က ခေါ်သံကြားလိုက်သည် ။

" ဒီက မောင်ကြီး ကျွန်မတို့  တောင်းပန်ချင်လို့ ပါ စောနကစိတ်အနှောင့်အယှက်ပေးမိသလိုဖြစ်သွားခဲ့ရင် တောင်းပန်ပါတယ်ရှင် သူတို့ က ဒီအပင်ကို မှီခိုနေကြတဲ့ နာနာဘာဝတွေပါ မောင်ကြီးကို နှောင့်ယှက်လိုတာထက် အစားအသောက်အတွက်နဲ့ ဖြစ်သွားခဲ့တာပါ "

" ဒါဆိုလည်း ကိုယ့်ဘာသာ ဖမ်းကြလေဗျာ ကျုပ်ဆီက အချောင်လာနှိုက်တာတော့ လက်မခံနိုင်ပေါင် ကျုပ်ကိုတော့ အဲ့လိုလာမစမ်းနဲ့ အပင်ပါ မီးတိုက်လိုက်လို့  နေစရာပါပျောက်သွားမယ် "
" ဟုတ်ကဲ့ပါ အနူးအညွတ်တောင်းပန်ပါတယ် မောင်ကြီးကို အလျော်ပေးတဲ့ အနေနဲ့ ကျွန်မတို့  ဗိမ္မာန်ထဲ အလည်လိုက်ဖို့  ခေါ်ချင်ပါတယ် စားဖွယ်သောက်ဖွယ်များဖြင့် ဧည့်ခံပါရစေ "

တင်သိန်းကလည်း ခေသူမဟုတ်ချေ ။ စားရသောက်ရမယ်ဆိုတော့ ဗိုက်ကတကြုတ်ကြုတ်မြည်လာသည် ။ ဒါနဲ့
" ကျုပ်အတွက် အန္တရာယ်မဖြစ်ဘူးဆိုရင်တော့ လိုက်လည်ချင်ပါတယ် ကတိပေးနိုင်မလား "

ဟုတ်ကဲ့ပါရှင် မဖြစ်စေရပါဘူး ။ကျွန်မတို့  အနှောင့်အယှက်ပြုမိသလိုဖြစ်သွားတဲ့အတွက် ပြန်ပြီး အလျော်ပေးတဲ့သဘောနဲ့ ဧည့်ဝတ်ကျေချင်လို့ ပါ "

ကောင်းပြီလေ ဒါဆိုလည်း သွားကြတာပေါ့ဆိုပြီး မိန်းခလေးက ခေါင်းမှ ပန်းတစ်ပွင့်ကိုဖြုတ်ပြီး တင်သိန်းကို အယူခိုင်းလေသည် ။ တင်သိန်းလည်း ပန်းပွင့်ကို ကိုင်လိုက်မိတဲ့အချိန် ခန္ဓာကိုယ်တစ်ခုလုံး အေးခနဲ ဖြစ်သွားသည် ။

ကုက္ကိုပင်ကြီး၏ အတွင်းထဲ မည်သို့ ရောက်သွားသည် မသိချေ ။ အထဲရောက်တော့ ဟိုဟိုဒီဒီ စပ်စုမိသည် အတော်အတန်ကျယ်ဝန်းသည် ။ မိန်းမလှလေးတွေ နောက်ထပ် အများကြီးလည်းထပ်တွေ့ရသည် ။ အလယ်မှာ စားပွဲတစ်လုံးဖြင့် အသီးအနှံတွေလည်း များစွာတင်ထားသည် တင်သိန်းသိလိုက်သည်မှာ ညီအစ်မ သုံးယောက်ဖြစ်မည် ။ ကျန်တာ အခြွေအရံတွေဖြစ်မည် ။ ပန်းတွေ ဝေဆာနေအောင်ပန်ထားသော အစ်မအကြီးဆုံးက သူ့ အတွက် ရွှေငှက်ပျောသီး တစ်ဖီး ယူလာပေးပြီး လောကွတ်စကားပြောရင်းကျွေးတော့ ဗိုက်ဆာနေသည်မို့  တစ်လုံးယူစားမိသည် ။ နောက်ထပ် ထပ်စားချင်စိတ်မဖြစ်အောင်ပင် ဗိုက်ထဲပြည့်အင်သွားတော့သည် ။

နောက်တော့ တင်သိန်း အိပ်ချင်နေပြီ ။ လူကလည်း ထွေနေသည်မို့  မျက်စိကို ပြူးကြည့်ရင်း တွေးမိသည် ဒီမှာအိပ်လို့ တော့မဖြစ်ပေ ။ တစ်ခုခုဖြစ်သွားနိုင်သည်ဆိုပြီး လိုက်ပို့ ဖို့ ပြောလေသည် ။ ကောင်းပါပြီရှင် ဆိုတဲ့ အသံနဲ့အတူ တင်သိန်း မျက်စိထဲ လျှပ်စီးလက်သလိုဖြစ်ပြီး မျက်စိကို စုံမှိတ်လိုက်သည် ။ မျက်စိဖွင့်လိုက်သည့် အခါမတော့ ကုက္ကိုပင်ကြီးဘေးတွင် ရပ်လျက်သား ဖြစ်နေသည် ။ မိမိဝင်သွားတုန်းက မိုးချုပ်ဘက် လူခြေတိတ်ချိန် ယခုကျတော့ နေလုံးပင် ခေါင်းပေါ်ရောက်နေသည်ကို သတိထားမိသည် ။

အများကြီး မတွေးအားပေ ။တင်သိန်းမျက်စိတွေ ကျိန်းနေလေသည် ။ မအိပ်ရသည်ကား တစ်ညမျှဆိုသော်လည်းလခါတိုင်းနှင့်မတူ ယခုက တော်တော်ကို အိပ်ချင်နေလေသည် ။ သို့ ပေမဲ့ အိမ်ရောက်အောင်ပြန်မယ်ဆိုပြီး ဒယီးဒယိုင်ဖြင့် ရွာထဲလမ်းသို့  ခြေဦးတည့်လိုက်တော့သည် ။

MSC-181
Author @gunapeya

Sort:  

ကောင်းတယ်အရှင်ဘုရားဆက်ဖတ်ရန်မျှော်နေပါသည်

ဟုတ်ကဲ့ပါ မိမိုးဝေရေ ဆက်ရေးပါဦးမယ်

Well done @gunapeya! You successfully guessed the match result.

Semi Finals - France vs Belgium
Click on the badge to view your Board of Honor.
Do you want to know your current ranking? Read this post

Do not miss the last post from @steemitboard:
SteemitBoard World Cup Contest - Croatia vs England

thank your vonnent

တော်သေးတာပေါ့ ဘုရား ဘာမှ မလုပ်လိုက်ကျလို့

ခင်လို့  ခေါ်လည်တယ် ထင်တာပဲ မတ်စုရေ

သဘာဝလွန်​ ဖြစ်​ရပ်​​တွေ အာ့မျိုး​တွေဖတ်​ရတာ ရင်​တထိတ်​ထိတ်​နဲ့ဘုရား

တာတေရဲ့ မဖဲဝါထက် နာမည်ကြီးတော့မယ် ထင်ပါ့

ဂလိုကိုး.....
ကိုတင်သိန်း ငှက်ပျောသီးစားပြီးအိပ်သွားတာပ

အာဟာရသိဒ္ဓိလည်း ပြီးသွားတယ်

ဂွတ်​တယ်​ goodတယ်

ဖြစ်ရပ်မှန်တွေ ဦးလေးတွေအကြောင်း ရေးတာ b pyae ရေ

ကြိုက်တဲ့ဇာတ်လမ်းတွေနဲ့လာတိုးနေတယ်.မရတော့ဘူး ဆက်ဖတ်ချင်နေပီ

Coin Marketplace

STEEM 0.36
TRX 0.12
JST 0.039
BTC 69965.85
ETH 3540.49
USDT 1.00
SBD 4.71